Tuesday, October 10, 2023

“NCA နှစ်ပတ်လည်အကြိုနေ့မှာ လိုင်ဇာကို ဗုံးကြဲတယ်ဆိုတာကတော့...”


“NCA နှစ်ပတ်လည်အကြိုနေ့မှာ လိုင်ဇာကို ဗုံးကြဲတယ်ဆိုတာကတော့...”

- ခွန်မြင့်ထွန်း (ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ - PNFC)

(၁၀- ၁၀- ၂၀၂၃)

“တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ဖြစ်ပေါ်လာအောင် ကြိုးစားတဲ့နေရာမှာ KIO ဌာချုပ် လိုင်ဇာဟာ အရေးကြီးတဲ့အခန်းက ပါဝင်ခဲ့တယ်။ အခု NCA (၈) နှစ်ပြည့်အခမ်းအနားကျင်းပဖို့ပြင်နေစဉ်မှာ လိုင်ဇာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေတာဖြစ်တယ်” လို့ NCA လက်မှတ်ရေးထိုးရာမှာပါဝင်ခဲ့သူ ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ (PNFC) ဥက္ကဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့မှာ စစ်ကောင်စီက ကျင်းပဖို့ပြင်နေတဲ့ NCA (၈) နှစ်ပြည့်အခမ်းအနားအပေါ် ဘယ်လိုမြင်သလဲ၊ NCA က ပျက်သွားပြီမဟုတ်လား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...

- NCA နှစ်ပတ်လည်ကျင်းပဖို့ပြင်နေစဉ် လိုင်ဇာကို ဗုံးကြဲတာဟာ တိုက်ဆိုက်မှု ဟုတ်ရဲ့လား...

- NCA သဘောတူစာချုပ်က ပျက်သွားပြီလား၊ ရှိနေဆဲလား...

- တရားမဝင်တဲ့ တပ်မတော်၊ ပြည်သူရဲ့ရန်သူ ဖြစ်လာနေတဲ့တပ်မတော်ဟာ ဘယ်ကိုဦးတည်နေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(PDF တွေနဲ့ ERO တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှု ဒီထက်အရှိန်ပိုကောင်းလာအောင် ဘာတွေဆောင်ရွက်ဖို့လိုအပ်နေသလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More