Monday, March 28, 2016

Volta a Catalunya ပွဲပြီးစီး ကင်တားနား GC ပထမ ရရှိ...။

Volta a Catalunya ပွဲပြီးစီး ကင်တားနား GC ပထမ ရရှိ...။
...
စပိန်နိုင်ငံ ဘာစီလိုးနားဒေသမှာ သီတင်းတပတ်ကြာ ကျင်းပနေတဲ့ Volta a Catalunya ပွဲ ၇ ရက်မြောက်နေ့ သို့မဟုတ် နောက်ဆုံးနေ့ (Barcelona (Montjuïc) - Barcelona (Montjuïc) 136.4 km မှာ Aleksei Tsatevich (Rus) Team Katusha က 3:13:33 နာရီနဲ့ ပထမ ရသွားပါတယ်။


Primoz Roglic (Slo) Team LottoNl-Jumbo က နှာတဖျားနောက်ကျပြီး ဒုတိယ ဖြစ်သွားပါတယ်။ အဲဒီနောက်မှာတော့ အုပ်စုထဲကနေ ပန်ဝင်လာသူ Jarlinson Pantano (Col) IAM Cycling က 0:00:14 စက္ကန့်နောက်ကျနဲ့ တတိယရပါတယ်။
ပ-ဒု ရမဲ့သူတွေအပါဝင် ရှေ့မှာပန်းဝင်သူအားလုံးဟာ Breakaway အုပ်စုထဲ ကဖြစ်ပါတယ်။ ဒီပွဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံးအချိန်ကတော့ ပန်းဝင်ဖို့ ကီလို ၃၀ ခန့်အလို (ဘာစီလိုနားမြို့ကို ၁၀ ပတ်လောက် ပတ်စိးရတာဖြစ်) မှာ Fabio Aru (2015 Vuelta a España winner) ထွက်ပြေးတဲ့အချိန်ပါပဲ။
ကင်တားနားအပါဝင် Peloton တလုံးကိုချန်ထားပြီး တမီနစ်လောက်ပြတ်တဲ့ အထိ တကိုယ်တော်ထွက်ပြေးနိုင်တာကြောင့် ပန်းဝင်တဲ့အထိလွတ်သွား မလား။ GC ၁-၁၀ ထဲမှာ သူ့အမည်မပါပေမဲ့ ဒီလိုပြေးရင်း တမီနစ်ကျော် သာဖြတ်နိုင်ရင်သူဟာ ပထမ ဖြစ်သွားနိုင်ပါတယ်။

ဒါပေမဲ့ ထင်သလိုဖြစ်မလာခဲ့ပါဘူး။ ပြန်ဖမ်းမိသွားပါတယ်။ နောက်တပွဲကျမှ မကျေပွဲ ဆက်နွဲရမဲ့ပုံပါပဲ။
၇ ရက်တာပွဲအပြီး ၁-၁၀ ရသွားသူတွေကတော့...
Final general classification after stage 7
# Rider Name (Country) Team Result
1 Nairo Quintana (Col) Movistar Team 30:50:19 
2 Alberto Contador (Spa) Tinkoff Team 0:00:07 
3 Daniel Martin (Irl) Etixx - Quick-Step 0:00:17 
4 Richie Porte (Aus) BMC Racing Team 
5 Tejay Van Garderen (USA) BMC Racing Team 0:00:27 
6 Romain Bardet (Fra) AG2R La Mondiale 0:00:31 
7 Ilnur Zakarin (Rus) Team Katusha 0:00:42 
8 Christopher Froome (GBr) Team Sky 0:00:46 
9 Hugh Carthy (GBr) Caja Rural-Seguros RGA 0:01:01 
10 Rigoberto Uran (Col) Cannondale Pro Cycling 0:01:16 တို့ဖြစ်ပါတယ်။
........

Volta a Catalunya ပွဲ ၆ ရက်မြောက်နေ့ Cimolai အနိုင်ရ။
...
GC အတွက်တော့ Nairo Quintana က ဆက်ထိမ်းထားဆဲ...။
...
စပိန်နိုင်ငံ ဘာစီလိုးနားဒေသမှာ သီတင်းတပတ်ကြာ ကျင်းပနေတဲ့ Volta a Catalunya ပွဲ ၆ ရက်မြောက်နေ့ (Sant Joan Despí ကနေ Vilanova i la Geltrú အထိ) 197.2 km ပြိုင် ပွဲမှာ Davide Cimolai (Ita) Lampre - Merida က 4:35:13 နာရီနဲ့ ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Nikias Arndt (Ger) Team Giant-Alpecin နဲ့ Tosh Van Der Sande (Bel) Lotto Soudal တို့က နှာတဖျားစီနောက်ကျပြီး ဒု-တ ရပါ တယ်။
သူတို့ ၃ ဦးအလိုရသွားပေမဲ့ တကယ်တော့ ပန်းဝင်ဖို့ မီတာ ၁၀၀ အလိုအထိ ရှေ့ပြေးအဖွဲ့ ၄ ဦးထဲက တဦးဦးရလိမ့်မယ်၊ အထူးသဖြင့် Peloton က မိခါနီး အချိန်မှာ တကိုယ်တော်ထွက်ပြေးလာတဲ့ ရှေ့ပြေးအဖွဲ့မှ Cameron Meyer (Aus) Dimension Data ပထမ ရသွားလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။
ဒါပေမဲ့ ပန်းဝင်စည်းနဲ့ မီ ၈၀ လောက်အလိုကျမှ နောက်ကလိုက်လာတဲ့ အုပ်စု က သူကိုမိသွားပါတယ်။ သူလည်းအတော်စိတ်ပျက်သွားပုံရပြီး ဆက်တောင် မနင်းတော့ပဲ ဘီးလှိမ့်ရုံလေးနဲ့ပဲ ၀င်လာခဲ့ပါတယ်။
စိတ်ပျက်မယ်ဆိုလည်း ပျက်စရာပါပဲ။ သူအပါဝင် နောက်ဆုံး ၄ ဦးဟာ အရင် ၁၁ ဦးအုပ်စုထဲကဖြစ်ပြီး ပန်းဝင်ဖို့ ကီလို ၆၀ အလိုမှာ ၅ မီနစ်ကျော်အထိ Peloton ကိုဖြတ်ထားနိုင်ခဲ့တာပါ။


သူတို့ ၁၁ ဦးဟန်ချက်ညီညီနဲ့အပြန်အလှန်စီးနေတာကြောင့် ပန်းဝင်ဖို့ ၅ ကီလို ခန့်အလိုအထိ တမီနစ်ခွဲကျော် Gap က ရှိနေဆဲပါ။ ဒါပေမဲ့ Trek-Segafredo, Lampre-Merida နဲ့ Tinkoff ၃ သင်းစလုံးက သူတို့လူတွေကိုရှေ့တင်ပြီး အ သားကုန်မောင်းတဲ့အတွက် ၃ ကိလိုအလိုမှာ Gap က စက္ကန့် ၄၅ လောက်ပဲ ကျန်ပါတယ်။
ရှေ့အဖွဲ့ကလည်း အရှိန်တင်ပြေးတဲ့အတွက် တချို့ပြုတ်ကျကျန်ခဲ့ပြီး ၄ ဦးပဲရှိပါ တော့တယ်။ ဒီ ၄ ဦးရဲံပြေးနှုန်းကအတော်မြန်တဲ့အတွက် နောက်ဆုံးကီလို မီတာရောက်တဲ့အထိ Peloton က မမိသေးပါ။ လမ်းအကွေအကောက်လည်း ရှိတဲ့အတွက် မိဖို့မလွယ်တော့ဘူးလို့ထင်မိတာပါ။ 
ဒါပေမဲ့ Peloton ဟာ အရှိန်ကိုလုံးဝမလျော့ပဲ အသားကုန်တင်လာတာကြောင့် ပန်းဝင်ဖို့ မီတာ ၅၀၀ လောက်အလိုမှာ ရှေ့ပြေး ၄ ဦးထဲက ၂ ဦးကိုမိသွားပါ တယ်။ အဲဒီအချိန်မှာ လွတ်နေဆဲ ၂ ဦးထဲက Meyer အသားကုန်ထွက်ပြေးပေ မဲ့ ပန်းဝင်ဖို့ မီတာ ၈၀ အလိုမှာ ဖမ်းမိသွားပါတယ်။
...
ဒါက ဒီနေ့အတွက် ပ-ဒု-တ ကိစ္စပါ။ ဒါပေမဲ့ အများစိတ်ဝင်စားနေတာက GC အပြောင်းအလဲ ဘယ်လိုရှိသလဲ။ မနက်ဖြန် နောက်ဆုံးနေ့မှာကော အပြောင်း အလဲဖြစ်နိုင်သေးသလား ဆိုတဲ့မေးခွန်းတွေပါ။
GC ဆရကြီးတွေအားလုံး Peloton ထဲမှာပါပြီး တပြိုင်တည်းပန်းဝင်လာတာ ကြောင့် မနေ့ကအတိုင်း အပြောင်းအလဲမရှိခဲ့ပါဘူး။ ဒါပေမဲ့ နံပတ် ၄ နေရာက နေ စက္ကန့် ၂၀ ကျော်နောက်ကျနဲ့လိုက်နေသူ Daniel Martin (Etixx-Quickstep) ဟာ လမ်းတ၀က်အမှတ်ပေး Sprint တွေမှာ ပထမ ရပြီး မနေ့က ၃ စက္ကန့်၊ ဒီနေ့ ၃ စက္ကန့်နဲ့ ၆ စက္ကန့်တိုးရတာကြောင့် ပထမ ကိုမီဖို့ ၁၈ စက္ကန့်ပဲ လိုပါတော့တယ်။
မနက်ဖြန် နောက်ဆုံးနေ့ Barcelona (Montjuïc) - Barcelona (Montjuïc) 136.4 km ပွဲဟာ ကုန်းဆင်းတွေ၊ လမ်းကျဉ်းတွေ၊ လမ်းခွဲတွေအလွန်များတာ ကြောင့် တချက်မှားရင် ကျန်သွားနိုင်တယ်လို့ အဖြူရောင်အကျီပိုင်ရှင် ကင် တားနားကပြောပါတယ်။
အထူးသဖြင့် ဒုတိယနေရာကနေ ၇ စက္ကန့်အကွာနဲ့ ကပ်လိုက်နေတဲ့ ကွန်ဒါ တာဟာ အီတလီသားဖြစ်တာကြောင့် ဒီလမ်းကို ကိုလံဘီယာသား ကင်တား နားထက် ပိုကျွမ်းပါတယ်။ ဒါကြောင့် မနက်ဖြန်ပွဲမှာ အမှားခံလို့မရဘူး။ ဒါပေမဲ့ သူ့မှာအသင်းဖေါ်တွေကောင်းကောင်းရှိပါတယ်လို့ ကင်တားနားကဆိုပါတယ်။
အဓိပါယ်ကတော့ သာမန်ပွဲတွေလို နောက်ဆုံးနေ့ဟာ အလှစီးရုံသက်သက် မဟုတ်ပဲ စက္ကန့်မလတ်ပြိုင်ရမဲ့ပွဲ၊ အထူးသဖြင့် ပ-ဒု-တ ထဲဝင်ရင် အပိုဆု ၁၀ စက္ကန့်အထိရနိုင်တာကြောင့် GC ဆရာတွေ မနက်ဖြန်မှာ အကြိတ်အနယ် ဆက်ပြိုင်ကြရဦးမှာဖြစ်ပါတယ်။ ။
...
တဆက်တည်းတင်ပြချင်တာက မနက်ဖြန်မှာ ဒီစပိန်ပွဲနဲ့အတူ ဘလဂျီယံမှာ လည်း Spring Classcis တပွဲရှိနေပါတယ်။ Gent-Wevelgem ပွဲကို ဟိုနေ့ က E3 Harelbeke ဆီဝင်ပြိုင်ခဲ့ကြတဲ့ ပီတာဆာဂန်နဲ့ တာတိုဘုရင်တွေ၊ Classcis ဆရာကြီးတွေအပါဝင် စက်ဘီးသမား ၁၀၀ ကျော် ၀င်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ။
.......

Volta a Catalunya ပွဲ ၅ ရက်မြောက်နေ့ Wouter Poels အနိုင်ရ။
...
GC အတွက်တော့ Nairo Quintana က ဆက်ထိမ်းထားဆဲ...။

