Tuesday, March 29, 2016

မတ်လ ၂၉ မှတ်စုများ...။

.......

The Ladies News Journal
9 hrs
နိုင်သက်လွင်အား ပါတီကိုအသိမပေးဘဲ တိုင်းရင်းသားရေးရာ ၀န်ကြီး ခန့်အပ်သည့်အပေါ် မွန်အမျိုးသားပါတီမှ ကြေညာချက်ထုတ်ပြန်မည်
------ ------- -------

ွန်အမျိုးသားပါတီမှ နိုင်သက်လွင်အား အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တိုင်းရင်းသားရေးရာ ၀န်ကြီးအဖြစ် ခန့်အပ်ခဲ့မှုအပေါ် မွန်အမျိုးသားပါတီမှ ကြေညာချက် ထုတ်ပြန်ရန် ရှိနေကြောင်း သိရသည်။ အဆိုပါ ထုတ်ပြန်ချက်ကို လာမည့် ဧပြီလ ၂ ရက်နေ့တွင် ပြုလုပ်မည့် မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းဝေးအပြီးတွင် ထုတ်ပြန်မည်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် ပါတီဝင် တစ်ဦးတစ်ယောက်ကို တာဝန်ပေး ရွေးချယ်သည့်အခါတွင် ပါတီကို ဦးစွာ ကမ်းလှမ်းဆွေးနွေး သင့်သော်လည်း ပျက်ကွက်ခဲ့သည့်အပေါ် မွန်အမျိုးသားပါတီအနေဖြင့် ကသိကအောက် ဖြစ်ရုံကလွဲ၍ နိုင်သက်လွင်ကိစ္စကို ကန့်ကွက်စရာ အကြောင်းမရှိကြောင်း အထွေထွေအတွင်းရေးမှူး နိုင်လယိတမ က The Ladies သို့ပြောသည်။
ပြည်ထောင်စုအစိုးရ တစ်ဖွဲ့လုံးအပေါ်မှာ ကျွန်တော်တို့သဘောထား ထုတ်ပြန်ရမှာပါ နိုင်သက်လွင် အတွက်လို့တော့ မဟုတ်ပါဘူး၊ နိုင်သက်လွင်ကို ပါတီက ထုတ်ပယ်ဖို့မရှိဘူး” ဟုလည်း နိုင်လယိတမက ပြောသည်။
မွန်အမျိုးသား ပါတီအနေဖြင့် ရွေးကောက်ပွဲ အကြိုကာလတွင် လွှတ်တော်အတွင်း ရောက်ပါက အတိုက်အခံပါတီ အဖြစ်သာ ရပ်တည်မည်ဟု ကြေညာထားခဲ့ပါသည်။ ယခုကဲ့သို့ မွန်အမျိုးသားပါတီအတွက် ဘဏ္ဍာရေးကဏ္ဍတွင် အရေးပါသည့် နိုင်သစ်လွင်အား အစိုးရအဖွဲ့ဝန်ကြီး အဖြစ် ခန့်အပ်ခဲ့မှုမှာ ပါတီစည်းမျဉ်းအရ ကြည့်ပါက နုတ်ထွက်ခိုင်းသည်အထိ လုပ်နိုင်သော်လည်း ယင်းသို့ ပြုလုပ်ရန် ခက်ခဲဖွယ်ရှိနေသဖြင့် ထုတ်ပြန်ချက် ထုတ်ရန် စီစဉ်နေခြင်း ဖြစ်သည်ဟု မွန်နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်သည်။
“အခုအနေထားက မွန်အမျိုးသားပါတီအတွက် ခက်ခဲနေတယ်။ ပါတီမှာ အစိုးရအဖွဲ့နဲ့ ပတ်သက်လို့ တာဝန်ယူခဲ့ရင်ဆိုပြီး မူဝါဒက ချထားတာ မရှိဘူး။ တစ်ဖက်မှာလည်း ရွေးကောက်ပွဲတုန်းက အတိုက်အခံ လုပ်မယ်ဆိုပြီး ကြေညာထားသေးတယ်။ အဲဒီတော့ အစည်းဝေးထိုင်ပြီး အကုန်လုံးကို ခြုံငုံပြီး ထုတ်ပြန်ချက် ထုတ်မယ်ထင်တယ်’ ဟု သံလွင်တိုင်မ်း ဂျာနယ်မှ အယ်ဒီတာချုပ် ကိုမင်းလတ်က သုံးသပ်သည်။
ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီ အနေဖြင့် ၄င်း၏ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် တခြားနိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များအား ကမ်းလှမ်းမှုများ ရှိခဲ့ပြီး ပါတီအလိုက် ကမ်းလှမ်းခြင်း မဟုတ်သည့်အတွက် ရခိုင်အမျိုးသားပါတီ ၊ ပြည်ခိုင်ဖြိုး အစရှိသော ပါတီများတွင် ပါတီတာဝန်ရှိသူ အချင်းချင်း ရာထူးလက်ခံသူနှင့် လက်မခံသူများအကြား ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ရခိုင်အမျိုးသားပါတီဆိုလျှင် ဗဟိုအလုပ်အမှုဆောင် ၆ ဦးကို ထုတ်ပယ်ခဲ့သည်။
မွန်အမျိုးသားပါတီအနေဖြင့် ကြေညာချက် ထုတ်ပြန်ရန် ရှိနေသော်လည်း အန်အယ်လ်ဒီအစိုးရကိုမူ အတိုက်အခံ လုပ်မည် မဟုတ်ဘဲ သမ္မတ ဦးထင်ကျော် အစိုးရကိုလည်း ကြိုဆိုကြောင်း ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်လယိတမက ပြောသည်။
ဇော်မင်းထွန်း
The Ladies News
.......
......
စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအစိုးရ ဟုတ်ရဲ့လား
ဆောင်းပါးရှင် - စိုင်းထွန်းအောင်လွင် Sai Lwin
မတ်လ ၂၉ ရက် ၂၀၁၆
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေဦးဆောင်မဲ့ အစိုးရအဖွဲ့ စာရင်းတွေအခုဆိုရင် အကုန်လုံး ထွက်ပြီးလို့ တိုင်းနဲ့ ပြည်နယ်တွေရဲ့ ၀န်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်မဲ့ သူတွေပါ အတည်ပြုလို့ ပြီးကုန်ပါပြီ။


နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်းပထမဆုံးအရပ်သားအစိုးရ တရပ်ပေါ်ပေါက် လာတော့မှာ ဖြစ်တဲ့ အတွက် လူထုအနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားနေကြတာလည်းတွေ့ရပါတယ်။ ]
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အစိုးရအဖွဲ့ဟာအမျိုး သား ပြန်လည် သင့်မြတ်ရေးကို ဦးတည်တဲ့ အစိုးရဖြစ်မယ်လို့ ရွေးကောက် ပွဲပြီးစ ကာလကတည်းက ကတိပေးထားခဲ့သလို အခုဆိုရင်တော့ ရုတ်တရက်ကြည့်ရင် အရောင် အသွေး စုံလင် တယ်လို့ ယူဆစရာရှိတဲ့ အစိုးရအဖွဲ့ တရပ် လွှတ်တော်အဖွဲ့အစည်းတရပ် ပေါ်ပေါက်လာခဲ့ပါပြီ။
သို့သော်ငြားလည်းလက်ရှိအချိန်အထိအခုဖွဲ့စည်းလိုက်တဲ့အစိုးရအဖွဲ့ဟာ တကယ်လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုဦးတည်စေမဲ့ အစိုးရအဖွဲ့ဟုတ်ရဲ့လားဆိုတာ သံသယ ရှိစရာကောင်း နေဆဲ ပါပဲ။
တကယ်ပဲအမျိုးသားပြန်လည်သင့်မြတ်ရေးကိုဦးတည်တယ်ဆိုရင်အင်အားစုပေါင်းစုံပါဝင်နိုင်မှာဖြစ်တဲ့အတွက် အခုလောက်ဆိုရင်ပွတ်တိုက်မှုကင်းကင်းနဲ့ ခရီးတစ်ခုကိုအတူတကွ သွားကြဖို့အသင့်ဖြစ်နေ ရမှာပါ။
အခုရက်ပိုင်းမှာဖြစ်နေတဲ့ သတင်းတွေဖြစ်တဲ့ ၈၈ မျိုးဆက် တွေက NLD အစိုးရက ကော်မရှင် ဥက္ကဌရာထူးတွေပေးဖို့ ကမ်းလှမ်းတာကိုလက်မခံတာ၊ သမ္မတဦးသိန်းစိန်အစိုးရ အဖွဲ့ ၀န်ကြီး တချို့ ကိုNLD ကကမ်း လှမ်း ခဲ့ပေ မဲ့လက်မခံတာ ၊ NLDရဲ့ သက်တမ်းရှည် မဟာမိတ်ဖြစ်တဲ့ SNLD သျှမ်းတိုင်း ရင်းသားပါတီက NLDအစိုးရမှာ ဘာရာထူးမှ မယူတော့တာ ကစလို့ သျှမ်းပြည်နယ်ဝန်ကြီးချုပ် သျှမ်းပါတီ ကိုပေးဖို့ တောင်း ဆိုမှုအချို့ရှိခဲ့တာ၊ တပ်ကိုယ်စားလှယ်တွေ က အခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင် NLD ကိုယ်စား လှယ်အချို့ကိုကန့်ကွက်မှုတွေ လုပ်လာတာ ၊ ရခိုင်မှာအနိုင်ရခဲ့တဲ့ ရခိုင်ပါတီ ကို ရခိုင် အစိုးရဦးဆောင်ဖွဲ့စည်းခွင့်အတွက် ဆန္ဒပြပွဲတွေဖြစ်လာတာ ၊ ရခိုင်ဝန်ကြီးချုပ်အဖြစ် NLDပါတီဝင်ဦးညီပုကိုရခိုင်ပြည်နယ် လွတ်တော်မှာ အမည်တင်သွင်းတဲ့နေ့မှာပဲ ရခိုင်ပါတီ ANP ကိုယ်စားလှယ်တွေကကန့်ကွက် ဆန္ဒပြကြတာတွေကို ကြည်ရင်ပဲအဓိကကျ တဲ့ အင်အားစု တွေအကြား ဆက်ဆံရေးအေးခဲ မှုတွေကို မြင်နေရသလိုအခုဖွဲ့လိုက်တဲ့ အစိုးရကလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုအမှန်တကယ် ထင်ဟပ်တဲ့အစိုးရ ဟုတ် မဟုတ်ဆိုတာသံသယ ၀င်စရာ ဖြစ်စေပါတယ်။
