Monday, March 28, 2016

Gent-Wevelgem ပွဲမှာ Peter Sagan တကယ်နိုင်ပါပြီ...။

Gent-Wevelgem ပွဲမှာ Peter Sagan တကယ်နိုင်ပါပြီ...။
...
The curse of the rainbow jersey is over!!!
(ကမ္ဘာ့ချန်ပီယံ အကျီရဲ့ ကျိန်စာ ဒီနေ့ ပြီုးုဆုံးသွားပါပြီ.)။
....
ဘလဂျီယံမှာ ဒီနေ့ကျင်းပတဲ့ နာမည်ကြီး Spring Classics ပွဲ Gent-Wevelgem မှာ ကမ္ဘာ့ချန်ပီယံ Peter Sagan (Tinkoff) တကယ်နိုင်သွားပါ ပြီ။

တကယ်နိုင်တယ်လို့ပြောရတာက ၂၀၁၅ နှောင်းပိုင်းမှာ ကမ္ဘာ့ချန်ပီယံ အကျီရ ပြီးကတည်းက ပထမ တခါမှမရသေးပဲ ဒုတိယချည်းရနေလို့ အခုလို ခေါင်းစဉ် တပ်ရတာပါ။
243km ရှည်လျားပြီး ပြင်သစ်နဲ့ ဘလဂျီယံနယ်စပ်ရှိ တောင်ကုန်းတွေ၊ ကျောက်တုံးခင်းလမ်းတွေပေါ်ဖြတ်စီးရတဲ့ပွဲ၊ မိုးရွာ၊ လေပြင်းကြား ဖြတ်စီး ရတဲ့ဒီပွဲမှာ ပထမ ရဖို့ဆိုတာ မလွယ်ပါဘူး။ ဆာဂန်ကိုယ်တိုင်ကလည် ဒီပွဲ မှာ ပထမ ရဖို့မလွယ်ဘူးလို့ ပွဲမစခင်ကပြောခဲ့ပါတယ်။
ဒါပေမဲ့ ဆာဂန်နဲ့ ကာစီးလာလာအပါဝင် ထိပ်တန်းနာမည်ကြီးတွေဟာ ပန်းဝင်ဖို့ ကီလို ၄၀ ခန့်အလိုမှာ အုပ်စုထဲကနေ ထွက်ပြေးလွတ်မြောက် လာပါတယ်။ နောက်ပိုင်းမှာတော့ ၄ ဦးတည်း ထပ်မံထွက်ပြေးနိုင်ပြီး ပန်းဝင် ချိန်ကျမှ အကြိတ်အနယ် စပရင့်တင်ရင်း ဆာဂန် ရသွားတာပါ။


ပန်းဝင်စာရင်း ၁-၁၀ ကတော့...
1 Peter Sagan (Svk) Tinkoff Team 
2 Sep Vanmarcke (Bel) Team LottoNl-Jumbo 
3 Viacheslav Kuznetsov (Rus) Team Katusha 
4 Fabian Cancellara (Swi) Trek-Segafredo 
5 Arnaud Demare (Fra) FDJ 
6 Fernando Gaviria (Col) Etixx - Quick-Step 
7 Jurgen Roelandts (Bel) Lotto Soudal 
8 Jacopo Guarnieri (Ita) Team Katusha 
9 Greg Van Avermaet (Bel) BMC Racing Team 
10 Michael Morkov (Den) Team Katusha ဖြစ်ပါတယ်။
(သတင်းအသေးစိပ်ကို အရင် Live တင်ထားတဲ့ ပို့စ်မှာ ဖတ်နိုင်ပါတယ်)။
.........

Gent-Wevelgem ပွဲ LIVE ဖတ်နိုင်ပြီ။ ဘယ်သူအနိုင်ရမယ်ထင်သလဲ...
...
Peter Sagan (Tinkoff) အနိုင်ရသွားပြီ...။
....

နာမည်ကြီးလှတဲ့ Spring Classics ပွဲတွေထဲက တခုဖြစ်တဲ့ Gent-Wevelgem ပွဲ ဘလဂျီယံမှာ စတင် ကျင်းပနေပါပြီ။ ပြိးခဲ့တဲ့သောကြာနေ့ E3 Harelbeke ပွဲမှာ ၀င်စီးသူအားလုံး ဒီပွဲမှာ ဆက်ပြိုင် ကြပါတယ်။ 
မနှစ်ကနဲ့စာရင် ပြိုင်ပွဲလမ်းကို 243km အထိ ရှည်အောင်ဆွဲဆန့်လိုက်တဲ့ အပြင် 65km အတွင်း တောင်ကုန်း ၁၀ ခုထပ်တိုးထည့်ထားတဲ့အတွက် တာတိုဘုရင်တွေနဲ့စာရင် တကိုယ်တော်ထွက်ပြေးနိုင်သူတွေအတွက် အလား အလာပိုကောင်းနိုင်တယ်လို့ ကမ္ဘာ့ချန်ပီယံ ပီတာဆာဂန်က ပြောပါတယ်။
...
ဒီနေ့ဝင်လာတဲ့သတင်းတွေအရတော့ နာမည်ကြီး တာတိုဘုရင်တဦးဖြစ်သူ Alexander Kristoff ဟာ နေမကောင်းဖြစ်နေတဲ့ အတွက် ဒီနေ့ပွဲကို ၀င်မစီး တာ့ဘူးလို့သိရပါတယ်။ အလားတူ Team Sky မှ Ian Stannard ကလည်း နေမကောင်းဖြစ်လို့ ဒီနေ့ မစီးနိုင်ဘူးလို့ သိရပါတယ်။
...
အခုပွဲကို စတင်တာလွှတ်ဖို့ပြင်နေပြီး Gent မြို့ပြင်နားက Deinze မှာ စက်ဘီး သမားတွေ တာမထွက်ခင် တဦးချင်းလက်မှတ်ထိုးနေကြပါတယ်.။ ရာသီဥတုက နည်းနည်းအေးပေမဲ့ နေသာနေပါတယ်။ ပြီးခဲ့တဲ့သတင်းပတ် ဘရာဆဲမှာ ဗုံးခွဲတိုက်ခိုက်ခံရလို့ လုံခြုံရေးတိုး ထားပေမဲ့ ပွဲပရိသတ်တွေကတော့ လမ်းပေါ်ထွက်လာနေကြပါပြီ...။
...
စာရေးသူရဲ့ ထင်မြင်ချက်...
...
စက်ဘီးပွဲတွေကို အသေအချာထိုင်ကြည့်ရင်းနဲ့ Classics ပွဲနဲ့ သာမန် ၇ ရက်ပွဲတွေကြား မတူကွဲပြားတဲ့ ခံစားချက်နဲ့ နည်းစနစ်တွေကို နဲနဲသိလာသလိုလို။ Classics ပွဲတွေဟာ သာမန်ပွဲတွေထက် ပိုစိတ်လှုပ်ရှားဖို့ကောင်းတယ်ဆိုရင် စာဖတ်သူ ဘယ်လိုသဘောရသလဲ။
မနေ့က စပိန်ပွဲမှာ ပန်းဝင်ဖို့ မီတာ ၆၀ လောက်အလိုကျမှ ရှေ့ပြေးအဖွဲ့ဖမ်းမိသွားတာ စိတ် လှုပ်ရှားဖို့ကောင်းတာနဲ့ သောကြာနေ့ကပွဲမှာ ဆာဂန်တို့ ၂ ဦးပြေးနေတာကို နောက်က အုပ်စု မကြာခင်မိလိမ့်မယ်ဆိုတဲ့ စိတ်လှုပ်ရှားမှု ဘာကွာသလဲ...။
ကျနော့်အတွက်တော့ Classics က အတော်စိတ်လှုပ်ရှားဖို့ကောင်းပြီး ဘယ်သူနိုင်မလဲဆို တာ ဘယ်လိုမှကြိုမပြောနိုင်တဲ့အနေအထားပါ။
.....
တာလွှတ်ပြီ။ စက်ဘီးသမားတွေဟာ ပြင်သစ်နယ်မြေထဲရှိ Tielt မြိုံဆီ ဥိးတည်နေပြီး အဲဒီက မှတဆင့် ဘလဂျီယံထဲပြန်ဝင်ကာ ကမ်းခြေတလျောက်စီးပြီးရင် တောင် စတက်ရဖို့ရှိနေ ပါတယ်။ တချိန်တည်းမှာပဲ အမျိုးသမီးပွဲကိုလည်းစတင်နေပြီး ၁၁၂ ကီလိုမီတာရှိပါတယ်။
....
တာထွက်ပြီး သိပ်မကြာခင်မှာပဲ ၄ ဦးပါ Breakaway အဖွဲ့တခု ထွက်ပြေးသွားတာ စက္ကန့် ၃၀ ကျော်အထိ လွတ်သွားပါပြီ။ အဲဒီ ၄ ဦးကတော့ (Pavel Brutt -the instigator, Lieuwe Westra, Jonas Rickaert and Josef Cerny) တို့ဖြစ်ပါတယ်။ အခု ပွဲစပြီး ၁၀ ကိလို အကျော်မှာ Gap က တမီနစ်ကျော်သွားပြီလို့သိရပါတယ်။
....
Wow! ၂၅ ကီလိုခန့်စီးပြီးတဲ့အချိန်မှာ gap က 8:40 မီနစ်အထိ ရှိသွားပြီတဲ့။ Peloton က ကီလို ၅၀ စီးပြီးတဲ့အထိ အရှိန်မတင်ရင်တော့ ပြန်ဖမ်းမိဖို့ လွယ်ပါ့ဦးမလားမသိ...။
.....
178km remaining from 243km မှာ the break က 11:00. မိနစ်အထိ ပြတ်သွားပြီဖြစ်။
အခု feed zone ကိုရောက်နေ။ ရာသီဥတုက အချိန်ထိသာယာနေဆဲဖြစ်ပေမဲ့ ပန်းဝင်ချိန်မှာ မိုးရွာ။ လေပြင်းတိုက်နိုင်ဟု ခန့်မှန်းထား။ ...အစီရင်ခံနေစဉ်အတွင်းမှာပဲ Peloton ဟာ ၃ စု ကွဲသွားပြီလို့သိရပါတယ်။ အဓိပါယ်က နာမည်ကြီးတွေရှေ့ထွက်ပြီး ရှေ့ပြေးအုပ်စုကို အမီလိုက်တော့မယ်ဆုတဲ့သဘောဖြစ်ပါတယ်။
....
တပြိုင်တည်းမှာပဲ စပိန်နိုင်ငံ ဘာစီလိုးနားမှာကျင်းပနေတဲ့ Catalunya ပွဲလည်း အကြိတ် အနယ်ပြိုင်နေပြီး ပန်းဝင်ဖို့ ၁၇ ကီလိုသာလို။ ဖရူနဲ့ ဖရိုးတို့ ထွက်ပြေးဖို့ကြိုးစားနေ။ ဖရူဟာ GC ၁၀ စာရင်းအပြင်ကိုရောက်နေပေမဲ့ ပ အုပ်ကိုသာမီသွားရင် ၁ မီနစ်ကျော်ပြတ်နိုင်တာ ကြောင့် GC ပထမ ရသွားနိုင်ပါတယ်။ ဒါကြောင့် ကင်တားနား၊ ကွန်ဒါတို့ အသဲအသန် လိုက်နေ...။(အဲဒီပွဲကို Euro Sport TV က အခု Live ပြနေ)။
....
peloton ထဲက ထွက်ပြေးလာတဲ့ ပ အုပ်နဲ့ ဒုအုပ်ကြား စက္ကန့် ၂၀ ခန့်ပြတ်သွားပြီဖြစ်။ ရှေ့ပြေး အဖွဲ့ကတော့ ၁၀ မီနစ်ခန့်အသာနဲ့ ဆက်ပြေးနေဆဲ...။

