Tuesday, March 29, 2016

စက်ဘီးသမား နောက်တဦး ဆုံးပြန်ပြီ။

သတင်းဆိုး နောက်တပုဒ်...။
...
Criterium International ပွဲစီးနေစဉ် နှလုံးရောဂါနဲ့ဆေးရုံတင်လိုက်ရသူ Daan Myngheer သေဆုံးသွား...။


...
ပြီးခဲ့တဲ့ စနေ-တနင်္ဂနွေ (ဘလဂျီ့ယံက Gent-Wevelgem ပွဲ၊ ဘာစီလိုးနားက Catalunya ပွဲတွေနဲ့တချိန်တည်း) က ပြင်သစ်ပိုင် မြေထဲပင်လယ်ကျွန်း Corsica မှာ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ Critérium International ပွဲ ပထမ နေ့ ပန်းဝင်ဖို့ ၂၅ ကီလိုအလိုမှာ သူဟာ Peloton ထဲကနေပြတ်ကျန်ခဲ့ပါတယ်။
အဲဒီနောက် အရေးပေါ် လူနာတင်ယဉ်ပေါ်တင်ပြီး Ajaccio ဆေးရုံဆီ ပို့ခဲ့ပါတယ်။ အသက် ၂၂ နှစ်သာရှိသေးတဲ့ Daan Myngheer ဟာ Roubaix Lille Métropole အသင်းအတွက် စီးနေသူဖြစ်ပါတယ်။
Myngheer တနလ်ာနေ့ညက ကွယ်လွန်သွားတဲ့အကြောင်း၊ သူရဲ့ vital organs ကိုလှူဒန်း ခဲ့ကြောင်း Facebook ကနေတဆင့် သူရဲ့အသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။ 
Myngheer သေဆုံးမှုအကြောင်း သတင်းထုတ်ပြန်ရတာ အထူးစိတ်မကောင်းပါဘူး။ သူဟာ မတ်လ ၂၈ ရက်နေ့ ည ၇ နာရီ ၈ မီနစ်မှာ ကွယ်လွန်သွားပါတယ်။ ကောင်းကင်ဘုံမှာ အနား ယူပါတော့ ချန်ပီယံ... ဆိုပြီး သတင်းထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

Myngheer ရဲ့သေဆုံးမှုဟာ အခု အီစတာဟောလီးဒေးအတွင်း ထွက်လာတဲ့ ဒုတိယ သတင်းဆိုးဖြစ်ပါတယ်။ Wanty-Groupe Gobert အသင်းမှ Antoine Demoiti ဟာ မနေ့က (လွန်ခဲ့တဲ့ ၂၄ နာရိက) ပဲ ပြိုင်ပွဲအတွင်း ဒဏ်ရာကြောင့် သေဆုံးခဲ့ပါတယ်။
အသက် ၂၂ နှစ်သာရှိသေးတဲ့ ဘလဂျီယံလူငယ်ဟာ မနှစ်ကမှ professional အဖြစ် Team Verandas Willems နဲ့အတူ ၀င်လာသူဖြစ်ပါတယ်။ 2015 Richmond World Championships မှာ U23 Belgian team အသင်းကနေ ၀င်ပြိုင်ခဲ့ပါတယ်။
စက်ဘီးသမားတွေရဲ့ လုံခြုံရေးအတွက် အလေးထားစဉ်းစားဖို့ အထူးလိုအပ်လာနေပြီဖြစ် ပါတယ်။ ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More