Wednesday, September 24, 2025

“ဗန်းမောက်မြို့သိမ်းတိုက်ပွဲက အထွေထွေထိုးစစ်ရဲ့ အဖွင့်တီးလုံးဖြစ်တယ်”


“ဗန်းမောက်မြို့သိမ်းတိုက်ပွဲက အထွေထွေထိုးစစ်ရဲ့  အဖွင့်တီးလုံးဖြစ်တယ်” 

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၄ - စက်တင်ဘာ - ၂၀၂၅)

“ဗန်းမောက်မြို့သိမ်းတိုက်ပွဲက အထွေထွေထိုးစစ်ရဲ့ အဖွင့်တီးလုံးဖြစ်တယ်၊ NUG က ဦးဆောင်ပြီး အထွေထွေထိုးစစ် လုပ်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကို ပိုခိုင်မာလာစေတယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက PDF တပ်တွေ သိမ်းပိုက်လိုက်တဲ့ ဗန်းမောက်မြို့သိမ်းတိုက်ပွဲအပါဝင် အညာဒေသက စခန်းသိမ်းတိုက်ပွဲတွေနဲ့ လက်ရှိ စစ်ရေးအခြေအနေပေါ် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ဗန်းမောက်မြို့သိမ်းတိုက်ပွဲက စစ်ရေး-နိုင်ငံရေးအရ ဘယ်လောက်အရေးပါသလဲ...

- အညာဒေသက စခန်းသိမ်းတိုက်ပွဲတွေကကော ချေမှုန်းရေးတိုက်ပွဲအဆင့် ရောက်လာပြီလား...

- ကရင်ပြည်နယ်ဖက်မှာ နှစ်ဖက်ခွစားနေတဲ့ BGF တွေကို ဘယ်လိုသဘောထားသင့်သလဲ...

- စစ်ကောင်စီကပြောထားတဲ့ ရွေးကောက်ပွဲမတိုင်မီ ၂ လအတွင်း အထွေထွေထိုးစစ် တကယ်စတင်နိုင်မှာလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More