ကျောက်မဲမြို့အနီးထိ စစ်ကောင်စီတပ်တွေ ရောက်လာ... နတ်ရေကန်အနီးက ကာကင်းစခန်း AA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၃၀- စက်တင်ဘာ - ၂၀၂၅)
လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ အင်အားအလွန်အကျွံသုံးပြီး ကျောက်မဲမြို့ဆီ ထိုးစစ်ဆင်လာနေတဲ့ စစ်ကောင်စီတပ်တွေဟာ ကျောက်မဲနဲ့ ၃ မိုင်အကွာရှိ ခိုမုန်းရွာအနီးထိ ရောက်ရှိနေပြီဖြစ်တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖေါ်ပြပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လအတွင်း နောင်ချိုမြို့ကို ပြန်ရလိုက်တဲ့ စစ်ကောင်စီတပ်ဟာ တဖြေးဖြေးချင်း ရှေ့တိုးလာနေတာဖြစ်ပြီး သြဂုတ်လကုန်ပိုင်းမှာ နောင်ပိန်ကိုရတယ်၊ တနေ့က စခန်းသာကိုရတယ်၊ အခု ခိုမုန်းရွာနားအထိ ရောက်လာနေပြီဖြစ်ပါတယ်။
ဒါ့အပြင်...
- KIA ထိန်းချုပ်မှုအောက်ရှိ ဆဒုံးမြို့ကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကလေးငယ်တွေအပါဝင် ဒေသခံ ၈ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ...
- AA အာရက္ခတပ်တော် ထိန်းချုပ်မှုအောက်ရှိ ပလက်ဝမြို့ကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ဒေသခံ ၂ ဦးသေဆုံးပြီး ၁၉ ဦးဒဏ်ရာရ...
- နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းအတွက် အဓိက ကာကင်းစခန်း ဂုတ်ကြီစခန်းကို AA အာရက္ခတပ်တော်က သိမ်းပိုက်...
- မြိုင်မြို့နယ်တောင်ပိုင်းရှိ တွင်းမ-ပျူစောထီးစခန်းကနေ ထွက်လာတဲ့ ပျု စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ ပျု ၃ ဦးသေပြီး သေနတ်တလက်သိမ်းမိ...
- အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ်တို့ တွေ့ဆုံဆွေးနွေး...
- ချင်းကာကွယ်ရေးတပ် - အရှို ( CDF - Asho ) ရဲ့ အခြေခံ ခံစစ်ပညာသင်တန်း အပတ်စဉ် - ၇ သင်တန်းဆင်းပွဲ စက်တင်ဘာ ၂၈ က ကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment