Thursday, October 5, 2023

နွေဦးတော်လှန်ရေး ခုခံစစ်ကနေ ထိုးစစ်အကြိုကာလကို တကယ်ရောက်ပြီလား.


နွေဦးတော်လှန်ရေး ခုခံစစ်ကနေ ထိုးစစ်အကြိုကာလကို တကယ်ရောက်ပြီလား...
-------
(၅- ၁၀- ၂၀၂၃)

“ဦးတော်လှန်ရေးရဲ့ လက်ရှိအခြေအနေဟာ မဟာဗျုဟာအရ ခုခုံစစ်ကနေ မဟာဗျုဟာအရ ထိုးစစ်အကြိုကာလကို ရောက်နေပြီဖြစ်တယ်လို့” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD) ပြောခွင့်ရပုဂ္ဂိုလ် ဦးမောင်မောင်ဆွေက BNN ကို ပြောပါတယ်။

ဒါပေမယ့် စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ “အကြို” ဆိုတဲ့ စကားလုံးခံထားလို့ ဒီအကဲဖြတ်ချက်ဟာ မမှားဘူးဆိုပေမယ့်လည်း တန်ပြန်-ထိုးစစ်ဆင်မယ်ဆိုရင် မဟာဗျုဟာမြောက် လက်နက်တွေ အရင်တပ်ဆင်နိုင်ဖို့လိုတယ်လို့ပြောပါတယ်။

ချင်းတောင်တန်းပေါ်က မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်ကတော့ ထိုးစစ်မဆင်ခင် ထောက်ပို့ရေးလမ်းကြောင်းတွေကို ချောမွေ့နေအောင် NUG ဖက်က  အရင်တည်ဆောက်ဖို့လိုတယ်လို့ပြောပါတယ်။

ဆိုတော့ နွေဦးတော်လှန်ရေး လက်ရှိအခြေအနေဟာ ခုခံစစ်ကနေ ထိုးစစ်အကြိုကာလကို တကယ်ရောက်ပြီလား... သူတို့ ၃ ဦးရဲ့ အမြင်ကို စုစည်းတင်ပြပေးလိုက်ပါတယ်...

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More