Thursday, October 19, 2023

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၂)

 

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၂)

စစ်ဒေသ (၂)

စစ်ဒေသ (၂) တွင် တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့ ပါဝင်၏။ စစ်ဒေသ (၂) ရှိ တပ်များအားလုံးအား တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် ပူးတွဲ၍ ကွပ်ကဲမှုယူပြီး ဖြစ်သည်။

တနင်္သာရီတိုင်း

(က) ကော့သောင်းခရိုင်

ကော့သောင်းခရိုင်တွင် ခရိုင် အမှတ် (၁) တပ်ရင်းဖြစ်သော ရင်း ၃၂၀၁ တပ်ရင်း တရင်းကို ဖွဲ့စည်းထား၏။

(ခ) ထားဝယ်ခရိုင်

ထားဝယ်ခရိုင်၊ ရေဖြူနှင့် သရက်ချောင်းမြို့နယ်များတွင် ထားဝယ်ခရိုင် အမှတ် (၁) နှင့် (၂) တပ်ရင်းဖြစ်သည့် ရင်း ၃၃၀၁ နှင့် ၃၃၀၂ တပ်ရင်း နှစ်ရင်းဖွဲ့စည်းထားပြီး KNU တပ်မဟာ (၄) နှင့် ပူးတွဲလှုပ်ရှား၏။

(ဂ) မြိတ်ခရိုင်

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ်များတွင် ခရိုင် အမှတ် ၁ နှင့် ၂ တပ်ရင်းဖြစ်သည့် ရင်း ၃၄၀၁ နှင့် ၃၄၀၂ တပ်ရင်း နှစ်ရင်းကို ဖွဲ့စည်းထား၏။

ပဲခူးတိုင်း

(က) တောင်ငူခရိုင်

တောင်ငူခရိုင်၊ တောင်ငူနှင့် ထန်းတပင်မြို့နယ်များတွင် ခရိုင်တပ်ရင်း အမှတ် ၁ နှင့် ၂ ဖြစ်သော ရင်း ၃၅၀၁ နှင့် ၃၅၀၂ တပ်ရင်း နှစ်ရင်း ဖွဲ့စည်းထား၏။ ထန်းတပင်မြို့နယ်တွင်းရှိ ရင်း ၃၅၀၂ သည် KNU တပ်မဟာ ၂ နှင့် ပူးတွဲလှုပ်ရှား၏။

တောင်ငူခရိုင်၊ တောင်ငူနှင့် ထန်းတပင်မြို့နယ်များတွင် ခရိုင်တပ်ရင်း အမှတ် ၁ နှင့် ၂ ဖြစ်သော ရင်း ၃၅၀၁ နှင့် ၃၅၀၂ တပ်ရင်း နှစ်ရင်း ဖွဲ့စည်းထား၏။ ထန်းတပင်မြို့နယ်တွင်းရှိ ရင်း ၃၅၀၂ သည် KNU တပ်မဟာ ၂ နှင့် ပူးတွဲလှုပ်ရှား၏။

(ခ) ပြည်ခရိုင်

ပြည်ခရိုင် ပေါင်းတည်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်များတွင် ခရိုင်ရင်း ၁ နှင့် ၂ ဖြစ်သည့် ရင်း ၃၆၀၁၊ ၃၆၀၂ တပ်ရင်း နှစ်ရင်း ဖွဲ့စည်းထား၏။

(ဂ) ပဲခူးခရိုင်

ပဲခူးခရိုင်အတွင်း ခရိုင် ရင်း ၁ နှင့် ၂ ဖြစ်သော ရင်း ၃၇၀၁၊ ၃၇၀၂ တပ်ရင်း နှစ်ရင်း ဖွဲ့စည်းထား၏။ KNU တပ်မဟာ (၃) နှင့် ပူးတွဲလှုပ်ရှားမှုရှိ၏။

(ဃ) သာယာဝတီခရိုင်

သာယာဝတီခရိုင်၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်းမြို့နယ်များ၊ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ မိုးညိုမြို့နယ်များတွင် ခရိုင် ရင်း ၁ နှင့် ၂ ဖြစ်သည့် ရင်း ၃၈၀၁၊ ၃၈၀၂ တပ်ရင်း နှစ်ရင်း ဖွဲ့စည်းထား၏။

