Sunday, March 20, 2016

Milan-San Remo ပွဲမှာ Arnaud Demare (Fra) FDJ အနိုင်ရသွားပြီ...။

Milan-San Remo ပွဲမှာ Arnaud Demare (Fra) FDJ အနိုင်ရသွားပြီ...။
...
(နောက်ဆုံးအချက်အလက်ကို အောက်ဆုံးတွင်ဖတ်ပါရန်...)။
Spring Classic နွေဦးအထူးပွဲ အဖြစ် နာမည်ကြီးလှတဲ့ Milan-San Remo ပွဲ အခုမီနစ်ပိုင်းအတွင်း စတင်ပါတော့မယ်။ စက်ဘီးသမား ၂၄၀ ကျော်ဟာ ကီလိုမီတာ ၂၉၁ ကို စီးနိုင်ဖို့အတွက် နေရာယူနေကြပါပြီ။


၆ နာရီကျော် (တနေကုန်) စီးရမဲ့ ခရီးကြမ်းမှာ ဘယ်သူအနိုင်ရနိုင်မလဲ...။
ဟောဒီနေရာမှာ http://live.cyclingnews.com
Live ဖတ်နိုင်ပါတယ်။ Euro Sport နဲ့ အခြား တိဗွီ လိုင်း တွေကလည်း ပန်းဝင်ခင် ၃ နာရီခန့်ကို လိုက်ဖ် ပြပေးပါလိမ့်မယ်...။
စက်ဘီးသမားတွေဟာ တာမထွက်ခင် လက်မှတ်ထိုးနေကြပြီး တရားဝင် တာ မလွတ်ခင် ၉ ကီလိုကို (မြို့တွင်း) အလှပြသွေးပူ စီးကြရဦးမှာဖြစ်ပါတယ်။ ကံကောင်းတာကတော့ ဒီနေ့ နေသာနေခြင်းပါ။ လမ်းတလျောက်လုံး နေသာလိမ့်မယ်လို့ခန့်မှန်းထားပေမဲ့ မသေချာလှပါ။
...
271km remaining from 291km.
တာထွက်ပြီး ၁၅ ကီလိုအတွင်း ၁၁ ဦးပါ Breakaway အဖွဲ့တခုဖြစ်တဲ့ (Gediminas Bagdonas (Ag2r La Mondiale), Serghei Tvetcov (Androni Sidermec), Mirco Maestri (Bardiani CSF), Jan Barta (Bora Argon 18), Adrian Hurek (CCC-SPRANDI-POLKOWICE), Roger Kluge (IAM Cycling), Matteo Bono (Lampre - Merida), Samuele Conti (Southeast - Venezuela), Maarten Tjallingii (LottoNL - Jumbo), Andrea Peron (Team Novo Nordisk) and Marco Coledan (Trek Segafredo) ထွက်ပြေးလွတ်မြောက်သွားပါတယ်။
၂ မီနစ်အထိ Peloton ကိုဖြတ်ထားနိုင်ပါတယ်။ ဒါပေမဲ့ ခရီးအဝေးက ကီလို ၃၀၀ ဆိုတော့ ဒီ အဖွဲ့ ဘယ်လောက်အထိပြေးနိုင်မလဲ...။ Peloton က ဘယ်အချိန် အရှိန်တင်ပြီးလိုက်မလဲ...။
.......
၂၅ ကီလိုအကျော်မှာ gap က 4'25 (၄ မီနစ် ၂၅ စက္ကန့်) အထိ ရှိသွားဟုဆို...။
....

29km remaining from 291km.
ကီလို ၃၀ ခန့်စီးအပြီးမှာ gap က 9'40 အထိဖြစ်သွားပါတယ်။ ဒါကြောင့် အခုဆိုရင်
peloton ဟာ ဒီတိုင်းနေလို့မရတော့ပါ။ အရှိန်မြင့်လိုက်ရပါတော့မယ်...။
...
(အပြင်သွားပါဦးမည်... ပန်းမ၀င်ခင် ၃ နာရီအလိုမှာ ပြန်တွေ့ပါဦးမည်)။
......
အခုလေးတင် ပန်းဝင်သွားပါပြီ။ ထင်ထားတဲ့ နာမည်ကြီးတွေ တယောက်မှ မရလိုက်ပါဘူး။
ကျနော်တို့ရဲ့ ဇတ်လိုက်ကြီး မောင်ဆာဂန်ကတော့ ကံဆိုးတယ်ပြောရမယ်။ ပန်းဝင်ဖို့ မီတာ ၃၀၀ လောက်အလို နေရာအသအချာယူရမဲ့အချိန်ကျမှ သူ့ဘေးကတယောက် ကပ်ပြီလဲချ (လှဲချသလားလို့တောင် သံသယရှိစရာ) လိုက်လို့ မနည်းလွတ်အောင်ရှောင်ရင်းနဲ့ အာရုံ နောက်ပြီး စပရင့် မတင်နိုင်၊ လမ်းကြောင်းမရနိုင်ဖြစ်သွားပုံပါပဲ။
ဒီနေ ၁-၁၀ စာရင်းကတော့...

