ဗန်းမောက်မြို့ကို PDF သိမ်းပိုက်... ဖာပွန်ဖက်တက်လာတဲ့ စစ်ကောင်စီတပ်ကို KNLA ကြားဖြတ်တိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၂၂ - စက်တင်ဘာ - ၂၀၂၅)
စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်ပေါင်းစုက စက်တင်ဘာ ၂၀ မှာ သိမ်းပိုက်လိုက်ပြီလို့ NUG ရဲ့ သတင်းဌာန PVTV က ဖေါ်ပြပါတယ်။
စက်တင်ဘာ ၁၅ မှာ စတင်ထိုးစစ်ဆင်ပြီး ၆ ရက်အတွင် သိမ်းနိုင်တာလို့ ဆိုပါတယ်။ ဗန်းမောက်မြို့ကို PDF တွေသိမ်းပိုက်ပြီးနောက် မြို့အဝင် ဆိုင်းဘုတ်ရှေ့မှာ PDF လူငယ်တွေ နေရာယူနေတဲ့ ဗီဒီယို တခုလည်း ဆိုရှယ်မီဒီယာမှာ ပြန့်နေပါတယ်။
ဒါ့အပြင်...
- ကလေးဝမြို့နယ်မှာ ပျုစောထီးစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး ပျုစောထီးတဦးကို လက်နက်နဲ့အတူ ဖမ်းမိ...
- သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြာကျေးရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် အရပ်သား ၄ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ...
- ဖာပွန်ဗျူဟာကုန်းသို့ စစ်ကူတက်လာတဲ့ စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA က ကြားဖြတ်တိုက်ရာမှာ စစ်ကောင်စီဖက်က အထိနာပြီး တပ်ပြန်ဆုတ်သွား...
- မြဝတီမြို့နဲ့ ၉ မိုင်ခန့်အကွာရှိ လေးကေ့ကော်မြို့သစ်ဖက်ကို အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းတခု စက်တင်ဘာ ၂၁ ညနေပိုင်းမှာ ဝင်ရောက်လာဟု သတင်းထွက်နေ...
- ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာတိုက်ပွဲအတွင်း စစ်တပ်ဖက်က တပ်ကြပ်ကြီး (၂) ဦးအပါအဝင် (၇) ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရကာ သေနတ်တလက်နဲ့ ခဲယမ်းတွေ သိမ်းမိ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment