Thursday, September 18, 2025

ကျောက်ဖြူမှာ တိုက်ပွဲပြန်ဖြစ်... ကနီမှာ စစ်သား ၃ ဦး လက်ရဖမ်းမိ...


ကျောက်ဖြူမှာ တိုက်ပွဲပြန်ဖြစ်... ကနီမှာ စစ်သား ၃ ဦး လက်ရဖမ်းမိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၉ - စက်တင်ဘာ - ၂၀၂၅)

တရုတ်စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ အမှတ် ၃၂ ရဲတပ်ရင်းအနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ကြား တိုက်ပွဲ ပြန်ပြင်းထန်နေတယ်လို့ Western News က ဖေါ်ပြပါတယ်။

ဩဂုတ်လ နောက်ဆုံးအပတ်ကစပြီး တိုက်ပွဲငြိမ်နေရာကနေ စစ်ကောင်စီက လက်နက်ကြီးတွေပစ်ပြီး ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲပြန်ဖြစ်တာလို့ ဒေသခံတွေက ပြောပါတယ်။ 

ဒါ့အပြင်...

- မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်ရှိ သိန်းခွန်း‌ရွာအနီးမှာ တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ၊ သေနတ် ၂ လက်သိမ်းမိ...

- ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်အနီးရှိ ပယရွာဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပြီး အရပ်သား ၂ ဦး ဒဏ်ရာရ...

- သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာ ဘူတာအနီး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ကို မွန် တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၄ ဦးသေဆုံး...

- ကနီမြို့နယ်၊ ချောင်းမကျေးရွာ တိုက်ပွဲကနေ ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်သားတွေထဲက ၃ ဦးကို လက်ရဖမ်းမိပြီး သေနတ် ၃ လက်နဲ့ခဲယမ်းတွေ သိမ်းမိ...

- ပကာရီရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ခမရ ၄၀၆ က စစ်သားသစ်တဦးဟာ MA 1 (၁) လက်နဲ့အတူ ဒူရက စစ်ကြောင်းထံ ခိုလှုံ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

 #BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More