Monday, September 15, 2025

နတ်ရေကန်စခန်းက စစ်သား ၅ ဦးထွက်ပြေးလာ... ထားဝယ် အရှေ့တောဒေသ တိုက်ပွဲပြင်း...


နတ်ရေကန်စခန်းက စစ်သား ၅ ဦးထွက်ပြေးလာ... ထားဝယ် အရှေ့တောဒေသ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၆ - စက်တင်ဘာ - ၂၀၂၅)

အာရက္ခတပ်တော် AA က မကြာခန ဝင်ရောက်တိုက်ခိုက်လေ့ရှိတဲ့ ရခိုင်-မကွေးအစပ်ရှိ နတ်ရေကန် လေကြောင်းကာကွယ်ရေးစခန်းကနေ စစ်သားသစ် ၅ ဦး လက်နက်နဲ့အတူ ထွက်ပြေးလာတယ်လို့ မင်းဘူးခရိုင်၊ အမှတ်၂ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ဒီစစ်သားသစ်တွေဟာ စကခ အမှတ်(၁၇) လက်အောက်ခံ ခမရ (၅၂၀)က ဖြစ်ပြီး နတ်ရေကန်လေကြောင်းကာကွယ်ရေးစခန်းကုန်းသို့ အပို့ခံထားရစဉ်မှာ ထွက်ပြေးလာတာ လို့ ဆိုပါတယ်။

ဒါ့အပြင်...

- ရေဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာတွေဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၆ ဦးသေပြီး ၄ ဦးဒဏ်ရာရ...

- နောင်ပိန် - ကျောက်မဲလမ်းမကြီးပေါ်က ပင်တိန်ရွာနဲ့ ခိုက်တုန်ဟုန်းရွာကြားမှာ စစ်ကောင်စီတပ်နဲ့ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ကြား တိုက်ပွဲပြင်းထန်နေ...

- တောင်ငူ-လိပ်သို လမ်းပိုင်းဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ အရာရှိတဦးအပါဝင် စစ်သား ၄ ဦးသေပြီး ဒဏ်ရာရသူများ...

- ရေးမြို့နယ် နှစ်ကရင်လမ်းဆုံအနီးရှိစခန်းနဲ့ မော့ကနင်ရွာအနီးရှိ စစ်ကောင်စီစခန်းတွေကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ထိခိုက်မှုများ...

- ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ပကာရီရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဖက်က လေကြောင်းပစ်ကူသုံး၊ အရပ်သားသေဆုံးမှုရှိနေ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More