...
peloton ထဲက ထွက်ပြေးလာတဲ့ ပ အုပ်စုထဲမှာ နာမည်ကြီးတွေဖြစ်တဲ့ Boonen, Van Avermaet, Sagan, Boasson Hagen, Cancellara, Demare and Benoot တို့ပါဝင်။ ဒါကြောင့် ဒီအုပ်စုကို အလေးထားစောင့်ကြည့်ဖို့လို....။
....
ဘာစီလိုနားက Catalunya ပွဲ ပန်းဝင်သွားပါပြီ။ ၇ ရက်ပေါင်းအတွက် အပြောင်းအလဲမရှိပဲ ကင်တားနားကပဲ ၇ စက္ကန့်အသာနဲ့ ကွန်ဒါတာကိုဖြတ်ပြီး ပထမ ရသွားပါပြီ။ ဒီနေ့အတွက် တော့ Alexey Tsatevich (Katusha) နဲ့ Primoz Roglic (LottoNL-Jumbo) တို့က ပ-ဒု ရသွားပြီ။
....
မကြာခင် မီနစ်ပိုင်းအတွင်း Euro Sport TV ကနေ ဒီ Classics ပွဲကို Live ပြလိမ့်မည်ဟု မျှော်လင့်ရ...။ (ခန့်မှန်းချက် မှားသွားပါတယ်။ အခု Live ၀င်လာတဲ့ ပြကွက်က ကျနော် အစီရင်ခံနေတဲ့ ဘလဂျီယံ ကလစစ်မဟုတ်သေးပဲ ပြင်သစ်ပိုင် မြေထဲပင်လယ်ထဲက ကျွန်း Corsica မှာ ၃ ရက်ကြာကျင်းပနေတဲ့ Critérium International ပွဲဖြစ်နေပါတယ်)။
....
131km remaining from 243km မှာ နာမည်ကြီးအုပ်စုက အရှိန် နင်းကန်တင်လာတဲ့ အတွက် ရှေ့ပြေးအုပ်စုကိုမီဖို့ ၃ မီနစ်ခန့်သာလို။ တ အုပ်စုက တမီနစ်နောက်ကျနဲ့လိုက်နေ။
(ဒီစာမျက်နှာ ကန့်သန်စာလုံးရေ အတော်များနေပြီဖြစ်တဲ့အတွက် ကျန် ကိလို ၁၀၀ ၀န်းကျင် အခြေအနေကို အောက်က Comment လင့်ခ်အတွင်း တင်ပြပေးသွားမည်ဖြစ်ပါကြောင်း...)။
.......

Gent-Wevelgem ပွဲ ဘယ်သူ အနိုင်ရနိုင်သလဲ...
...
(Peter Sagan (Tinkoff) အနိုင်ရသွားပြီ)
ပြီးခဲ့တဲ့သောကြာနေ့ကကျင်းပခဲ့တဲ့ E3 Harelbeke ပွဲလိုပဲ နာမည်ကြီး လှတဲ့ Spring Classics နောက်တပွဲ ဒီနေ့ (တနင်္ဂနွေ) ဘလဂျီယံမှာ ကျင်းပဖို့ရှိနေ ပါတယ်။ 

ဒီနေ့စတင်မဲ့ Gent-Wevelgem ပွဲဟာ E3 Harelbeke ပွဲထက် ပိုစီးရခက်ဘွယ်ရှိပြီး တာတို ဘုရင်တွေနဲ့စာရင် တကိုယ်တော် ထွက်ပြေးနိုင်သူတွေအတွက် အလားအလာပိုကောင်းနိုင် တယ်။ သူ ပထမ ရဖို့ အလားအလာ ပိုနည်းတယ်လို့ သောကြာနေ့ပွဲတုန်းက ဒုတိယ ဖြစ်သွား တဲ့ ကမ္ဘာ့ချန်ပီယံ ပီတာဆာဂန်ကပြောပါတယ်။
(အပေါ်က ဘီးပုံများမှာ ပီတာဆာဂန်ရဲ့ Spring Classics အတွက် အထူးပြင်ဆင်ထားတဲ့ ဘီးဖြစ်ပါတယ်)။
ဒီပွဲကို ၂၀၁၃ ခုနှစ်တုန်းက ဆာဂန် ပထမ ရဖူးပေမဲ့ ဒီနှစ်မှာတော့ လမ်းကို 243km အထိ ရှည်အောင်ဆွဲဆန့်လိုက်တဲ့အပြင် 65km အတွင်း တောင်ကုန်း ၁၀ ခုထပ်တိုးထည့်ထားတယ် လို့လဲသိရပါတယ်။ 
အသင်းဖေါ် ၄-၅ ဦးပါတဲ့ အသင်းတသင်းကသာ တောင်ကုန်းတက်မှာ လွတ်သွားမယ်ဆိုရင် အဲဒီအသင်းကို မိအောင်ပြန်ဖမ်းဖို့ခက်သွားနိုင်တယ်လို့ ဆာဂန်ကဆိုပါတယ်။ ပြီးတော့ ရာသီ ဥတုနဲ့လေတိုက်နှုန်းကလည်း ပွဲရဲ့ရလာဒ်ကို အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။
အခြေအနေဟာ နောက်ဆုံးမီနစ်မှာ အပြောင်းအလဲဖြစ်တတ်ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကလို မျိုး ဖြစ်ဖို့ သူမျှော်လင့်ပါတယ်လို့လဲ ဆာဂန်ကဆိုခဲ့ပါတယ်။
ဒါပေမဲ့ ရှေ့မှာသူပြောခဲ့တဲ့အတိုင်း ဒီပွဲမှာ သူရဖို့ မလွယ်ပါဘူး။ ဟိုနေ့က ချိန်းကြိုးကျလို့ ဒုက္ခ များသွားတဲ့ ကာစီးလာလားကလည်း ဒီနေ့ပွဲမှာ ရအောင်စီးဖို့ ရှိနေပါတယ်။ တခါ ဆာဂန်ရဲ့ မဟာပြိုင်ဖက်တွေဖြစ်တဲ့ Alexander Kristoff, Tom Boonen, Niki Terpstra, Zdenek Stybar, Tony Martin, Nacer Bouhanni အပါဝင် ကမ္ဘာကျော်စက်ဘီးသမား ၁၀၀ ကျော် ၀င်ပြိုင်မှာမို့ စိတ်ဝင်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ်။ ။
......
.....

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More