ဧရာဝတီတိုင်း

(က) ဟင်္သာတခရိုင်

ဟင်္သာတ၊ ကြံခင်းမြို့နယ်များကို အခြေပြု၍ ခရိုင် အမှတ် ၁ တပ်ရင်း ဖြစ်သော ရင်း ၆၀၀၁ တပ်ရင်း တရင်းဖွဲ့စည်းထား၏။

(ခ) ပုသိမ်ခရိုင်

ပုသိမ်၊ ငပုတော မြို့နယ်များကို အခြေပြု၍ ပုသိမ်ခရိုင်အမှတ် ၁ တပ် ရင်းဖြစ်သည့် ရင်း ၅၅၀၁ တပ်ရင်းတရင်း ဖွဲ့စည်းထား၏။

ဧရာဝတီတိုင်းအတွင်း တပ်ရင်းအသစ် ဖွဲ့စည်းရန် ပြင်ဆင်နေသည်ဟု သိရ၏။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၃ရက်က ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာရှိ ရဲစခန်းကို KIA နှင့် PDFတို့မှ တိုက်ခိုက်ပြီးနောက် သိမ်းဆည်းမိသည့် လက်နက်ပစ္စည်းများ / Public Voice Television

ရန်ကုန်တိုင်း

ရန်ကုန်တိုင်း စစ်ဒေသခွဲတွင် ရင်း ၅၀၀၁ တပ်ရင်းဖွဲ့စည်းထား၏။ နောက်ထပ် နှစ်ရင်း ထပ်မံဖွဲ့စည်းရန် ပြင်ဆင်နေ၏။

မွန်ပြည်နယ်

(က) သထုံခရိုင်

သထုံ၊ ဘီလင်း၊ ကျိုက်ထိုမြို့နယ်များ၊ ဘားအံနှင့် ဆက်စပ်နယ်များတွင် သထုံခရိုင်တပ်ရင်း အမှတ် ၁ မှ အမှတ် ၄ ထိ ဖြစ်သည့် ရင်း ၇၈၀၁၊ ၇၈၀၂၊ ၇၈၀၃၊ ၇၈၀၄ တပ်ရင်း လေးရင်း ဖွဲ့စည်းထားပြီး KNU တပ်မဟာ ၁ နှင့် ပူးတွဲလှုပ်ရှား၏။

သထုံ၊ ဘီလင်း၊ ကျိုက်ထိုမြို့နယ်များ၊ ဘားအံနှင့် ဆက်စပ်နယ်များတွင် သထုံခရိုင်တပ်ရင်း အမှတ် ၁ မှ အမှတ် ၄ ထိ ဖြစ်သည့် ရင်း ၇၈၀၁၊ ၇၈၀၂၊ ၇၈၀၃၊ ၇၈၀၄ တပ်ရင်း လေးရင်း ဖွဲ့စည်းထားပြီး KNU တပ်မဟာ ၁ နှင့် ပူးတွဲလှုပ်ရှား၏။

ကရင်ပြည်နယ်

(က) ဖာပွန်ခရိုင်

ဖာပွန်မြို့နယ်တွင် ဖာပွန်ခရိုင် အမှတ် (၁) တပ်ရင်း ဖြစ်သော ရင်း ၇၀၀၁ ဖွဲ့စည်းထားပြီး KNU တပ်မဟာ (၅) နှင့် ပူးတွဲလှုပ်ရှား၏။ ထို့ပြင် ဖာပွန်မြို့နယ်တွင် အခြေပြုပြီး Royal Peacock စစ်ကြောင်း ရင်း ၉၉၁၃ နှင့် Special Force Column ခေါ် ရင်း ၉၉၁၄ တို့ကို ဖွဲ့စည်းထားပြီး လိုအပ်သည့်နေရာများသို့ စေလွှတ်လှုပ်ရှား၏။

(ခ) ကော့ကရိတ်ခရိုင်

ကော့ကရိတ်မြို့နယ်တွင် ဒေါနစစ်ကြောင်း ရင်း ၉၉၀၂၊ နဂါးနီစစ်ကြောင်း ရင်း ၉၉၀၃၊ တောင်ညိုစစ်ကြောင်း ရင်း ၉၉၀၆၊ ဂဠုန်စစ်ကြောင်း ရင်း ၉၉၀၈၊ ကျားဖြူစစ်ကြောင်း ရင်း ၉၉၀၉ စသည့် တပ်ရင်း ငါးရင်း ဖွဲ့စည်းထားပြီး KNU တပ်မဟာ (၆) နှင့် ပူးတွဲလှုပ်ရှား၏။

(ဂ) မြဝတီခရိုင်

မြဝတီမြို့နယ်နှင့် လေးကေ့ကော် မြို့နယ်များအတွင်း နဂါးဖြူစစ်ကြောင်း ရင်း ၉၉၀၄၊ ကျားသစ်နက်စစ်ကြောင်း ရင်း ၉၉၀၅၊ ကော်ဘရာစစ်ကြောင်း ရင်း ၉၉၀၇၊ တောကျီးကန်းစစ်ကြောင်း ရင်း ၉၉၁၂ စသည့် တပ်ရင်း လေးရင်း ဖွဲ့စည်းထားပြီး KNU တပ်မဟာ ၆ နှင့် ပူးတွဲလှုပ်ရှား၏။

စစ်ဒေသ (၂) တွင် တနင်္သာရီတိုင်း၌ ငါးရင်း၊ ပဲခူးတိုင်း၌ ရှစ်ရင်း၊ ဧရာဝတီတိုင်း၌ နှစ်ရင်း၊ ရန်ကုန်တိုင်း၌ တရင်း၊ မွန်ပြည်၌ လေးရင်း၊ ကရင်ပြည်နယ်၌ ၁၂ ရင်း၊ စုစုပေါင်း ၃၂ ရင်း ရှိပြီး တပ်ရင်းအချို့ ဖွဲ့စည်းဆဲဖြစ်၏။

စစ်ဒေသ (၃)

စစ်ဒေသ (၃) တွင် ကရင်နီပြည်နယ်၊ ရှမ်းပြည်တောင်ပိုင်း၊ နေပြည်တော်နှင့် နေပြည်တော် တပ်ရင်းများနှင့် ပူးတွဲနေသည့် မကွေးတိုင်းမှ တပ်အချို့ ပါဝင်၏။ စစ်ဒေသ (၃) ရှိတပ်ရင်းအားလုံး ကွပ်ကဲမှု ယူပြီးဖြစ်၏။

နေပြည်တော်

ပျဉ်းမနားအရှေ့ခြမ်း၊ တပ်ကုန်း၊ ရမည်းသင်း၊ နေပြည်တော် မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တို့တွင် နေပြည်တော် PDF တပ်ရင်းများအဖြစ် ရင်း ၈၀၁၊ ၈၀၂၊ ၈၀၃၊ ၈၀၄၊ ၈၀၅၊ ၈၀၆ စသည့် တပ်ရင်း ခြောက်ရင်း ဖွဲစည်းထား၏။

ပျဉ်းမနားအရှေ့ခြမ်း၊ တပ်ကုန်း၊ ရမည်းသင်း၊ နေပြည်တော် မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တို့တွင် နေပြည်တော် PDF တပ်ရင်းများအဖြစ် ရင်း ၈၀၁၊ ၈၀၂၊ ၈၀၃၊ ၈၀၄၊ ၈၀၅၊ ၈၀၆ စသည့် တပ်ရင်း ခြောက်ရင်း ဖွဲစည်းထား၏။

မကွေး

မကွေးခရိုင် မြို့သစ်၊ နတ်မောက်၊ တောင်တွင်းကြီး မြို့နယ်များမှ တပ်ရင်း သုံးရင်းအား ရင်း ၉၀၁၊ ၉၀၂၊ ၉၀၃ ဟု ဖွဲ့စည်းပြီး ပျဉ်းမနားအရှေ့ခြမ်းတွင် ဖြန့်ခွဲထားရှိ၏။

