ခင်ဦးတိုက်ပွဲ စစ်တပ်အထိနာ... ရေးမြို့မှာ စစ်ဗိုလ်တဦး ပစ်ခတ်ခံရ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၂၀ - စက်တင်ဘာ - ၂၀၂၅)
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွှေဘိုလေ့ကျင့်ရေး (၈) ဖက်ကနေ ထွက်လာတဲ့ စစ်တပ်နဲ့ ပျုစောထီး ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးမှုများပြီး သေနတ် ၂ လက်နဲ့ ခဲယမ်းတွေ သိမ်းမိတယ်လို့ ခင်ဦးမြို့နယ် ပကဖ က သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၈ ရက်မှာ အင်အား ၈၀ ခန့်ရှိတဲ့ စစ်တပ်နဲ့ ပျု ပူးပေါင်းစစ်ကြောင်း မကျီးတုံရွာဖက် ရောက်လာစဉ် တိုက်ခိုက်တာလို့ ဆိုပါတယ်။ စစ်တပ်ဖက်က ဆုတ်ပြေးသွားပြီးနောက် နယ်မြေရှင်းတဲ့အခါ MA4 (၁)လက်၊ ပစ္စတို (၁)လက်နဲ့ ခဲယမ်းတွေ သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။
ဒါ့အပြင်...
- ရွှေကူမြို့နယ်အတွင်းက ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေထဲရှိ စစ်သင်တန်းပေးဖို့ ပြင်ဆင်နေရာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် လူငယ် ၁၇ ဦးအထိ သေဆုံးပြီး ၂၀ ခန့်အထိ ဒဏ်ရာရ...
- သံဖြူဇရပ်မြိုနယ် ထင်းရှူး ဘူတာနား ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ထိခိုက်သေဆုံးမှုရှိ...
- ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက် ခမရ- ၅၉၁ က ဗိုလ်ကြီးတဦးနဲ့ မိသားစုကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ ဗိုလ်ကြိးဆိုသူ သေဆုံးသွား...
- ပုလဲမြို့နယ်က စစ်မှုထမ်း တပ်သားသစ် တဦးဟာ MA-1 တလက်နဲ့အတူ ယင်းမာပင်ခရိုင် အမှတ် ၃၁ တပ်ရင်းထံ ခိုလှုံလာ...
- ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ အခြေခံစစ်ပညာသင်တန်း (အပတ်စဉ် - ၁၇) သင်တန်းဆင်းပွဲ ကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment