Tuesday, October 17, 2023

“NCA ပွဲ သွားတက်တဲ့လူတွေဟာ သမိုင်းဟောင်းထဲ ပိတ်မိနေသူတွေဖြစ်တယ်”



“NCA ပွဲ သွားတက်တဲ့လူတွေဟာ သမိုင်းဟောင်းထဲ ပိတ်မိနေသူတွေဖြစ်တယ်”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

 (၁၇- ၁၀- ၂၀၂၃)

“နေပြည်တော်အထိသွားပြီး NCA နှစ်ပတ်လည်ပွဲတက်တဲ့လူတွေဟာ လူထုဆန္ဒကိုမလေးစားသူ၊ လူထုတော်လှန်ရေးကို မယုံကြည်သူ၊ သမိုင်းဟောင်းထဲ ပိတ်မိနေသူတွေသာဖြစ်တယ်” လို့ ချင်းပြည်နယ် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာကျင်းပတဲ့ NCA နှစ်တပ်လည်ပွဲအပေါ်အမြင်၊ နွေဦးတော်လှန်ရေး ရှေ့အလားအလာတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- စစ်ကောင်စီရဲ့ ထိန်းချုပ်နိုင်မှ ၁၀% ကို ဘယ်လိုဆက်လက်ဖြိုချနိုင်မလဲ...

- တော်လှန်ရေးတပ်တွေရဲ့ ဟန်ချက်ညီလှုပ်ရှားနိုင်မှု ဘယ်လောက်အားကောင်းနေပြီလဲ...

- NCA ပွဲ သွားတက်သူတွေ မကြာခင်မှာ နွေဦးတော်လှန်ရေးထဲ ပြန်ရောက်လာနိုင်သလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More