ဗန်းမော်မှာ တိုက်ပွဲပြန်ဖြစ်နေ... လေးကေ့ကော်တိုက်ပွဲ စစ်တပ်အထိနာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၂၇ - စက်တင်ဘာ - ၂၀၂၅)
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ KIA နဲ့ မဟာမိတ်တပ်တွေ ထိန်းချုပ်ထားတဲ့ လေယာဉ်ကွင်းနဲ့ မနောကွင်းဖက်ကို စစ်တပ်က ထိုးဝင်လာတဲ့အတွက် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဖက်က ထိခိုက်မှုရှိတယ်လို့ Kachin News Group က ဖေါ်ပြပါတယ်။
စက်တင်ဘာ ၂၀ ကတည်းက တိုက်ပွဲတွေပြန်ဖြစ်နေပြီး ၂၆ နေ့လယ်ပိုင်းမှာတော့ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူသုံးပြီး စစ်တပ်ဖက်က ထိုးစစ်ဆင်လာတာလို့ ဆိုပါတယ်။
ဒါ့အပြင်...
- တန့်ဆည်မြို့နယ်၊ ကံထူးမရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ရွာသား ၈ ဦးအထိသေဆုံးပြီး ၁၂ ဦးဒဏ်ရာရ...
- တောင်ကုတ်မြို့ကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ဘုန်းတော်ကြီးကျောင်းဆောင်ပျက်စီးသွားပြီး လူထိခိုက်မှုရှိ မရှိ မသိရသေး...
- လေးကေ့ကော်မြို့သစ်ဆီ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA က ဗိုလ်ကြီးဒါဘောဦးဆောင်တဲ့ ဗျူဟာအမှတ် (၃၂) ကျားသစ်နက်စစ်ကြောင်း ၊ ကော်ဘရာစစ်ကြောင်းတို့နဲ့ အနီးကပ်ရင်ဆိုင်တိုက်ပွဲဖြစ်ပြီး စစ်တပ်ဖက်က သေဆုံးမှုများ၊ လက်နက်တွေလည်း သိမ်းမိ...
- တနသာင်္ရီမြို့နယ်၊ ပဝပ်ကျေးရွာနဲ့ ရှမ်းအင်းတော်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပြီး စစ်တပ်ဖက်က ၇ ဦးသေ၊ ၈ ဦးဒဏ်ရာရ...
- ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ အခြေခံစစ်ပညာသင်တန်း (အပတ်စဉ် - ၁၇) သင်တန်းဆင်းပွဲ ဗီဒီယိုမှတ်တမ်းကို မန္တလေး PDF က ထုတ်ပြန်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment