Monday, September 22, 2025

ခင်ဦးတိုက်ပွဲ စစ်ကြောင်းအလိုက်ပြုတ်... တရုတ်နယ်စပ် ခေါင်လန်းဖူးဖက်မှာ တိ...


ခင်ဦးတိုက်ပွဲ စစ်ကောင်စီဖက်က စစ်ကြောင်းအလိုက်ပြုတ်... တရုတ်နယ်စပ် ခေါင်လန်းဖူးဖက်မှာ တိုက်ပွဲပြင်းထန်...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၃- စက်တင်ဘာ - ၂၀၂၅)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က စစ်တပ်နဲ့ ပျုစောထီး ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က စစ်ကြောင်းလိုပ်ပြုတ်တဲ့အထိသေဆုံးသူများပြီး ၂ ဦးကို လက်ရဖမ်းမိ၊ ၆၀ မမ အပါဝင် သေနတ် ၁၃ လက် သိမ်းမိတယ်လို့ ခင်ဦးမြို့နယ် ပကဖ က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၂၊ မနက် ၇ နာရီခန့်မှာ တိုက်ခိုက်တာဖြစ်ပြီး ဒု-ဗိုလ်မှူးကြီး အဆင့်အပါဝင် စစ်တပ်ဖက်က သေဆုံးသူများ၊ ၂ ဦးကို လက်ရဖမ်းမိ၊ 60 မမ ကွန်မန်ဒို စိန်ပြောင်း(၁) လက်၊ အရာရှိကိုင် ပစ္စတို တလက်၊ MA-1 (၅) လက်၊ MA-3 (၄) လက်၊ G3 (၁) လက်၊ ကာဘိုင် (၁) လက်နဲ့ ခဲယမ်းမျိုးစုံသိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- ပခုက္ကူမြို့၊ ရထားဘူတာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ရဲ ပူးပေါင်းအဖွဲ့ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ ရဲ ၄ ဦးသေပြီး သေနတ် ၃ လက် သိမ်းမိ...

- ကသာခရိုင်ရှိ ဗန်းမောက်မြို့ကို စက်တင်ဘာ ၂၀ မှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသက တရားဝင် သတင်းထုတ်ပြန်...

- တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်၊ ခေါင်လန်းဖူးမြို့နယ်ရှိ KIA - နဲ့ မဟာမိတ်တွေ ထိန်းချုပ်ထားတဲ့ လာဟီဆင် စခန်းဖက်ကို စစ်ကောင်စီတပ်နဲ့ ခေါင်လန်းဖူးပြည်သူ့စစ်တွေက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တဲ့အတွက် တိုက်ပွဲပြင်းထန်နေ...

- ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီမြို့ တောင်ဘက်ရှိ လေးကေကော်ဒေသဆီ စစ်ကောင်စီတပ်တွေဝင်လာပြီးတဲ့နောက် KNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေနဲ့ လက်နက်ကြီး တိုက်ပွဲဖြစ်နေ...

- တမူးခရိုင်၊ မြို့သစ်မြို့နယ်၊ ကျွန်းပင်သာရွာ အခြေစိုက် ခမရ (၃၄၇) က ဒုတပ်ကြပ်တဦးဟာ MA-11 သေနတ် တလက်နဲ့အတူ တမူးခရိုင် အမှတ် (၂) တပ်ရင်းထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More