Wednesday, September 17, 2025

ဇီးကုန်းမြို့ရဲစခန်း တော်လှန်ရေးတပ်တွေ သိမ်းပိုက်... ကလေးမြို့မှာ စစ်ကော...


ဇီးကုန်းမြို့ရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်... ကလေးမြို့မှာ စစ်ကောင်စီတပ်သား ၁၄ ဦး လက်နက်ချ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၈ - စက်တင်ဘာ - ၂၀၂၅)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ ရဲ ၆ ဦးသေ၊ ၄ ဦးကိုလက်ရဖမ်းမိ၊ သေနက် ၁၁ လက်ရရှိတယ်လို့  Mandalay Free Press က ဖေါ်ပြပါတယ်။

စက်တင်ဘာ ၁၇ ရက် မွန်းလွဲ ၃ နာရီခန့်မှာ ဝင်တိုက်တာဖြစ်ပြီး ရဲတပ်သားနဲ့ဗိုလ်အဆင့် ၆ ဦးသေဆုံး၊ ဗိုလ်လေးအဆင့် ၂ ဦးနဲ့ တပ်သား ၂ ဦးကို လက်ရဖမ်းမိ၊ G3 ၉ လက်၊ G4 ၁ လက်၊ MA15 တစ်လက်၊ ပစ္စတို တစ်လက်နဲ့ ခဲယမ်းတွေ သိမ်းမိတာကို ဓာတ်ပုံ မှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- စစ်ကောင်စီတပ်သား ၁၄ ဦး၊ လက်နက် ၇ လက်နဲ့အတူ ကလေးခရိုင် ပကဖ Drone တပ်ဖွဲ့ (Wings of Kalay) ထံခိုလှုံလာ...

- ကသာခရိုင်၊ ဗန်းမောက်မြို့နယ်ရှိ ရှမ်းနီ ပြည်သူ့စစ် (SNA) တပ်ရင်း(၁၅)က တပ်သားတဦး AK တလက်နဲ့အတူ စက်တင်ဘာ ၈ ရက်နေ့က ဗန်းမောက်မြို့နယ် ပကဖ ထံ ခိုလှုံလာ...

- ဗန်းမောက်မြို့မှာ တိုက်ပွဲတွေဆက်ပြင်းထန်နေပြီး  မြစ်သေးချင်းရွာက ကာကင်း စခန်း ၂ ခု၊ တာဝါတိုင်ကုန်း၊ ကျွဲကောကုန်း၊ စက်တောကုန်း အပါဝင် စစ်ကောင်စီနဲ့ ရှမ်းနီ ပြည်သူ့စစ်တွေရဲ့ ကာကင်းစခန်း ၆ ခုကို တော်လှန်ရေးတပ်တွေဖက်က သိမ်းပိုက်...

- စစ်ကောင်စီတပ်တွေဟာ BGF နယ်ခြားစောင့်တပ် အကူအညီနဲ့ မေတ္တာလင်းမြိုင်ရွာဖက် စစ်အင်အားတွေပို့နေပြီး သေ့ဘောဘိုးစခန်းနဲ့ ဝေါလေလမ်းကြောင်းဖက်ကို စစ်ကြောင်းထိုးဖို့ပြင်နေ...

- ထားဝယ်မြို့ရှိ -ထားဝယ်မြို့တော်ခန်းမသစ်- ဖွင့်ပွဲကို စစ်ကောင်စီဥက္ကဌတက်ရောက်ဖို့ရှိတယ်ဆိုတဲ့သတင်းတွေနဲ့အတူ လုံခြုံရေးအကြောင်းပြပြီး စစ်တပ်က အနီးဝန်းကျင်ရှိ ၄ မြိုံနယ်စလုံးကို စစ်လေယာဉ်နဲ့ဗုံးကြဲနေ...

- ကျောက်ဖြူမြို့ရှိ တရုတ်စီမံကိန်းတွေ လုံခြုံရေးအတွက် တရုတ်လုံခြုံရေးကုမ္ပဏီ ၂ ခုကို စစ်ကောင်စီ ပြည်ထဲရေးဌာနက လိုင်စင်ချပေး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More