ဒါ့အပြင်NLDဖွဲ့လိုက်တဲ့ အစိုးရအဖွဲ့ထဲဦးသိန်းစိန် အစိုးရအဖွဲ့တပ်မတော်နဲ့ အစေးမကပ် သူတွေများ နေတာ လွှတ်တော်ရေးရာကော်မတီတွေမှာ သူရ ဦးရွှေမန်းရဲ့အုပ်စုတွေ များနေတာ စတဲ့ကိစ္စတွေ လည်း ရှိနေတာပါ။
တကယ်တော့ မြန်မာနိုင်ငံမှာအမျိုးသားပြန်လည်သင့်မြတ်ရေးလို့ ပြောမယ်ဆိုရင် အနည်းဆုံးအစ်ရှူး လေးခုကိုအခြေခံစဉ်းစားဖို့လိုပါတယ်။
ဒီမိုကရေစီအရေး ၊တိုင်းရင်းသား တန်းတူအရေး၊ အရပ်ဘက် စစ်ဘက်ဆက် ဆံရေး ပြသနာ ၊ ကာလရှည်လူမှုစီးပွားဘဝ နိမ့်ကျမှု ပြသနာစတဲ့ အချက်ေ တွ အပေါ်မူ တည်စဉ်းစားဖို့လိုပါတယ်။ လက်ရှိ ပကတိ အနေထားအရဆိုရင် အခုဖွဲ့မဲ့အမျိုးသား ပြန်လည်သင့်မြတ် ရေး ဆိုတဲ့ အစိုးရအဖွဲ့မှာ ဒီမိုကရေစီ အင်အားစုတွေ ဘက်ကလွတ်လပ်စွာနဲ့ပူးပေါင်းပါဝင်ခွင့်ရှိဖို့ လိုသ လို ၊ စစ် အုပ်စုကလာသူတွေဘက်ကတွက်ရင်လည်းဦးရွှေမန်း ၊ သူရဦးအောင်ကို၊ ဦးအောင် သောင်း ရဲ့ အဆွယ်အပွားတွေလောက်နဲ့တင်မလုံလောက်ပဲ ဦးသိန်းစိန် ၊ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်တို့နဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ်တွေပါ ပါဖို့လိုပါတယ်။
တိုင်းရင်းသားတွေဘက်ကလည်းပြကောင်းရုံ သက်သက် တိုင်းရင်းသားတွေ မဟုတ်ပဲ တကယ် တိုင်း ရင်းသားအင်အားစုပေါင်းစုံကို သြဇာရှိ လွှမ်းခြုံတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေလည်းပါဖို့ လိုအပ် နေတာ ကပကတိအရှိတရားပါ။
အခုလတ်တလောအစိုးရအဖွဲ့နဲ့ လွှတ်တော်တွေရဲ့ဖွဲ့စည်းမှုတွေကိုကြည့် မယ် ဆိုရင် မြန်မာနိုင်ငံရဲ့ ပကတိ အရှိတရားလိုအပ်မှုဖြစ်တဲ့ အမျိုးသားပြန် လည် သင့်မြတ်ရေးအစိုးရ ဆို တာနဲ့ အများကြီးလွဲချော် နေတာတွေ့ရပါ တယ်။ တိုင်းရင်းသားပါဝင်မှုများပေမဲ့ လူရိုသေရှင်ရိုသေတိုင်းရင်းသား နိုင်ငံရေးသမား ဆိုလို့ ဦးအေးသာအောင် တယောက်သာ လွှတ်တော်မှာ ဒုတိယဥက္ကဌနေရာအဖြစ် ရယူထားနိုင်တာ တွေ့ရသလိုဒုတိယသမ္မတနေရာ ရယူထားနိုင်တဲ့ ချင်းတိုင်းရင်းသားတဦးပါဝင်နေပေမဲ့ တိုင်းရင်းသား အများစု အပေါ် လွှမ်းခြုံမှု ရှိသူ ၊ တိုင်းရင်းသားအရေးစွမ်းစွမ်း တမံဆောင် ရွက်ခဲ့သူ မဟုတ်ပြန်ပါဘူး။ ပြီးတော့ဦးအောင်သောင်းနဲ့ နီးစပ်သူဖြစ်နေပါသေးတယ်။ ခရစ်ယာန်ဘာသာဝင် ဖြစ်တာတစ်ခု လောက်ပဲ သူ့အတွက် အားသာချက် ရှိနေ ပါတယ်။ OTS ဆင့် တပ်မတော် အရာရှိ ဟောင်းဖြစ်တဲ့ အတွက် သူ့ကိုခန့်လိုက်လို့ တပ်မတော်နဲ့အဆင်ပြေသလားဆိုတော့ လည်းအဆင် မပြေပြန်ပါဘူး။
သူ့ကိုခန့်မယ်ဆိုကတည်းကတပ်မတော်သားကိုယ်စားလှယ်တွေကကန့်ကွက်ခဲ့တာအားလုံးအသိပါပဲ။ကျန်တဲ့ တိုင်းရင်းသားတွေကို ပြည်နယ်ဝန်ကြီးချုပ် ရာထူးအထိပေးတာရှိပေမဲ့ အကုန်လုံးက အန်အယ် လ်ဒီ ပါတီဝင်ေ တွကြီး ကြီး ပါ။ ဒါကြောင့်လဲရခိုင် ၊သျှမ်းမှာလို NLD ပါတီမနိုင်တဲ့ ဒေသတွေ မှာ ပြ သနာ အချို့ပေါ်ပေါက်လာရခြင်းနဲ့ စိန်ခေါ်မှုအချို့ ကြုံတွေ့လာရခြင်းဖြစ် ပါတယ်။
NLDရဲ့ အစိုးရဖွဲ့စည်းရေးကဘယ်လောက်အထိလွဲချော်ခဲ့သလဲဆိုရင် တသက်လုံးနီးကပ် ခဲ့တဲ့ တိုင်း ရင်း သား မဟာမိတ်ဖြစ်တဲ့ ဦးခွန်ထွန်းဦး ဦးဆောင်တဲ့ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် က လူတွေတောင် NLDအစိုးရမှာဘာနေရာမှ မယူတော့ပဲရှောင်ထွက် ခဲ့တာကြည့်ရင် တစ်ခုခုမှား နေတယ် ဆိုတာ သေချာစေခဲ့ပါတယ်။ ၈၈ လိုဒီမိုကရေစီအုပ်စု တွေ ကလည်းငြင်းဆန် ဦးအောင်မင်း ၊ ဦးဝင်းရှိန် တို့လို သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ဝင် တွေ ကလည်း ငြင်းဆန် ဆိုတဲ့အနေထားက တစ်ခုခုမှား ယွင်းနေတာကအသေချာပါပဲ။
၈၈ မျိုးဆက် ကိစ္စကိုစကြည့်ရအောင်ပါ။
ကိုမင်းကိုနိုင် ၊ ကိုကိုကြီးဦးဆောင်တဲ့ ၈၈ မျိုးဆက် အချို့ကိုNLD အစိုးရ ကဖွဲ့စည်းမဲ့ လူ့အခွင့်ရေး လိုကော်မရှင်တွေမှာ ပါဝင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ လက်မခံခဲ့ပါဘူး ၈၈ အဖွဲ့က ။ ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတော့ ၈၈ အဖွဲ့အနေနဲ့ ကမ်းလှမ်းတာမဟုတ် ပဲကိုမင်းကိုနိုင် တယောက်တည်း ကိုပဲကမ်းလှမ်းခဲ့တာကြောင့်ဖြစ်ပါတယ်။
တကယ်လို့ ကိုမင်းကိုနိုင်သာအဲဒီရာထူးကိုအဖွဲ့နဲ့ မတိုင်ပင်ပဲသူ့သဘောနဲ့ သူသာသွားယူ လိုက် ရင် အဖွဲ့ပါ နှစ်ခြမ်းသုံးခြမ်းကွဲသွားနိုင်တဲ့ အခြေနေမှာ ရှိနေခဲ့တဲ့အတွက်ဖြစ်ပါတယ်။ ၈၈ မျိုးဆက်အများစု အနေနဲ့ နှစ်ပေါင်း များစွာNLDအစိုးရကို ၀န်းရံခဲ့တာမှန်ပေမဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲအကြို ကာလကိုယ်စားလှယ်လောင်းရွေးချယ်မှုတွေမှာ ၈၈ အဖွဲ့တွေကိုတပြုံ တစ်ခေါင်းလုံး NLD ဘက်က ချန်လှန်ခဲ့ပြီးနောက်ပိုင်း ၈၈ နဲ့ NLDအကြား ဆက်ဆံရေး ကကောင်းမွန်လှတာ မဟုတ်ပါဘူး။
ကိုယ်စားလှယ်လောင်းစာရင်းကချန်လှန်ခံခဲ့ရတဲ့ ကိုကိုကြီးဆိုရင် ပါတီအ သစ်ေ ထာင်မယ် လို့ အတိ အလင်းကြေငြာထားခဲ့တာပါ။
ဒီလိုအနေထားမှာကိုမင်းကိုနိုင်တဦးတည်းကိုကွက်ပြီး ကမ်းလှမ်းခဲ့ တာဟာရိုးဖြောင့်ပါရဲ့ လား။ တဘက် အဖွဲ့စည်းကိုဆက်တက်မလာအောင် လုပ်တာလားဆိုတာ ကာယကံရှင်တွေပဲသိပါလိမ့်မယ်။
လတ်တလောရခိုင်ပါတီကိုကြည့်ရင်လည်း ထိုနည်း၎င်းပါပဲ။ ဦးအေးသာေ အာင် ကို ဆွဲထုတ်ပြီး လွှတ် တော်မှာနေရာပေးဆိုတဲ့အလုပ်ကိုစလုပ်ခဲ့ ပါ တယ်။ ဦးအေးသာအောင်က လည်းပါတီနဲ့ ညှိနှိုင်းတိုင် ပင်ခြင်း မရှိတာေ ကြာင့် ပါတီကွဲရမဲ့ အခြေနေရောက်လာခဲ့ပါပြီ။ တကယ်တော့ ရခိုင်ပါတီရဲ့ တာဝန်ရှိ သူအများစုက ပြည်နယ်အစိုးရရရှိရေးဆိုတာသူတို့ရဲ့ အဓိက ပဓာနကျတဲ့ ပန်းတိုင်ပါပဲ။ မွန်ပါတီက တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခံရတဲ့နိုင်သက်လွင်လည်း ထိုနည်း၎င်းပါပဲ။ ရာထူးကို ပါတီချင်းကမ်း လှမ်း ခဲ့ တာမဟုတ်ပဲတစ်ဦးချင်းစီအလိုက်ကမ်းလှမ်းခဲ့တာပါ။
နိုင်သက်လွင်ရဲ့သမီးဖြစ်သူ မိကွန်ချမ်းဟာ NLD လွှတ်တော် ကိုယ်စား လှယ်ဖြစ်တာကြောင့် လည်း နိုင်သက်လွင် ဟာပါတီကိုညှိနှိုင်း တိုင်ပင်ခြင်း မရှိပဲ NLDနဲ့ ပူးပေါင်းခဲ့တာ တွေ့ရပါ တယ်။ နိုင်သက်လွင် ကို ခန့်ခဲ့ပေမဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ရာမှာတော့ NLDပါတီ ၀င်ကိုပဲ ခန့်အပ်ခဲ့တဲ့ အပြင် အဲဒီပါတီဝင်ကလည်း ဗမာဖြစ်နေတာ သွားတွေ့ရ ပါတယ်။
သျှမ်းပါတီဖြစ်တဲ့ SNLD ဆိုရင် အစောပိုင်းတုန်းကဒုတိယသမ္မတနေရာအထိ နာမည်ထွက် ခဲ့ပါတယ်။ ပါတီ အထွေထွေအတွင်းရေးမှူး စိုင်းညွှန့်လွင်အနေနဲ့ NLDရဲ့ ဆင့်ခေါ်ချက်အရ ဒုသမ္မတလောင်း ရွေးချယ်မဲ့ နေ့ မတိုင်မှီ နေပြည်ေ တာ် ကို အရောက်သွားခဲ့ပေမဲ့ ခဲလေသမျှ သဲရေကျ ခဲ့ရပါတယ်။
တကယ်တော့ သမ္မတလောင်းစာရင်းနာမည်ထွက်သူ တွေထဲမှာ စိုင်းညွှန့်လွင် ဟာ နိုင်ငံရေးအရ သြဇာရှိသူတဦးဖြစ်သလို တိုင်းရင်းသားနိုင်ငံရေး အသိုင်း ဝိုင်း သာမက ပြည်တွင်း နိုင်ငံရေးအသိုင်း အဝိုင်းကပါ လေးစားရ သူတဦးလည်း ဖြစ်ပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်း ဖြစ်ပါတယ်။
အဲဒါမရတော့ တိုင်းရင်းသားရေးရာဝန်ကြီးဆိုပြီးကမ်းလှမ်းပြန်ပါတယ်။ ဒီတစ်ခါလည်းပါတီ အလိုက်ဆွေးနွေးတာမျိုးမဟုတ်ပဲလူပုဂ္ဂိုလ်ကိုသာဆွဲ ထုတ်ခေါ်တဲ့သဘောပါ။
ဒီအတိုင်းဆိုရင် ပါတီအလိုက်သင့်မြတ်ရေးမဟုတ်ပဲ NLDရဲ့ အောက်မှသာ သွားရ မဲ့ အနေထားဖြစ်နေတဲ့ အတွက် SNLD ပါတီအနေနဲ့ လက်မခံေ တာ့ပါဘူး။
သူတို့တကယ်လိုလားခဲ့တာကတော့ ပြည်တွင်း စစ်ဒဏ်ကြောင့် အလူးအလဲဖြစ်နေတဲ့ သျှမ်းပြည်နယ်အတွက် သျှမ်းဝန်ကြီးချုပ်ရာထူး ပဲဖြစ်ပါတယ်။
