Friday, March 25, 2016

E3 Harelbeke ပွဲ Peter Sagan ဒုတိယ ဖြစ်ပြန်ပြီ...။

E3 Harelbeke ပွဲ Peter Sagan ဒုတိယ ဖြစ်ပြန်ပြီ...။
...
Spring Classics ပွဲတခုအဖြစ် နာမည်ကြီးလှတဲ့ ဘလဂျီယံ နိုင်ငံက E3 Harelbeke ပွဲမှာ Michal Kwiatkowski (Team Sky) က ကမ္ဘာချန်ပီယံ Peter Sagan (Tinkoff) ကို ပန်းဝင်ခါနီး မီတာ ၂၀၀ လောက်အလိုမှာ အသားကုန် စပရင့်တင်ပြီး အနိုင်ယူသွားပါတယ်။


(1- Michal Kwiatkowski (Pol) Team Sky 4:49:34 နာရီ။
2 Peter Sagan (Svk) Tinkoff Team 0:00:04 
3 Ian Stannard (GBr) Team Sky 0:00:11)။
ပန်းဝင်ဖို့ ကီလို ၃၀ အလို နောက်ဆုံးတောင်ကုန်းကို အတက်မှာကတည်းက သူတို့ ၂ ဦး အုပ်စုထဲကနေ ထွက်ပြေးလွတ်မြောက်လာတာပါ။ ပီတာဆာဂန် ထွက်ပြေးစဉ် ကာကိုစကီက ကပ်ပါလာပြီး တောင်ထိပ်အရောက်မှာ နောက်ကလူတွေနဲ့ စက်ဘီး ၃ စီးစာလောက်ပဲ ပြတ် ပါတယ်။
ဒါပေမဲ့ သူတို့နှစ်ဦး အပြန်အလှန် အပေးအယူညီညီနဲ့ တဖြေးဖြေးတင်ရင်းနဲ့ Gap တဖြေးဖြေး တက်လာပြီး ၁၅ ကီလိုအလိုမှာ ၃၇ စက္ကန့်အထိဖြစ်သွားပါတယ်။ ဒါပေမဲ့ ပြတ်ကျန်ခဲ့တဲ့ အုပ်စု တွင်းမှာကလည်း တကယ့်ဆရာကြီးတွေဖြစ်တဲ့ ကာစီးလာလားတို့၊ တွန်ဘွန်းတို့၊ တိုနီမာတင် လိုလူတွေချည်း ၁၀ ခန့်ရှိတယ်ဆိုတော့ ကြိုက်တဲ့အချိန်မှာ အရှိန်တင်ပြီး လိုက်ဖမ်းနိုင်တဲ့ သဘောရှိနေပါတယ်။


ဒါပေမဲ့ အနောက်အုပ်စုဟာ အချင်းချင်း ညီညွတ်မှုမရှိပါဘူး။ ရှေ့ ၂ ဦးကတော့ ၂ ဦးတည်းဆို တော့ သူတလှည့်ကိုယ်တလှည့်တင်ရုံမှလွဲပြီး တခြားရွေးစရာမရှိ။ ဒီလိုနဲ့တင်လာလိုက်တာ ၅ ကီလိုအလိုမှာ Gap က ၁၅ စက္ကန့်လောက်ပဲကျန်ပါတယ်။ အုပ်စုထဲကသာ ညီညီညွတ် ညွတ်အရှိန်တင်စီးရင် မိသွားနိုင်တဲ့သဘောရှိပါတယ်။
ဆာဂန်တို့နှစ်ဦးကလည်း အရှိန်ကို အသားကုန်မတင်ပဲ ချိန်စီးနေပုံရပါတယ်။ ဒီလိုနဲ့ ပန်းဝင်ဖို့ တကီလိုအလိုမှာ Gap က ၅ စက္ကန့်လောက်ပဲကျန်ပါတယ်။ လမ်းတလျောက်လုံး ပြန်ဖမ်းမိ တော့မလိုလိုဖြစ်နေတဲ့အခြေအနေဟာ ဒီတခါတော့ တကယ်မိပြီလို့တောင် ထင်မိပါတယ်။
ဒါပေမဲ့ မမိလိုက်ပါဘူး။ ပန်းဝင်ဖို့ မီ ၂၀၀ အလိုမှာ ကာစကီ အသားကုန် စပရင့်တင် ထွက် ပြေးတော့ ဆာဂန်အငိုက်မိပြီး ချက်ချင်းလိုက်မဖမ်းနိုင်ပဲ ပြန်ထိုင်ချလိုက်ရပါတယ်။ သူ ဦး ဆောင်စီးရတာများလို့ ပန်းအ၀င်မှာ အားမကျန်တော့တာလို့ ယူဆရပါတယ်။ အဓိပါယ် ကတော့ ကမ္ဘာချန်ပီယံ မောင်ဆာဂန်ဟာ အဲဒီ ချန်ပီယံ အကျီဝတ်ပြီးကတည်းက ပထမ တခါ မှ မရသေးပဲဖြစ်နေဆဲပါ။