# Rider Name (Country) Team Result
1 Arnaud Demare (Fra) FDJ 6:54:45 
2 Ben Swift (GBr) Team Sky 
3 Jurgen Roelandts (Bel) Lotto Soudal 
4 Nacer Bouhanni (Fra) Cofidis, Solutions Credits 
5 Greg Van Avermaet (Bel) BMC Racing Team 
6 Alexander Kristoff (Nor) Team Katusha 
7 Heinrich Haussler (Aus) IAM Cycling 
8 Filippo Pozzato (Ita) Southeast - Venezuela 
9 Sonny Colbrelli (Ita) Bardiani CSF 
10 Matteo Trentin (Ita) Etixx - Quick-Step 
11 Luis Leon Sanchez (Spa) Astana Pro Team 
12 Peter Sagan (Svk) Tinkoff Team တို့ဖြစ်ပါတယ်။
...

အနှစ်ချုပ် အစီရင်ခံချက်...
...
ရှေ့ပိုင်းမှာတင်ပြခဲ့တဲ့အတိုင်း ၁၁ ဦးပါ Breakaway အဖွဲ့တခု ထွက်ပြေးသွားလိုက်တာ ၁၀ မီနစ် ခွဲလောက် အထိပြတ်သွားပါတယ်။ ကီလို ၁၀၀ လောက်အလိုကျမှ Peloton က စတင်အရှိန် မြင့်လိုက်တဲ့အတွက် Gap ဟာ တဖြေးဖြေးကျလာပါတယ်။ ကျတဲ့နှုန်းက သိပ်နှေးတဲ့အတွက် ပန်းဝင်ဖို့ ၂၃ ကီလိုမီတာအလိုမှာမှ အားလုံးကို ပြန်ဖမ်းမိပါတယ်။
အဲဒီလို မဖမ်းမိခင်ကာလအတွင်း (စက်ဘီးသမားအားလုံး ၂၄၈ ဦး) Peloton ထဲမှာ လူများ လွန်းတော့ လမ်းကြောင်းပိတ်မိပြီး အချင်းချင်းချိတ်မိတာ၊ လမ်းဘေးမှာကားရပ်ထားလို့ လမ်း ကျဉ်းပြီး ညှပ်မိတာတွေကြောင့် ကြီးမားတဲ့ ပြိုလဲမှု နှစ်ကြိမ်ထဲ မနည်းဖြစ်ခဲ့ပါတယ်။ 
တကြိမ်မှာဆို စက်ဘီးဂွေတောင်ကောက်လိမ်သွားတဲ့အတွက် အတော်အရှိန်ပြင်းပုံရပါတယ်။ စက်ဘိးသမားလည်း ဆက်မစီးနိုင်တော့ပါဘူး။ နောက်တကြိမ်မှာတော့ ပြိုလဲသူ ပိုများပြီး လူ ၂၀ လောက်တောင်ရှိမယ်ထင်ရပါတယ်။
ဒါပေမဲ့ ဒီနေ့ ပထမ ရနိုင်တယ်လို့ခန့်မှန်းခြင်းခံထားရသူ အားလုံးနီးပါးကတော့ ဘေးမသီ ရန်မခပဲ အုပ်စုအတွင်း စီးမျောလိုက်လာနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ၂၃ ကီလို မီတာမှာ ရှေ့ပြေး အဖွဲ့ ကိုဖမ်းမိသွားပါတယ်။
အဓိပယ်ကတော့ Clasics သမားတွေ ရဖို့အလာအလာနည်းသွားပြီး Sprinter တွေရဖို့ အား သာလာတယ်၊ တနည်းအားဖြင့် ပန်းဝင်ခါနီးမှာ စပလင့်တင်ပြီး အဆုံးအဖြတ်ပေးရမဲ့ပွဲအဖြစ် အဖြေကပြောင်းသွားပါတယ်။ 
ဒီလိုနဲ့ ပန်းဝင်ဖို့ ၈ ကီလိုလောက်အလိုမှာ စကိုင်းအသင်းမှ Kwiatkowski စပြေးပါတယ်။ ဘယ်သူဦးဆောင်လိုက်မလဲဆိုတာ Peloton အတွင်း သဘောတူညီချက်ရပုံမရှိ။ ပထမ ပိုင်းမှာ ဆာဂန်လိုက်ပေမဲ့ ခဏလေးနဲ့ရပ်ပြီး နောက်လူတွေကိုလိုက်ဖို့လမ်းဖွင့်ပေးလိုက် ပါတယ်။
၅ ကိလိုလောက်အလိုမှာတော့ နီဘာလီ တကိုယ်တော် ထွက်ပြီးလိုက်ပါတယ်။ ဒါပေမဲ့ မလွတ်ပါဘူး။ ကာဝါစကီက ၅ စက္ကန့်လောက်အသာနဲ့ ၂ ကီလိုလောက်အလိုအထိ ဆက် ပြေးနေဆဲပါ။
ဒီလိုနဲ့ ပန်းဝင်ဖို့ တကီလိုနီးပါးအလိုအရောက်မှာတော့ ထူးထူးခြားခြား နော်ဝေးမှ တာဝေး ဆရာကြီး မောင်ပြုံးချို (ဟာဂန်) Boassan Hagen တကို်ယ်စပြိး စပရင့်တင်ပါတယ်။ သူ့နောက်မှာ Van Avermaet က ကပ်ပြီးပါသွားပါတယ်။ ကျန်လူတွေက မလိုက်ပဲ အားဖြည့်နေဆဲ။