...
စပိန်နိုင်ငံ ဘာစီလိုးနားဒေသမှာ သီတင်းတပတ်ကြာ ကျင်းပနေတဲ့ Volta a Catalunya ပွဲ ၅ ရက်မြောက်နေ့ (Rialp ကနေ Valls အထိ) 187.2 km ပြိုင် ပွဲမှာ Wouter Poels (Ned) Team Sky က 3:59:03 နာရီနဲ့ ပထမ ရသွား ပါတယ်။
သူ့နောက်မှာတော့ Dario Cataldo (Ita) Astana Pro Team နဲ့ Gaetan Bille (Bel) Wanty - Groupe Gobert တို့က 0:00:11 စက္ကန့်နောက်ကျပြီး ဒု-တ ရပါတယ်။
Team Sky ဟာ စပိန်ပွဲရော၊ ဘလဂျီယံပွဲမှာပါ ဒီနေ့ ၂ ပွဲစလုံး ပထမ ရတဲ့ အတွက် ၀မ်းသာနေမှာပါ။
...
တစက္ကန့်အသာရဖို့အတွက် ကီလို ၂၀၀ နီးပါး စီးကြသူများ...
...
အားလုံးသိတဲ့အတိုင်း နေ့စဉ်ပွဲမှာအနိုင်ရဖို့ထက် ၇ ရက်ပေါင်းအနိုင်ရဖို့ အရေး က ပိုအရေးကြီးပါတယ်။ ဒီအတွက် GC ဆရာကြီးတွေ ဒီနေ့လည်း အကြီး အကျယ်ပြိုင်ကြပါ တယ်။
အကြီးအကျယ်ပြိုင်တဲ့ဆိုတာ တယောက်ခြေ တယောက်မလွတ်တန်းကြည့်နေတဲ့ အတွက် ဘယ်သူမှ ထွက်ပြေးမလွတ်ခဲ့ပါဘူး။ အထူးသဖြင့် ၈ စက္ကန့်အကွာနဲ့ ပ-ဒု ဖြစ်နေတဲ့ ကင်တား နားနဲ့ ကွန်ဒါတာကြားမှာပေါ့။ ဒါပေမဲ့ တာထွက်ပြီးသိပ်မကြာခင်ကြုံရတဲ့ Sprint အမှတ်ပေးမျဉ်းတခုမှာ Dan Martin (Etixx-Quick Step) က ပထရပြီး Contador က တတိ ယ ရလိုက်ပါတယ်။ ကင်တားနားက ပ အုပ်ထဲ ပါမသွားပါဘူး။
ဒါကြောင့် မာတင်က ၃ စက္ကန့်အပိုဆုရပြီး ကွဒါတာက ၁ စက္ကန့်အပိုဆုရပါတယ်။ ဒီဆုကလွဲ ပြီး လမ်းတလျောက်လုံး တယောက်ကိုတယောက်ပြတ်အောင်မစီးနိုင်တဲ့အတွက် GC ပ နဲ့ ဒု အကြား ၁ စက္ကန့်ပိုနီးလာတယ်။ မနေ့က ၈ စက္ကန့်အကွာကနေ ဒီနေ့ ၇ စက္ကန့်အကွာအထိ နီး လာတယ်။ တနည်းအားဖြင့် တစက္ကန့်အသာရဖို့အတွက် ကီလို ၁၇၀ ကျော် စီးလိုက်ရတယ် ဆိုပါတော့။

၅ ရက်တာပွဲအပြီး ၁-၁၀ GC စာရင်းကတော့..
General classification after stage 5
# Rider Name (Country) Team Result
1 Nairo Quintana (Col) Movistar Team 23:01:19 
2 Alberto Contador (Spa) Tinkoff Team 0:00:07 
3 Richie Porte (Aus) BMC Racing Team 0:00:17 
4 Daniel Martin (Irl) Etixx - Quick-Step 0:00:21 
5 Tejay Van Garderen (USA) BMC Racing Team 0:00:27 
6 Romain Bardet (Fra) AG2R La Mondiale 0:00:32 
7 Ilnur Zakarin (Rus) Team Katusha 0:00:42 
8 Christopher Froome (GBr) Team Sky 0:00:46 
9 Hugh Carthy (GBr) Caja Rural-Seguros RGA 0:01:01 
10 Rigoberto Uran (Col) Cannondale Pro Cycling 0:01:16 တို့ဖြစ်ပါတယ်။
GC နဲ့ပတ်သက်ပြီး နောက်ထပ်ထူးခြားသတင်းတပုဒ်ကတော့ ပါရီ-နိုက်စ်နဲ့ ပေါ်တူဂီပွဲတွေ မှာ အ၀ါရောင်အကျီရထားသူ Geraint Thomas (Team Sky) ဟာ ဒီနေ့ပွဲကနေ ထွက်လိုက်ပါ တယ်။ လောလောဆယ် သိပ် Fit မဖြစ်တဲ့ သူဒီလိုနားလိုက်တာဟာ ရှေ့သတင်းပတ်စီးရမဲ့ Tour of Flanders အတွက် ပြင်ဆင်ခြင်းဖြစ်တယ်လို့သိရပါတယ်။
မနက်ဖြန်မှာတော့ ၆ ရက်မြောက်နေ့အဖြစ် Sant Joan Despí ကနေ Vilanova i la Geltrú အထိ 197.2 km ကို ဆက်လက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ကင်တားနားပဲ ဆက်ထိမ်းထားနိုင် မလား၊ ကွန်ဒါတာနဲ့ ပိုတီတို့ကပဲ ပြန်လုယူသွားမလား။ ။
.......

....

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More