....
ရှေ့ပိုင်းအခြေနေအနေကို နဲနဲပြန်ကောက်ရမယ်ဆိုရင် ၈ ဦးပါ Breakaway အဖွဲ့တခု ကီလို ၃၀ ခန့်စီးပြီးကတည်းက ထွက်ပြေးလွတ်မြောက်သွားပါတယ်။ ၅ မီနစ်ကျော်အထိ ဖြတ်ပြီးမှ တဖြေးဖြေးအရှိန်ကျလာပါတယ်။ ကီလို ၇၀ ၀န်းကျင်အလိုမှာတော့ အုပ်စုကြီးထဲက ထွက် ပြေးလာတဲ့ ၁၀ ဦးကျော်ပါ အုပ်စုက ရှေ့ပြေး ၈ ဦးကို ဖမ်းမိသွားပါတယ်။
အဲဒီထဲမှာ နာမည်ကြီး ကာစီးလာလားပါ ပါတယ်။ ဒါပေမဲ့ သူဟာ ကံဆိုးစွာနဲ့ အကွေ့တခုမှာ ချိန်းကြိုးကျလို့ သူ့အသင်းကားကို ရပ်စောင့်ရင်းနဲ့ နောက်ကျကျန်ခဲ့ရပါတယ်။ လမ်းက ကျဉ်း တာကြောင့် ကားတွေက စက်ဘီးသမားတွေကို ကျော်တက်ခွင့်မရှိပါ။ နောက်ဆုံးတော့ စက် ဘီးအသစ်လဲပြီး သူပြန်လိုက်ပါတယ်။


အတော်ကြိုးစားတဲ့လူလို့ပြောရမှာပါ။ ပန်းမ၀င်ခင် ကီလို ၄၀ လောက်အလိုမှာ ပ အုပ်စုဆီ ပြန်မိလာပါတယ်။ အဲဒီအချိန်မှာ ဆာဂန်၊ ကာစကီတို့က ထွက်ပြေးဖို့ပြင်နေကြပါပြီ။
........
၂ ဦးတည်းပြေးသင့်သလား၊ အုပ်စုကို စောင့်သင့်သလား...။
...
ဒီနေ့ပွဲကိုကြည့်ပြီး ပရိတ်သတ်စိတ်ထဲ ဘယ်လိုရှိမလဲမသိပါ။ ကျနော်စိတ်ထဲတော့ ဆာဂန်ဟာ ၂ ဦးတည်းထွက်ပြေးမဲ့အစား အုပ်စုကိုစောင့်ပြီး ပန်းဝင်ခါနီးမှ စပရင့်တင် အနိုင် ယူရင် ပိုကောင်းမလားလို့ တွေဝေစွာ နှစ်ခွတွေးမိပါတယ်။
ဒါဟာ ဆာဂန်အတွက်လည်း ကျင်းထဲကျပ်ထဲ ဆုံးဖြတ်ရခက်နိုင်ပါတယ်။ ကိုယ့်က ရှေ့မှာ ၁၀ စက္ကန့်လောက်ပြတ်နေပါရဲ့နဲ့ အုပ်စုကို ထိုင်စောင်ဖို့ဆိုတာ အခက်သား။ အုပ်စုထဲမှာ ကိုယ်နဲ့ အပေးအယူစီးမဲ့လူ ရှိမရှိကလည်း မသေချာလှပါ။
ဒီတော့ ၂ ဦးတွဲ ရှေ့ပြေးစီးရင် အုပ်စုက ပြန်မမိရင် ဒု နေရာတော့ သေချာပြီ။ ဒီလို သူ ရွေး လိုက်တာလားမသိပါ။ ဒါမှမဟုတ် ပန်းအ၀င်မှာ ကာစကီကို သူတီးနိုင်လိမ့်မယ်လို့ ထင်ထား တာလဲဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကြည့်ရတာ သူက ဖိအားပိုများနေတဲ့အတွက် စိတ်ရော၊ လူ ရော ပိုပန်းပြီး ပန်းဝင်စည်းမှာ စွမ်းအင်မကျန်တော့တာလို့ ယူဆမိပါကြောင်း...။


........
ပန်းဝင်စာရင်း ၁-၁၀ က အောက်ပါအတိုင်းဖြစ်ပါတယ်...။
# Rider Name (Country) Team Result
1 Michal Kwiatkowski (Pol) Team Sky 
2 Peter Sagan (Svk) Tinkoff Team 
3 Ian Stannard (GBr) Team Sky 
4 Fabian Cancellara (Swi) Trek-Segafredo 
5 Jasper Stuyven (Bel) Trek-Segafredo 
6 Lars Boom (Ned) Astana Pro Team 
7 Tiesj Benoot (Bel) Lotto Soudal 
8 Sep Vanmarcke (Bel) Team LottoNl-Jumbo 
9 Jean-Pierre Drucker (Lux) BMC Racing Team 
10 Daniel Oss (Ita) BMC Racing Team တို့ဖြစ်ပါတယ်။
...
သဖက်ခါ တနင်္ဂနွေနေ့မှာတော့ ဒီနေ့စက်ဘီးသမားအားလုံးနီးပါး ဆက်ပြိုင်ကြမဲ့ နွေဦး အထူး Gent-Wevelgem ပွဲတခုရှိနေပါသေးတယ်။ အဲဒီပွဲမှာ ဆာဂန် ပဲ ပြန်ရမလား။ တခြားတဦးဦး ရနိုင်မလား။ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More