ပန်းဝင်ဖို့ မီတာ ၁၀၀၀ ၀န်းကျင်အလိုမှာတော့ ဆာဂန်ဦးဆောင်တဲ့ ၄ ဦးပါအဖွဲ့က ဟာဂန်တို့ ၂ ဦးကို ဖမ်းမိပြီး ပထမ ရနိုင်ခြေရှိသူ အားလုံးတအုပ်တည်းပြန်ဖြစ်သွားပါတယ်။ ပန်းဝင်စည်း စပရင့်အတွက် အားလုံးနေရာယူ အားမွေးနေချိန် မီတာ ၄၀၀ လောက်အလိုမှာ ဘယ်လို ဖြစ်မှန်းမသိ။ ပီတာ ဆာဂန်ဘေးနားမှာစီးနေတဲ့ Etixx-Quickstep အသင်းမှ Fernando Gaviria ရုတ်တရက်ပြိုဆင်းသွားပါတယ်။
ဆာဂန်သာ စက်ဘီးကိုကျွမ်းကျင်စွာမကိုင်တွယ်တတ်ရင် သူပါလဲပြီး တပြုံကြိးပိတ်မိမဲ့ပုံပါပဲ။ ဒါပေမဲ့ ကံကောင်းစွာနဲ့ သူဟာ လွတ်အောင်ရှောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းချင် တော့ သူတို့အဲဒီလို အရှိန်လျော့ချပြီး ရှောင်လိုက်ရတဲ့အချိန်ဟာ အခု ပထမ ရသွားတဲ့ အုပ်စု က အရှိန်မြင့်ပြီး စပရင့်စတင်တဲ့အချိန်နဲ့ ကွက်တိဖြစ်သွားပါတယ်။
ဒီလိုနဲ့ အဖြေဟာ အခုမြင်ရတဲ့အတိုင်း ထွက်လာပါတယ်။ ဆာဂန်တို့နဲ့တအုပ်ထဲကနေ ပထမ ရနိုင်ခြေရှိသူ Nacer Bouhanni (Fra) Cofidis, Solutions Credits ကလည်း ပန်းဝင်စည်း နားရောက်မှ ချိန်းကြိုးကျလို့ မကျေမချမ်းနဲ့ လက်ကိုင်ကို လက်နဲထုနေတာ မြင်လိုက်ရပါ တယ်။
စက်ဘီးပွဲဟာလည်း စာမေးပွဲလိုပဲပေါ့။ တခါတလေ ထင်ထားသလိုဖြစ်မလာတတ်ပဲ မထင် တာတွေဖြစ်လာတတ်ပါတယ်။ သူဟာသူ ဘယ်လောက်တော်နေနေ ဒီနေ့မေးတဲ့ မေးခွန်းနဲ့ ကိုယ်လေ့ကျင့်ထားတာနဲ့ တထပ်တည်းမကျရင် လွဲပြီပေါ့။ 
ပွဲအပြီး ဒီပုဂ္ဂိုလ်တွေ ဘာပြောမလဲ ဆက်ပြီးနားထောင်ကြည့်ရပါဦးမယ်။ ဒီပွဲမှာ ကိုယ်ထင် ထားတဲ့လူတွေ အနိုင်မရလို့ စိတ်မပျက်ပါနဲ့ဦး။ သဖက်ခါ တနလာင်္နေပမှာ ဒီထက်ကောင်းတဲ့ ၇ ရက်တာ ပွဲကြီးတခုရှိနေပါသေးတယ်။
...

ဆာဂန်နဲ့အတူ ပြိုလဲမှုအတွင်း အရှိန်လျော့ချလိုက်ရသူ ကာစီးလားလာရဲ့ပြောဆိုချက်တော့ ထွက်လာပြီ...။ Sometimes you win big. More often you lose.
Cycling is not predictable, and that's what makes this sport so exciting.. တဲ့။
(တခါတရံမှာ ခင်ဗျားဟာ အောင်ပွဲအကြီးကြီးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အကြိမ်အတော်များ များမှာတော့ ခင်ဗျားဟာ အရုံးကိုရင်ဆိုင်ရပါလိမ့်မယ်။ စက်ဘီးပွဲဆိုတာဟာ ကြိုတင်ခန့်မှန်း ဖို့ခက်ပါတယ်။ ဒါကြောင့်ပဲ စိတ်လှုပ်ရှားဘွယ်ကောင်းတဲ့ အားကစားတခု ဖြစ်နေတာပေါ့။ ကာစီလာလားအတွက် မီလန်-စန်မိလို အိပ်မက်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဒါပေမဲ့ ဒါဟာ သူမကြိုးစားခဲ့လို့တော့ မဟုတ်ပါဘူး တဲ့။)။
...
ဆာဂန်ရဲ့ မှတ်ချက်လည်း ထွက်လာပါပြီ...
အရင်က ကျနော်ပြောခဲ့တဲ့အတိုင်းပါပဲ၊ Milano-Sanremo ပွဲဟာ ကြိုတင်ခန့်မှန်းဖို့ ခက်လှ ပါတယ်။ ကျနော်အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ အသင်းကလည်း အကောင်းဆုံးထောက်ပံ့ ပေးခဲံပါတယ်။ ဒါပေမဲ့ ဒါဟာ ပြိုင်ပွဲလေ...လို့ သူကဆိုပါတယ်။
နောက်ဆုံးအဖြစ်အပျက်နဲ့ပတ်သက်ပြီး သူပြောတာက... Fabian (ကာစီးလာလားး) စပြီး ထွက်ပြေးတဲ့အချိန်မှာ ကျန်လူတွေကိုကျနော်ပြောပါတယ်။ ငါတို့မလိုက်ရင်တော့ ပွဲက ဒီမှာ တင်ပြီးသွားပြီဆိုပြီးတော့၊ ဒါပေမဲ့ တကယ်တန်းဦးဆောင်လိုက်နိုင်သူက ကျနော်တဦးတည်း ပါ။
သူကိုဖမ်းမိပြီးတဲ့နောက်မှာ Boasson Hagen တို့ထွက်ပြေးပြန်ပါတယ်။ ပြီးတော့ မီတာ ၄၀၀ လောက်အလိုမှာ Gaviria က နောက်ကလိုက်လာတဲ့အုပ်စုကို ပြန်လှည့်ကြည့်ပါတယ်။ (တကယ်က ပြိုလဲသူအပါဝင် ဆာဂန်တို့ ၄ ဦးက ရှေ့မှာ နဲနဲပြတ်ပြီးပြေးနိုင်ပြီးမှ အရှိန်ကို လျော့ချပြီး ပြေးလမ်းယူဖို့နဲ့ စပရင့်တင်ဖို့ အားယူနေချိန်) အဲဒီမှာ သူလဲကျသွားတာပါပဲ။ တော်တော့်ကို ကျင်းထဲကျပ်ထဲကနေ ကျနော်မလဲပဲ လွတ်သွားတာပါ။
ဒါပေမဲ့ အရှိန်က မရှိတော့ဘူးလေ၊ ဒီတော့ အရှိန်တင်ပြေးသူတွေကို ဘယ်လိုမှ ပြန်ဖမ်းမိဖို့ မလွယ်တော့ပါဘူး။ (ကီလို ၂၉၁ ကို ၇ နာရီနီးပါး စက်ဘီးပေါ်ထိုင်ပြီးစီးခဲ့ရသည့်တိုင်) ခင်ဗျား မှာ အင်ပြည့်အားပြည့်ဖြစ်နေရင်တောင် ပြိုင်ပွဲဆိုတာ ဘယ်တော့ မှလွယ်ကူလေ့မရှိပါဘူး" လို့ ဆာဂန်ကပြောကြားခဲ့ပါတယ်။
.......