ဒါပေမဲ့ NLDကမပေးနိုင်တဲ့အတွက် နောက်ဆုံးမှာသူတို့အနေနဲ့ NLD ကိုအတိုက် အခံမလုပ်ပဲ ပြည်နယ်အစိုးရမှာရာထူးမယူဖို့ ဆိုတဲ့ ဆုံးဖြတ်ချက်ချဖို့ ဖြစ်လာပါတယ်။ အခု သျှမ်းပြည်နယ် ၀န်ကြီးချုပ်ခန့်လိုက်တော့လည်းအစဉ်အလာမရှိတဲ့ ဗမာတယောက်ဖြစ်နေ ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သျှမ်းတွေကိုဘယ်သူ့ကျွန်မှ မဖြစ်စေရဘူးဆိုတဲ့ စကား ကိုပျက်ရယ်ပြုနေ သလိုပါပဲ။ တကယ်လို့ SNLD သာလက်ခံလိုက်ရင်လည်း နိုင်ငံရေး အရသဘောတူညီမှု မရှိပဲလက်ခံတာဖြစ် တဲ့အတွက် ချောင်ထိုးထားလိုက်ရင် သူတို့အနေနဲ့ နိုင်ငံရေးအရတဖြည်းဖြည်းကျရှုံးသွားနိုင်ပါတယ်။ NLDကလက်ခံထားတဲ့ တဦးတည်းသော ၈၈ ခေါင်းဆောင်ဖြစ်တဲ့ ကိုပြုံးချိုကိုပဲ ကြည့်ပါ။
အခုထိလွှတ်တော်မှာဘာနေရာမှ ဟုတ်တိပတ်တိမရသလိုအသံလည်းထွက်မလာ တော့ပါဘူး။ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ကဝန်ကြိးတွေနဲ့အလုပ်အဖွဲ့တွေကိုကမ်းလှမ်း ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ NLD ကသူ့အစိုးရမှာပါဝင်ဖို့ကမ်းလှမ်းပေမဲ့ ဦးသိန်းစိန်နဲ့ ဆွေးနွေးတာမျိုး မဟုတ်ပဲ တယောက်ချင်းစီ ဆွဲခေါ်တဲ့အနေထားပါ။
သဘောကနိုင်ငံရေးအရသဘောတူညီမှုနဲ့ မဟုတ်ပဲဆွဲ ထုတ်တာ ဖြစ်တဲ့ အတွက် အခန့် မသင့်ရင် တဘက်အဖွဲ့အတွက် အင်အားပါ ပိုမိုယုတ်လျော့ စေပါလိမ့်ဦးမယ်၊ ဒါကြောင့် သမ္မတဦးသိန်းစိန်အစိုးရ အဖွဲ့ဝင် ၀န်ကြီးအချို့အနေနဲ့ ငြင်းဆန်ခဲ့ တယ်လို့ အစိုးရအဖွဲ့ နဲ့နီးစပ်သူ တွေက စာရေးသူကိုပြောပါတယ်။ တကယ်လို့ ဦးသိန်းစိန်နဲ့သာ အဆင်ပြေ ခဲ့မယ်ဆိုရင် သမ္မတဦးသိန်းစိန်ကိုတပ်မတော်ကလေးစားတဲ့ အတွက် လတ်တလော ကာလမှာ တပ်က ကပျက်ကယက် လုပ်သလို ကိစ္စတွေကလုပ်ချင်မှ လုပ်ပါလိမ့်ဦးမယ်။
သူရဦးအောင်ကို ဦးသိန်းဆွေတို့ဟာ NLDအစိုးရအဖွဲ့ထဲရောက်နေပေမဲ့ NLDနဲ့ ပြည်ခိုင်ဖြိုး ထိပ်တန်းခေါင်း ဆောင်တွေ အကြားနိုင်ငံရေးအရသဘောတူလို့ ရောက်နေခဲ့တာ မဟုတ်ပါဘူး။ NLDအနေနဲ့ ဆွေးနွေး ခဲ့ခြင်း လည်းမရှိပါဘူး။သူတို့ဟာသူရဦးရွှေမန်းရဲ့ လူတွေဖြစ်ပါတယ်။
အခုဖွဲ့စည်းထားတဲ့ လွှတ်တော်နဲ့ အစိုးရအဖွဲ့ကိုသေချာပြန်ကြည့်မယ် ဦးရွှေမန်း ၊ ဦးအောင်သောင်း တို့ရဲ့ လူတွေသာများနေတာတွေ့ရပါတယ်။ သူတို့နဲ့ ပြေလည်လို့ တပ်နဲ့ ပြေလည်မလားဆိုတာ ကလည်း မသေချာပါဘူး။ တပ်က မျက်စိစပါးမွှေးဆူးသူတွေထဲ သူတို့အုပ်စုထိပ်ဆုံးကပါနိုင်ပါတယ်။
