ကော့ကရိတ်တောင်ပိုင်း တိုက်ပွဲပြင်းထန်... ကျောက်မဲမြို့အနီး အဆိပ်ငွေ့ဗုံးကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၂၉ - စက်တင်ဘာ - ၂၀၂၅)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ နယ်မှာ အာရှလမ်းသစ် အချိန်မီပြန်ဖွင့်နိုင်ရေးအတွက် စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းပြီး KNLA နဲ့ မဟာမိတ်တပ်တွေရှိရာဆီ စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ Karen Information Center က ဖေါ်ပြပါတယ်။
စက်တင်ဘာ ၂၆ ကစပြီး စစ်ကောင်စီတပ်နဲ့ ဗိုလ်မြတ်ခိုင် ဦးဆောင်တဲ့ BGF -၁၀၁၆ တပ်ရင်းက အင်အားတွေစုပေါင်းပြီး စစ်ကြောင်း ၃ ကြောင်းနဲ့ ကော့ကရိတ်တောင်ပိုင်းကို ထိုးဝင်လာတာလို့ ဆိုပါတယ်။
ဒါ့အပြင်...
- နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းကနေ AA အာရက္ခတပ်တော်စခန်းချထားတဲ့နေရာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို AA က တန်ပြန်ထိုးစစ်ဆင်ရာမှာ စစ်ကောင်စီရဲ့ ကာကင်စခန်းတခုကို သိမ်းပိုက်မိ...
- ကျောက်မဲမြို့နယ်၊ လုံဝယ်ကျေးရွာကို စစ်လေယာဉ်က ဗုံးအလုံး ၃၀ နဲ့ အဆိပ်ငွေ့ဗုံး ၃ လုံးကြဲပြီးတဲ့နောက် မြေပြင်တပ်တွေဝင်လာပြီး ရွာကိုပါ မီးရှို့နေ...
- မြင်းခြံမြို့နယ် အရှေ့ခြမ်း၊ ညောင်ပင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ ပျု ခေါင်းဆောင် သီတာယုမွန် အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ၃ ရက်တာတိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်ဖက်က ပြန်ဆုတ်သွား...
- ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်ထဲမှာ ကြေးနီတူးနေတဲ့ တရုတ်နဲ့ စစ်ကောင်စီ ပူးတွဲလုပ်ငန်း- မြန်မာဝမ်ပေါင်နဲ့ မြန်မာယန်စီကုမ္မဏီဝင်ထဲကို အမည်မသိအဖွဲ့တခုက ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်တဲ့အတွက် လုပ်ငန်းခွင် ယာယီရပ်ထား...
- ခင်ဦးမြို့နယ်မှာ စစ်ကောင်စီဖက်က စစ်ကြောင်းအလိုက်ပြုတ်သွားတဲ့ တိုက်ပွဲ ရုပ်-သံ မှတ်တမ်းကို ခင်ဦးမြို့နယ် ပကဖ က ထုတ်ပြန်...
- တမူးခရိုင် အမှတ် (၂)တပ်ရင်းရဲ့ အပတ်စဉ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲကို စက်တင်ဘာ ၂၆ က ကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment