Monday, October 9, 2023

“တခုတည်းသော CoC အောက်မှာ တိုက်ပွဲဝင်နိုင်ဖို့ လိုပါတယ်”


“တခုတည်းသော CoC အောက်မှာ တိုက်ပွဲဝင်နိုင်ဖို့ လိုပါတယ်”

- ကိုစိုးဝင်းဆွေ - (ပြောခွင့်ရပုဂ္ဂိုလ် - စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့)

(၁၀- ၁၀- ၂၀၂၃)

“စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးတပ်တွေအားလုံး (CoC) အမိန့်ပေးကွပ်ကဲမှု တခုတည်းအောက်မှာ စုပေါင်းတိုက်ပွဲဝင်ဖို့လိုတယ်။ ဒီအတွက် စစ်ကိုင်းဖိုရမ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MoD) တို့ ပူးပေါင်းဆောင်ရွက်နေတယ်” လို့ စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သူ ကိုစိုးဝင်းဆွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ စစ်ကိုင်းဖိုရမ်က ဦးစီးကျင်းပခဲ့တဲ့ စစ်ရေးဆိုင်ရာအစည်းဝေးနဲ့ပတ်သက်ပြီး ...  BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...

- စစ်ကိုင်းဖိုရမ်းက ဦးစီးကျင်းပတဲ့ စစ်ရေးဆိုင်ရာအစည်းအဝေး ဘာတွေထူးခြားသလဲ...

- ဗိုလ်နဂါးတို့ရဲ့ BNRA အပေါ် စစ်ကိုင်းဖိုရမ်က ဘယ်လိုသဘောထားသလဲ...

- ၃ လကျော်ကာလအတွင်း စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့က ဘာတွေ ဆောင်ရွက်နိုင်ခဲ့သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဒီမိုကရေစီအပြင် ဖက်ဒရယ်အရေးကိုပါ တပြိုင်တည်းဖေါ်ဆောင်နိုင်အောင် ဗမာလူများစုကြားမှာ ဘယ်လိုစဉ်းစားချက်တွေ လိုအပ်နေသလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More