Saturday, October 7, 2023

“စစ်တပ်အတွက် လက်နက်မဝယ်ပဲ လူထုအတွက် စားအုန်းဆီနဲ့လောင်စာဆီတွေ ဝယ်ပေးလိုက...


“စစ်တပ်အတွက် လက်နက်မဝယ်ပဲ လူထုအတွက် စားအုန်းဆီနဲ့လောင်စာဆီတွေ ဝယ်ပေးလိုက်ပေါ့”

- ဦးစိန်ဌေး (စီးပွားရေး ဝေဖန်သုံးသပ်သူ)

(၈- ၁၀- ၂၀၂၃)

“နိုင်ငံတကာရဲ့ စီးပွားရေးဒဏ်ခတ်မှုကနေ သက်သာချင်ရင် လူထုဆီကရတဲ့အခွန်ငွေတွေကို စစ်တပ်အတွက် နိုင်ငံခြားကနေ လက်နက်ဝယ်တဲ့နေရာမှာမသုံးပဲ လူထုအတွက် စားအုန်းဆီနဲ့ လောင်စာဆီဝယ်တဲ့နေရာမှာသာ သုံးလိုက်ပါ။ အဲလိုသာလုပ်မယ်ဆိုရင် စီးပွားရေးပိတ်ဆို့မှုရပ်အောင် ကျနော်ကိုယ်တိုင်ဦးဆောင် တောင်းဆိုပေးမယ်” လို့ စီးပွားရေးဝေဖန်သုံးသပ်သူ ဦးစိန်ဌေးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဖိနှိပ်မှုအောက်မှာ စားဝတ်နေရေး ကျပ်တည်းနေတဲ့ လူထုကို ဘယ်လိုအကြံပြုချင်သလဲ၊ စစ်ကောင်စီကိုကော ဘယ်လိုများအကြံပြုချင်သလဲ ... ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- MOGE စွမ်းအင်ဌာနဝင်ငွေနဲ့ ဗဟိုဘဏ်ကိုပိတ်ဆို့တဲ့အထိ နိုင်ငံတကာဖက်က အရေးယူမှုဆောင်ရွက်နိုင်မလား...

- မြန်မာနိုင်ငံမှာ သာမန်လူထုပဲဆင်းရဲပြီး စစ်ဗိုလ်တွေ ချမ်းသာနေတာ ဘာကြောင့်လဲ...

- မျိုးချစ်စိတ်ကိုပြချင်တဲ့ ဗိုလ်ချုပ်ကြီးတွေက သူတို့ရဲ့ဒေါ်လာ သန်းချီတန်တဲ့ နေအိမ်တွေကိုရောင်းပြီး လူထုအတွက် စားအုန်းဆီ၊ လောင်စာဆီ ဝယ်ပေးတဲ့အထိ သဘောထားပြောင်းသွားနိုင်ခြေရှိသလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More