တကယ်တော့ တပ်ပေါင်းစု မူဝါဒနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်တဲ့ နေရာမှာ နမူနာ ယူစရာတွေ အများကြီးရှိပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ နယ်လ်ဆင်မင်ဒဲလားတို့ဟာ အမျိုးသားခေါင်းေ ဆာင်တွေဖြစ်သလို ပါတီအ လိုက်အဖွဲ့အစည်းအလိုက် ဖြစ်စေ မျိုးနွယ် စုတွေအကြား ယုံကြည်မှုနဲ့ သင့်မြတ်ရေး တည်ဆောက် ခဲ့ရာမှာလည်း ငါကအားသာတယ်၊ လူထုထောက်ခံမှုများတယ်ဆိုပြီးခွဲခြားမှု တွေ မလုပ်ခဲ့ပါဘူး။ အား လုံး ပါဝင်ရေး အတွက် သဘောထားကြီးကြီး နဲ့ ဆောင်ရွက် ခဲ့ပါတယ်။
အတိုက်အခံအချင်းချင်းသော်လည်းကောင်း ၊ မျိုးနွယ်စုတွေနဲ့သော် လည်းေ ကာင်း နိုင်ငံရေးအရ အကျေအလည်ဆွေးနွေးပြီးမှသာတဘက် အင်အားကြီး တဲ့ သူတွေနဲ့ သွားရင်ဆိုင်တာပါ။ ဘဝတူ တွေအချင်းချင်းကြားမှာလည်း ပုံမှန်ဆက်ဆံရေးရှိအောင် နေခဲ့တာလည်း သမိုင်း အထောက်ထား တွေအရ အရှင်းသားတွေ့မြင်ရပါတယ်။ ဘယ်တော့မှ ကိုယ့်တပ်ကို ချမနင်းပါဘူး။ သွားရောက်ရင် ဆိုင်တဲ့နေရာမှာလည်း ပြိုင်ဘက် ရန်သူလို့ ဆိုနိုင်သူကိုေ လးလေးစားစားနဲ့ ဆက်ဆံတဲ့အတွက် ရန်သူတွေကပါ လေးစား ရသူတွေဖြစ် ပါတယ်။ တောင်အာဖရိကခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလားရဲ့ အမျိုး သားပြန် လည်သင့်မြတ်ရေးအစိုးရမှာဆိုရင် ဘယ်လောက်ပဲ အငြိုးအာ ဃာတတွေရှိခဲ့ရှိခဲ့ ယခင် အာဏာရှင် လူဖြူတွေအပါဝင် ပါတီပေါင်း ၂၆ ပါတီက ခေါင်းဆောင်တွေပါဝင်နိုင်ခဲ့တာပါ။
အခုကြုံနေရတဲ့ အခြေနေကို ကြည့်မယ်ဆိုရင် ဒီမိုကရေစီဘက်တော်သား အချင်းချင်းကြား ထဲမှာတောင် ယုံကြည်မှုကောင်းကောင်း မတည်ဆောက် နိုင်သလို ၊ ဒီမိုကရေစီခေါင်းဆောင် ဆိုသူနဲ့ တိုင်းရင်းသားတွေ အကြားမှာ လည်း ဘယ်လောက်ယုံကြည်မှု တည်ဆောက်ထား သလဲဆိုတာ က မေးခွန်းထုတ်စရာရှိနေပါတယ်။
အခုဆိုရင်ပဲ ဗမာခေါင်းဆောင်ရဲ့ အမြင်မကျယ်မှုကြောင့် လူထု အကြား မှာ ဥပမအားဖြင့် ( ရခိုင် နဲ့ ဗမာ ) ( သျှမ်းနဲ့ ဗမာ) စသဖြင့် နိုင်ငံရေးအရ ကွဲလွဲ မှုကတဆင့် စိတ်ဝမ်းကွဲမှုတွေ ရှိလာပါတယ်။ အခြားအုပ်စုကွဲတွေဖြစ်ေ န တာ မျိုးနွယ်စုတွေအချင်းချင်း တိုက်ခိုက်မှု တွေဖြစ်နေတာ ဟာ ကောင်း တဲ့လက္ခဏာမဟုတ်ပါဘူး။ အမြင်မတူကွဲလွဲတာကို လက်ခံ ရတာဟာ ဒီမိုကရေစီရဲ့ အနှစ်သာရ ဖြစ်သလို တိုင်းရင်းသားတွေနဲ့ မိမိနယ်မြေ မိမိအုပ် ချုပ်ခွင့်ကို တောင်းဆို နေတာဟာ သူတို့ရပိုင်ခွင့်ဖြစ်ပြီး တနည်းအားဖြင့် အဲဒီအချက်ဟာ ပြည်တွင်းစစ် နဲ့ ဆက်စပ်နေတယ် ဆိုတာ မမေ့ဖို့လိုပါတယ်။
( ဥပမာအားဖြင့် သျှမ်းလိုလက်နက်ကိုင်အင်အားကြီးအဖွဲ့ ရ ဖွဲ့လောက်ရှိ တဲ့ ပြည်နယ်မှာ ဒေသခံ တိုင်းရင်းသားပါတီကို ပြည်နယ်ဝန်ကြီးချုပ် ရာထူးေ ပးခြင်း အားဖြင့် အပစ်ခတ်ရပ်စဲရေးကို ပိုပြီး အထောက် ကူ ပြုလာနိုင်စေပါ တယ်။ )
