Friday, October 6, 2023

“လူပြောင်းကစားရုံနဲ့ မရဘူး၊ စနစ်ပါပြောင်းမှ ရမှာ”


“လူပြောင်းကစားရုံနဲ့ မရဘူး၊ စနစ်ပါပြောင်းမှ ရမှာ”

- ဦးစိန်ဌေး (စီးပွားရေး ဝေဖန်သုံးသပ်သူ)

(၇- ၁၀- ၂၀၂၃)

“စစ်ကောင်စီဥက္ကဌက ဟိုလူ့ဖမ်း၊ ဒီလူ့ဖမ်း။ ဟိုလူနဲ့အစားထိုး၊ ဒီလူနဲ့အစားထိုး လုပ်နေရုံ၊ လူပြောင်းကစားရုံနဲ့ လက်ရှိစီးပွားရေးအကျပ်အတည်းကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ စနစ်ပါပြောင်းမှရမယ်၊ ဒါဟာ စစ်တပ်အာဏာသိမ်းမှုကြောင့်ဖြစ်လာတယ်ဆိုတာကို စကစ ဥက္ကဌ သဘောပေါက်ဖို့လိုတယ်” လို့ စီးပွားရေးဝေဖန်သုံးသပ်သူ ဦးစိန်ဌေးက ပြောပါတယ်။

နိုင်ငံတကာရဲ့စီးပွားရေးဒဏ်ခတ်မှုကြောင့် နိုင်ငံခြားငွေရှားပါးလာနေတဲ့ စစ်ကောင်စီဟာ ဒေါ်လာကိုင်တဲ့လူတွေကို ဖမ်းဆီးအရေးယူပြီး လူသစ်တွေနဲ့အစားထိုးနေမှုက ဒီပြသာနာကိုပြေလည်စေပါ့မလား...ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...

- ဒေါ်လာကိုင်သူတွေကို ဖမ်းဆီးပြရုံနဲ့ စီးပွားရေးအကျပ်အတည်းက ပြေလည်နိုင်ပါ့မလား...

- စစ်ကောင်စီဥက္ကဌကိုယ်တိုင်ရဲ့  အဂတိလိုက်စားမှုကိုကော ဘယ်သူက အရေးယူဆောင်ရွက်မှာလဲ...

- နိုင်ငံခြားငွေ အရမ်းလိုနေလို့ ဟိုတယ်-ခရီးဝန်ကြီးကိုယ်တိုင် တိုးရစ်တွေကို ထွက်ကြိုနေရပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ဗိုလ်ချုပ်ကြီးတွေကိုယ်တိုင်က သူတို့ပိုင် အိမ်ယာတွေကိုရောင်းချပြီး လူထုအတွက် စားအုန်းဆီဝယ်ပေးတဲ့အခြေအနေဖြစ်လာနိုင်သလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More