Thursday, March 31, 2016

De Panne ပွဲ ဒုတိယနေ့ Viviani အနိုင်ရ...။

De Panne ပွဲ ဒုတိယနေ့ Viviani အနိုင်ရ...။
...
ဘလဂျီယံနိုင်ငံမှာ ဆက်တိုက်ဆိုသလိုကျင်းပနေတဲ့ Spring Clasics ပွဲတွေ ထဲက ၃ ရက်ကြာကျင်းပတဲ့ De Panne ပွဲ ဒုတိယနေ့မှာ Elia Viviani (Ita) Team Sky က 5:01:04 နာရီနဲ့ ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Marcel Kittel (Ger) Etixx - Quick-Step နဲ့ Alexander Kristoff (Nor) Team Katusha တို့က နှာတဖျားစီနောက်ကျပြီး ဒု-တ ရသွား ပါတယ်။
တကယ်တော့ ပန်းဝင်အခင်းအကျင်းဟာ ဒုတိယ ရသွားသူ ဂျာမဏီက နာမည်ကြီး တာတိုဘုရင် Kittel ပထမ ရဖို့သေချာနေတဲ့ပွဲမျိုးပါ။ သူတို့ရဲ့ Etixx - Quick-Step အသင်းကနေ ပွဲကိုကောင်းကောင်းထိမ်းထားနိုင်ပြီး ပန်းဝင်ခါနီးမှ သူ့အသင်းဖေါ်တဦးက အသားကုန်ဆွဲပြီး သူကို တင်ပေးလိုက် တာပါ။
ဒါပေမဲ့ ကီတဲလ် နည်းနည်းကုန်နေသလားမသိပါ။ နောက်ကနေ ပုန်းပြီး တက် ပြေးလာတဲ့ Viviani ပန်းဝင်စည်းပေါ် တလက်မလောက်စောပြီး ၀င်သွားနို်င်ခဲ့ ပါတယ်။
ဒီနေ့ တတိယ ရသူ ခရစ်စတော့ဟာ မနေ့က ပထမ ရထားသူဖြစ်တဲ့အတွက် ၂ ရက်ပေါင်း ပထမ ဆုကိုပါ ရသွားပါတယ်။
ဒီနေ့ပွဲဟာ မနေ့ကနည်း နဲနဲကွာပါတယ်။ ဒါမှမဟုတ် Breakaway နဲ့ ပန်းဝင်ခါ နီးမှ ထွက်ပြေးနိုင်တဲ့အဖွဲ့ (ဘယ်လိုခေါ်လဲမသိ၊ သီးခြားအခေါ်အဝေါ်ရှိနိုင်ပါ တယ်) ရဲ့ကွားခြားချက်လို့ပြောရမယ်ထင်ပါတယ်။ မနေ့ကပွဲဟာ အရင် တနင်္ဂနွေနေ့က ပီတာဆာဂန်တို့ အနိုင်ရသွားတဲ့ပွဲနဲ့အဆင်တူပါတယ်။

ပန်းဝင်ဖို့ ကိလို ၃၀ လောက်အလို တောင်ကုန်းအတက်လေးမှာ ခရစ်စတော့ နဲ့အခြား ၃ ဦးထွက်ပြေးလွတ်မြောက်သွားရာကနေ တဖြေးဖြေးအရှိန်တင်ရင်း နဲ့ တမီနစ်ကျော်ပြတ်သွားပါတယ်။ ဒါပေမဲ့ ဒီနေ့ ၃ ဦးပါ ရှေ့ပြေးအုပ်စုကတော့ (TV မှာစပြချိန် ပန်းဝင်ဖို့ ကီလို ၆၀ ကျော်အလို) ၃ မီနစ်ကျော်အထိ ပြတ်နေ ရာကနေ တဖြေးဖြေး Gap က ကျလာပါတယ်။
ဒီကြားထဲ ၃ ဦးစလုံး တာဝန်ခွဲပြီး အလည့်ကျမဆွဲပဲနဲ့ တကိုယ်တော်ထွက်ပြေး တာလည်း မှားတယ်လို့ထင်ပါတယ်။ ဒီလိုနဲ့နောက်ဆုံးတော့ ၁၅ ကိလိုခန့် အလိုမှာ ဖမ်းမီသွားပါတယ်။
အဲဒီ ၆၀ ကိလိုလောက်အတွင်း ကြီးမားတဲ့လဲပြိုမှုတခုကိုလဲ တွေ့လိုက်ရပါ သေးတယ်။ ပွဲကနေထွက်လိုက်ရပေမဲ့ အရင်ပွဲလောက်တော့ ဒဏ်ရာမပြင်း ဘူးလို့ထင်ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စက်ဘီးသမား ၂ ဦး သေဆုံး ပြီးတဲ့နောက် စက်ဘီးသမားတွေရဲ့လုံခြုံရေးအတွက် အားလုံးက စိုးရိမ်နေ ကြပါတယ်။

၂ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...
General classification after stage 2
# Rider Name (Country) Team Result
1 Alexander Kristoff (Nor) Team Katusha 9:23:24 
2 Alexey Lutsenko (Kaz) Astana Pro Team 0:00:05 
3 Lieuwe Westra (Ned) Astana Pro Team 0:00:10 
4 Mads Pedersen (Den) Stölting Service Group 0:00:43 
5 Bert Van Lerberghe (Bel) Topsport Vlaanderen - Baloise 0:00:45 
6 Luke Durbridge (Aus) Orica-GreenEdge 0:00:46 
7 Rick Zabel (Ger) BMC Racing Team 0:00:48 
8 Tony Martin (Ger) Etixx - Quick-Step 
9 Michael Morkov (Den) Team Katusha 0:00:49 
10 Amaury Capiot (Bel) Topsport Vlaanderen - Baloise 0:00:50 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ De Panne ကနေ De Panne အထိ (မြို့ပတ်) 111.5 km ကို မနက်ပိုင်းမှာ ဆက်လက်ယှဉ်ပြိုင်ဖို့ရှိနေပြီး ညနေပိုင်းမှာတော့ တဦးချင်း စံချိန်ပြု (ITT) 14.2 km ကို ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ။
...
ဒီပွဲပြီးရင်တော့ ပီတာဆာဂန်အပါဝင် ဆရာကြီးတွေ အကုန်ဝင်ကျဲမဲ့ Tour of Flanders 2016 ပွဲ တနင်္ဂနွေမှာကျင်းပဖို့ရှိနေပါတယ်။ အဲဒီသတင်းကို သီးခြား တင်ပေးပါ့မယ်။ ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More