တိုင်းရင်းသားအများစုရဲ့ ယုံကြည်ကိုးစားမှုကို မရပဲ ကိုယ့်စကားနားေ ထာင်တဲ့ ပါတီဝင်တိုင်းရင်းသား လောက်ကိုသာ အုပ်ချုပ်ခွင့်ပေးရုံနဲ့ တိုင်းရင်းသားပြသနာ မပြေလည်သွားဘူးဆိုတာ သမိုင်းသာဓကေ တွလည်း မြောက်မြားစွာရှိနေခဲ့တာပါ။
ဒါ့အပြင် အရပ်ဘက်စစ်ဘက်ဆက်ဆံရေးအရ အီလစ်တွေကြားထဲမှာ ( အရပ်ဘက် အီလစ် ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ထိပ်သီးခေါင်းဆောင်တွေ အကြား ဆက်ဆံရေး ) ကလည်း ချောမွေ့နေ တယ် လို့ မဆိုလိုနိုင်ပါဘူး။အရပ်သားအစိုးရကို အာဏာလွှဲပြောင်းေ ရးဖြစ်စဉ်ဟာ အရေးပါတာမှန်ပေမဲ့ ဒါဟာ အဆင့်တဆင့်သာဖြစ်ပါတယ်။
လတ်တလောနိုင်ငံရေးဖြစ်စဉ်အရ ညွှန်းဆိုနေတာက သင့်မြတ်ရေး လို အော်ေ နပေမဲ့ ဖြစ်နေတဲ့ အကျိတ် အခဲတွေ ပွတ်တိုက်မှုတွေက တဆင့် ပြသနာတွေ ဖြစ်လာဖို့ တာစူနေတာတွေက မူမရှိပဲသွား နေတဲ့ သင့်မြတ်ရေးဆိုတာကို ညွှန်းဆိုနေပါတယ်။
ကိုယ့်တပ်ကိုယ်ချနင်းဝံ့သူကို ဘယ်လောက်အထိ ယုံရရမလဲဆိုတာလည်း တပ်ဘက်က လည်း စဉ်းစားနေကောင်း စဉ်းစားနိုင်ပါတယ်။ လူထုကို ပျားရည်နဲ့ ၀မ်းချဖို့ဆိုတာကလည်း ရေရှည်မှာတော့ မလွယ်ပါဘူး။
လောလော ဆယ်အခြေနေအရတော့ တပ်မတော် ၊ ဒီမိုကရေစီ အင်အားစု ၊ တိုင်းရင်းသား အင်အားစုဆိုတဲ့ သုံးပွင့်ဆိုင် သင့်မြတ်ရေးကလည်း လေထဲ တိုက်အိမ်ဆောက်နေဆဲပါပဲ။
အောင်မြင်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ဖြစ်ချင်တယ် ဆိုရင်အားလုံးက တလှေတည်းစီး တစ်ခရီးတည်းသွားလို့ သဘောထားရ မှာဖြစ်သလို လှေကို ဦးဆောင်မဲ့ လှေဦးစီးကလည်း သာတူညီမျှစိတ်ဓါတ် ထားရှိမှ ဖြစ်မှာပါ။ အောင်မြင်ခဲ့တဲ့ တောင် အာဖရိက သင့်မြတ်ရေး လုပ်ငန်း စဉ်နဲ့ ပတ်သက်လို့ သုတေသန စာတမ်းတွေ စာအုပ်တွေ ရေးသားခဲ့ သူ သတင်းစာဆရာ အလစ္စတာ စပတ်ကတော့ ' တွေ့ဆုံဆွေးနွေးရေး အရှိန်ရ လာပြီး ယုံကြည်မှုမြင့် တက်လာတာနဲ့အမျှ အဓိကကျတဲ့ ခေါင်းေ ဆာင်နှစ် ဦးဖြစ်တဲ့ မင်ဒဲလားနဲ့ ဒီကလပ်တို့ဟာ သူတို့ဟာ လှေတစီးတည်းအတူတူ ခရီးသွားကြသူတွေဖြစ် တယ်။ ရောက်ရင်လည်း အတူတူရောက် မယ် နှစ်မြှပ် ရင်လည်း အတူတူနှစ်မြှပ်မယ်ဆိုတာ တက်ညီလက်ညီလုပ်ရမယ်ဆိုတာ နှစ် ဘက်စလုံးက နားလည်လက်ခံလာတဲ့အတွက် နိုင်ငံသစ်ကို တည်ဆောက် နိုင်ခဲ့ တာဖြစ်တယ်' လို့ သူ့ရဲ့ နိုင်ငံသစ်မနက်ဖြန် Tomorrow is another country စာအုပ်မှာ ရေးသားထားပါတယ်။
Credit - Panglong(Burmese)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More