Wednesday, October 11, 2023

“ပြည်နယ်တွေအပြင် တိုင်းဒေသကြီးတွေမှာပါ ဖက်ဒရယ်ယူနစ်အကြောင်း ဆွေးနွေးပြော...


“ပြည်နယ်တွေအပြင် တိုင်းဒေသကြီးတွေမှာပါ ဖက်ဒရယ်ယူနစ်အကြောင်း ဆွေးနွေးပြောဆိုဖို့လိုပါတယ်”

- ကိုစိုးဝင်းဆွေ (ပြောခွင့်ရပုဂ္ဂိုလ် - စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ )

(၁၁- ၁၀- ၂၀၂၃)

“စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေးတိုက်ပွဲဝင်နေသူတွေကြားမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအကြောင်းပြောတာအပြင် ဖက်ဒရယ်အကြောင်းကိုလည်း အလေးပေးဆွေးနွေးဖို့လိုတယ်။ ပြည်နယ်တွေအပြင် တိုင်းဒေကြီးတွေဖက်မှာပါ ဖက်ဒရယ်ယူနစ် အကြောင်း ဆွေးနွေးပွဲတွေ ဒီထက်မက အရှိန်မြှင့်ဆောင်ရွက်သင့်တယ်” လို့ စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သူ ကိုစိုးဝင်းဆွေက ပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်ခွဲကာလအတွင်း ဘယ်လောက်ခရီးရောက်နေပြီလဲ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို ဘယ်လိုစနစ်တကျ ပူးတွဲဖော်ဆောင်နေသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်တွေအတွက် ဘယ်သူတွေက ဘယ်လိုကူညီပေးနေသလဲ...

- တော်လှန်ရေးတပ်တွေက နယ်မြေဘယ်လောက်များများကို ထိန်းချုပ်ပြီး ဘယ်လိုအုပ်ချုပ်ရေး ဆောင်ရွက်နေသလဲ...

- ပြည်နယ်တွေအပြင် အညာဒေသမှာကော ဖက်ဒရယ်ယူနစ်အကြောင်း ဘယ်လောက်အထိ ပြောဆိုဆွေးနွေးနေကြပြီလဲ...

- ၂ နှစ်ခွဲကာလအတွင်း တော်လှန်ရေးခရီး ဘယ်လောက်တိုးတက်လာသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(NCA နဲ့ ERO တွေအကြောင်း ဆွေးနွေးထားတဲ့ ခွန်မြင့်ထွန်းနှင့် မေးမြန်းချက် ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More