Tuesday, September 23, 2025

လေးကေကော်မှာ တိုက်ပွဲပြင်းထန်... ကလေးတိုက်ပွဲ ကသည်း တပ်စိပ်တခု ပြုတ်...


လေးကေကော်မှာ တိုက်ပွဲပြင်းထန်... ကလေးတိုက်ပွဲ ကသည်း တပ်စိပ်တခု ပြုတ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၄ - စက်တင်ဘာ - ၂၀၂၅)

ကရင်ပြည်နယ်၊ လေးကေကော်မြို့သစ်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နဲ့  မဟာမိတ်ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်တဲ့အတွက် စစ်တပ်ဖက်က သေဆုံးမှုများပြီး ရှေ့မတိုးနိုင်ဖြစ်နေတယ်လို့ Karen Information Center က ဖေါ်ပြပါတယ်။

လက်နက်ကြီးပစ်ကူ၊ ဒရုန်းပစ်ကူ ရာချီသုံးပြီး တက်လာတဲ့ စစ်ကောင်စီတပ်ကို ပဟိကလော်ရွာနဲ့ ထီးမယ်ဝါခီးရွာတွေဖက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေကို ပိတ်ဆို့ တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီး ကားလမ်းမပေါ်မှာ စစ်ကောင်စီတပ်နဲ့ ဗိုလ်အယ်စေးဝါးဦးဆောင်တဲ့ (Lion Battalion Commando) စစ်ကြောင်း တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဖက်က သေဆုံးမှုများနေ...

- စစ်ရေးအခြေအနေ လိုအပ်ချက်အရ ကရင်နီပြည်နယ်၊ လွိုင်ကော်- ဒီးမော့ဆို - ဖရူဆို - ဘောလခဲ လမ်းမကြီးကို စက်တင်ဘာလ (၂၃)ကစပြီး အများပြည်သူတွေ အသုံးမပြုပဲ ရှောင်ကြရန် KNDF  သတိပေးချက် ထုတ်ပြန်...

- ကလေးမြို့နယ်၊ နန်းဟန်နွဲ့ရွာရှိ စစ်ကောင်စီတပ်နဲ့ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ရာမှာ စစ်ဗိုလ်တဦးနဲ့ ကသည်းတပ်စိတ်တခုလုံး သေဆုံးသွား...

- ပလောက်မြို့ရှိ တကက (၁၂) လေ့ကျင့်ရေးကျောင်းက စစ်မှုထမ်းတပ်သားသစ် ၇ ဦး K.N.D.O တပ်ရင်း(၇) ထံ ခိုလှုံလာ...

- နတ်တလင်းမြို့နယ်မှာ ပေါ်တာဖမ်းခံရပြီး ရဲစခန်းမှာ ထိန်းသိမ်းခံနေရတဲ့ ရွာသားတဦးက အစောင့်ရဲကို ဒါးနဲ့ထိုးပြီး G3 တလက်နဲ့အတူ သာယာဝတီခရိုင် တပ်ရင်း(၁) ထံ ရောက်လာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More