Wednesday, October 4, 2023

စာသင်ကျောင်းကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်၊ ကျောင်းသား ၇ ဦး အရေးပေါ် ကုသမှ...


ဝန်းသိုမြို့နယ်က စာသင်ကျောင်းကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်၊ ကျောင်းသား ၇ ဦး အရေးပေါ် ကုသမှုလိုအပ်နေကြောင်း NUG သတင်းစာရှင်းပွဲလုပ်
---------------------
(၄- ၁၀- ၂၀၂၃)

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုတောင်ရွာမရွာက ဘုန်းတော်ကြီးကျောင်း စာသင်ဆောင်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက် မူလတန်းကျောင်းသား ကလေးငယ် ၂၁ ဦးဒဏ်ရာရပြီး ၇ ဦး အရေးပေါ်ကုသမှုခံယူရန် လိုအပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့ အွန်လိုင်းကကျင်းပတဲ့ သတင်းစာရှင်းပွဲအတွင်း ပြောပါတယ်။

ဝန်းသို့မြို့ အခြေစိုက် တပ်မ ၃၃ လက်အောက်ခံ ခြေမြန်တပ်ရင်း (၁၂၀) က စက်တင်ဘာ ၂၇ ရက်နေ့မှာ မြေပြင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ၁၀ မိုင်ခန့်ကွာဝေးတဲ့ ဂျိုးတောင်ရွာမရာသို့ ၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်နဲ့ ပစ်ခတ်ခဲ့တာလို့ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦအောင်မျိုးမင်းကပြောပါတယ်။

ဦးအောင်မျိုးမင်းနဲ့အတူ ဒေသခံကျောင်းဆရာမတဦး၊ ကလေးငယ်တွေကို ပြုစုကုသပေးတေဲ့ သူနာပြုဆရာတဦးတို့ကလည်း ဖြစ်စဉ်အသေးစိပ်ကို သတင်းစာရှင်းပွဲအတွင်း ပြောပြခဲ့ပါတယ်။

စစ်ကောင်စီဟာ ဒီလိုအရပ်သားပစ်မှတ်ဖြစ်တဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို မကြာခနပစ်ခတ်လေ့ရှိပြီး ၂ နှစ်ကျော်ကာလအတွင်း ကလေးငယ် ၄၉၁ ဦးသေဆုံးခဲ့ပြီး  စာသင်ကျောင်းပေါင်း ၁၁၉ ကျောင်းပျက်စီးခဲ့တယ်လို့  NUG ကပြောပါတယ်။

အသေးစိပ်ကို NUG သတင်းစာရှင်းပွဲ video အတွင်း ကြည့်ရှုနိုင်ပါတယ်...

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More