ဒီစနေပွဲပြီးရင်တော့ ရှိသမျှ နာမည်ကြီးတွေ အားလုံးပါတဲ့ စပိန်ပွဲတခုရှိနေပါတယ်။ အားလုံးပါ ဖို့ဆိုတာ မလွယ်ပါ။ ပုံမှန်အားဖြင့်ဆိုရင် Grand Tour ချန်ပီယံလို့ခေါ်ကြတဲ့ ၂၁ ရက်ပွဲမှာ ပထမ ရထားသူတွေဟာ အီတလီပွဲကိုဝင်ရင် တိုးဒီဖရင့်ကို မ၀င်ပါဘူး။ တိုးဒီဖရင့်ကို ၀င်ရင် စပိန်ပွဲကို မ၀င်ပါဘူး။ တနှစ်အတွင်း ဒီ ၃ ပွဲစလုံးမှာ ပထမ ရဖို့ဆိုတာမဖြစ်နိုင်သလို အခုထိ လည်းတဦးမှ မရဘူးသေးပါဘူး။
အခု စပိန်မှာကျင်းပမဲ့ (March 21-27), Calella, Catalunya, Road - WorldTour မှာတော့ လက်ရှိ တိုးဒီဖရင့်ချန်ပီယံ အ၀ါရောင်အကျီပိုင်ရှင် Chris Froome (Sky), တိုးဒီဖရင့် ၂ ကြိမ် ဒုတိယ Nairo Quintana (Movistar), အီတလီ ဂျီရိုချန်ပီယံ ပန်းရောင်အကျီပိုင်ရှင် Alberto Contador (Tinkoff), စပိန် ဗိုလ်တာချန်ပီယံ အနီရောင်အကျီပိုင်ရှင် Fabio Aru (Astana Pro Team) နဲ့ defending champion Richie Porte (BMC Racing) တို့က GC အတွက် အကြိတ်အနယ်ပြိုင်ပါလိမ့်မယ်။
...

နောက်တိုးသတင်းအနေနဲ့တင်ပြချင်တာကတော့ လာမဲ့ တနလာင်္ (မတ်လ March 21-27 အထိ) စပိန်မှာ (ဘာစီလိုးနားမှာ) သီတင်းတပတ်ကြာပွဲကြီးတခု စတင်မှာဖြစ်တဲ့အပြင် အဲဒီပွဲ နဲ့ တပြိုင်တည်းမှာ ပီတာဆာဂန်နဲ့ အခြားနာမည်ကြီးတွေဝင်စီးမဲ့ ဘလဂျီယံမှာ Spring Classics ပွဲတခုရှိနေပါသေးတယ်။
လာမဲ့ ဗုဒ္ဒဟူးနေ့ (မတ်လ ၂၅ ရက်နေ့)မှာ E3 Harelbeke လို့အမည်ပေးထားတဲ့ Spring Classics ပွဲတခုရှိနေပါတယ်။ ပြီးရင် (ဘာစီလိုးနားပွဲပြီးတဲ့နေ့) မတ်လ ၂၇ မှာလည်း ဘလဂျီယံမှာပဲ Gent-Wevelgem ရှိနေပါတယ်။
အဲဒီ Classics ပွဲ နှစ်ခုစလုံးကို ပီတာဆာဂန်နဲ့ နာမည်ကြီး စပလင့်တာအတော်များများဝင်ပြိုင် မယ်လို့သိရပါတယ်။ အဲဒီထဲက သိရသလောက်လူစာရင်းထဲမှာ ဒီနေ့ မီလန်ပွဲမှာ ၀င်ပြိုင်သူ အတော်များများပါနေတာကိုတွေ့ရပါတယ်။
ဒီနေ့ ဆာဂန်နဲ့အတူ လဲပြိုမှုကနေ သီသီလေးလွတ်သွားတဲ့ ဆွင်ဇလန်မှ Cancellara, Stybar, Ian Stannard, Alexander Kristoff, Edvald Boasson Hagen (Dimension Data), Greg Van Avermaet (BMC), နဲ့ Tom Boonen (Etixx-QuickStep) တို့ဖြစ်ပါ တယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More