Sunday, October 15, 2023

“ရွာတွေအားလုံးတော့ ထိန်းထားလိုက်ပြီ၊ မြို့ပေါ်မှာတော့ ပေါ်တင်သွားလာလို့ ...


“ရွာတွေအားလုံးတော့ ထိန်းထားလိုက်ပြီ၊ မြို့ပေါ်မှာတော့ ပေါ်တင်သွားလာလို့ မရသေးဘူး”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၁၆- ၁၀- ၂၀၂၃)

“ကျေးရွာတွေအားလုံးကို တော်လှန်ရေးတပ်တွေက ထိန်းထားနိုင်ပြီဖြစ်ပေမယ့် မြို့ပေါ်မှာတော့ သူဖက်ကလည်း လွတ်လပ်စွာမသွားရဲ၊ ကိုယ့်ဖက်ကလည်း လွတ်လပ်စွာမသွားရဲတဲ့အခြေအနေ ဖြစ်နေတယ်” လို့ ချင်းပြည်နယ် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက လက်နက်အသစ်တွေ တပ်ဆင်တာ၊ နယ်မြေထိန်းချုပ်နိုင်မှု ပိုအားကောင်းလာတာအပါဝင် ချင်းပြည်နယ်တောင်ပိုင်းနဲ့ ယောနယ်က တော်လှန်ရေးတပ်တွေရဲ့ လှုပ်ရှားနိုင်မှုအကြောင်း... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- CDF တွေရဲ့ လက်နက်တပ်ဆင်နိုင်မှုအနေအထား ဘယ်လိုရှိလဲ...

- စစ်ကောင်စီတပ်က မြို့ကို ဘယ်လောက်ထိန်းထားနိုင်သေးလဲ...

- မင်းတပ်၊ ကန်ပက်လက်၊ ဆောနဲ့ ယောဒေသမှာ တော်လှန်ရေးတပ်တွေ ဟန်ချက်ညီ လှုပ်ရှားနိုင်နေပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နယ်မြေထိန်းချုပ်မှုကနေ တန်ပြန်ထိုးစစ်ကို သွားနိုင်ဖို့ ဘာတွေလိုအပ်နေသေးလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More