Sunday, March 20, 2016

Strade Bianche 2016 ပွဲ Cancellara အနိုင်ရ။

Strade Bianche 2016 ပွဲ Cancellara အနိုင်ရ။
...
အီတလီနိုင်ငံမှာ ဒီနေ့ကျင်းပတဲ့ Spring Classcis နွေဦး အထူးပွဲ Strade Bianche ၁၇၆ ကီလိုပြိုင်ပွဲမှာ ဆွင်ဇလန်မှ Classcis ဆရာကြီး (မနှစ်က တိုးဒီဖရင့်မှာ အ၀ါရောင်အကျီရထားစဉ် မဟာလဲပြိုမှုအတွင်းပါတဲ့အတွက် ဒဏ်ရာကြောင့် ပွဲကနေ ထွက်လိုက်ရသူ) Fabian Cancellara (Swi) Trek-Segafredo က 4:39:35 နာရီနဲ့ ပထမ ရသွားပါတယ်။

မနှစ်က ချန်ပီယံဖြစ်ခဲ့သူ Zdenek Stybar (Cze) Etixx - Quick-Step က နှာ တဖျားနောက်ကျပြီး ဒုတိယ ဖြစ်သွားပါတယ်။ သူ့ရဲ့အသင်းဖေါ် ရှေ့ကနေ ဦး ဆောင်ပြေးပေးခဲ့သူ Gianluca Brambilla (Ita) Etixx - Quick-Step က 0:00:04 စက္ကန့်နောက်ကျပြီး တတိယ ဖြစ်သွားပါတယ်။
စာရေးသူရဲ့ စိတ်ကြိုက်မင်းသားကြီး Peter Sagan (Svk) Tinkoff Team ကတော့ နောက်ဆုံးကုန်းအတက်မှာ ပြတ်ကျန်ခဲ့ပြီး 0:00:13 စက္ကန့် နောက် ကျနဲ့ နံပတ် ၄ ဖြစ်သွားပါတယ်။
သူ့နောက်မှာတော့ ဒုတိယ အုပ်စုထဲက ...
5 Petr Vakoc (Cze) Etixx - Quick-Step 0:00:34 
6 Greg Van Avermaet (Bel) BMC Racing Team 0:00:37 
7 Diego Ulissi (Ita) Lampre - Merida 0:00:41 
8 Tiesj Benoot (Bel) Lotto Soudal 
9 Lars Petter Nordhaug (Nor) Team Sky တို့ အုပ်စုလိုက် ပန်းဝင်လာ ကြပါတယ်။
....
(LIVE ပြနေစဉ် ရေးသားခဲ့သော သတင်း...)
....
အီတလီမှာကျင်းပနေတဲ့ Strade Bianche 2016 ကို Euro sport ကနေ Live ပြနေပါပြီ။
...
အခုချိန်ထိ ရထားသမျှ (အရင်တင်ထားသမျှ) သတင်းတွေကို စုစည်းတင်ပြ ပေးလိုက်ပါတယ်...

...
အမျိုးသမီးပွဲ ပန်းဝင်သွားပါပြီ။ လက်ရှိ ကမ္ဘာ့ချန်ပီယံ Lizzie Armitstead ကပဲ ဆက်လက်အနိုင်ရရှိသွားပါတယ်။ Emma Johanssen (WIggle High 5) နဲ့ Katarzyna Niewiadoma (Rabo Liv) တို့ ဒုတိယနဲ့ တတိယ ရပါတယ်။ Armitstead ဟာ ပြိးခဲ့တဲ့သီတင်းပတ် စနေကကျင်းပတဲ့ ဘလဂျီယံပွဲမှာလည်း ပထမ ရတဲ့အတွက် အမှတ်အများဆုံး အမျိုးသမီးချန်ပီယံ ဖြစ်သွားခဲ့ပါပြီ။
...
ပြိုင်ပွဲဟာ ကီလို ၄၀ ကျော်အထိခရီးရောက်လာပါပြီ။ ၈ ဦးပါ Breakaway အဖွဲ့ တခုက ၆ မိနစ်အထိ Peloton ကိုဖြတ်ထားပြီး ရှေ့မှာပြေးနေပါတယ်။ အမျိုးသားပွဲမတိုင်မီ ကျင်းပနေတဲ့ အမျိုးသမီးပွဲကတော့ ပန်းဝင်ဖို့ ကီလို ၃၀ ကျော်သာ လိုပါတော့တယ်။ ...
...
မိုးရွာလာပါပြီ။ ပွဲကလည်း ခရီးတ၀က်ကျိုးပြီး ဆီဖြည့်ချိန် (အစာဖြည့်ချိန်) ရောက်လာပါပြီ။ ဆီဖြည့်ပြီးတာနဲ့ အဆုံးအဖြတ်ပေးမဲ့ တောင်ကုန်းတွေကို တက်ရပါတော့မယ်။ ပန်းဝင်ဖို့ ကီလို ၇၆ အလိုမှာ Breakaway အဖွဲ့တခုလုံး ကို Peloton က ဖမ်းမိသွားပြီဖြစ်ပါတယ်။... ဒီမတိုင်ခင်လေးမှာ လဲပြိုမှုတခုဖြစ် ခဲ့ပြီး CCC Sprandi Polkowice team အသင်းမှ Maciej Paterski ကို ဆေးရုံတင်လိုက်ရပါတယ်...။ လောလောဆယ်တော့ ဆွင်ဇလန်က ကလာ့ဇစ် ဆရာကြီး ကာစီးလာလာ အခြေနေကောင်းနေပါတယ်...။ TV ကလဲ စတင်ပြသနေပါပြီ...။
...

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More