ရှမ်းပြည်တောင်ပိုင်း

ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နယ်တွင် ရင်း ၁၀၀၁၊ ဖယ်ခုံမြို့နယ်တွင် ရင်း ၁၀၀၂၊ ရွာငံမြို့နယ်မှ ဓနု အင်အားစုများအား ရင်း ၁၀၀၃၊ ဆီဘူးမြို့နယ်တွင် ရင်း ၁၀၀၄၊ ရှမ်းတောင်မြို့နယ်တွင် ရင်း ၁၀၀၅၊ ဖယ်ခုံအရှေ့ခြမ်း မြို့နယ်တွင် ရင်း ၁၀၀၆၊ မိုးဗြဲအရှေ့ကမ်းတွင် ရင်း ၁၀၀၇၊ ညောင်ရွှေ၊ အောင်ပန်းမြို့နယ်တွင် ရင်း ၁၀၀၈၊ ညောင်ရွှေမြို့နယ် (အင်းလေး) တွင် ရင်း၁၀၀၉၊ ဓနုအင်အားစုများကို ရင်း ၁၀၁၀ အဖြစ် တပ်ရင်း ၁၀ ရင်း ဖွဲ့စည်းထား၏။

ကရင်နီပြည်နယ်

ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ခြမ်းတွင် ရင်း ၁၁၀၁၊ ဒီးမော့ဆို မြို့နယ်တွင် ရင်း ၁၁၀၂၊ လွိုင်ကော်မြို့နယ်တွင် ရင်း ၁၁၀၃၊ ဖရူဆိုမြို့ နယ်တွင်ရင်း ၁၁၀၄၊ ဆီဆိုင်မြို့နယ် တောင်ဘက်ခြမ်းတွင် ရင်း ၁၁၀၅၊ ဒီးမော့ဆိုမြို့နယ်တွင် ရင်း ၁၁၀၆၊ ရင်း ၁၁၀၇ နှင့် ဖားဆောင်းမြို့နယ်တွင် ရင်း ၁၀၀၈ တို့ဖြင့် တပ်ရင်း ရှစ်ရင်း ဖွဲ့စည်းထား၏။

သို့ဖြစ်ရာ စစ်ဒေသ (၃) တွင် ပျဉ်မနားအရှေ့ခြမ်း၌ နေပြည်တော် ခြောက်ရင်းနှင့် မကွေးမှ သုံးရင်း စုစုပေါင်း ကိုးရင်း၊ ရှမ်းပြည်တောင်ပိုင်းမှ ၁၀ ရင်းနှင့် ကရင်နီပြည်တွင် ရှစ်ရင်း၊ စုစုပေါင်း ၂၇ ရင်း ရှိ၏။

ထို့ကြောင့် တပြည်လုံးအတိုင်းအတာအရ PDF တပ်ရင်း ၃၀၀ ခန့် ဖွဲ့စည်းထားရှိပြီး အင်အား ၆၀,၀၀၀ ခန့် ရှိပါသည်။ လက်ရှိတွင် NUG ၏ MOD သည် တပ်ရင်း သုံးရင်းမှ ငါးရင်းအထိပါသည့် ဗျူဟာများဖွဲ့စည်းပြီး စစ်ဆင်ရေးများကို တိုးမြှင့်ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ – People’s Defense Organization)

PDF နှင့်အတူ ပေါ်ပေါက်လာသည်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) များဖြစ်ပြီး ကျေးရွာအလိုက်၊ မြို့နယ်အလိုက်၊ ခရိုင်အလိုက် ဖွဲ့စည်းထားသည်။ ပကဖ အဖွဲ့များအား PDF တပ်ရင်းများကဲ့သို့ လူအင်အား ညီတူညီမျှဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ အချို့နေရာများတွင် အင်အားများပြီး အချို့နေရာများတွင် အင်အားနည်း၏။

ပကဖ များကို တပ်ရင်းနံပါတ်များ ပေးထားခြင်းမရှိဘဲ ဒေသအလိုက် အမည်နာမအမျိုးမျိုး မှည့်ခေါ်ထားသည်ကို တွေ့ရသည်။ PDF တပ်ဖွဲ့များ အားကောင်းသည့် နေရာများတွင် ပကဖ များလည်း အားကောင်းသည်ကို တွေ့ရ၏။

ပကဖ များကို တပ်ရင်းနံပါတ်များ ပေးထားခြင်းမရှိဘဲ ဒေသအလိုက် အမည်နာမအမျိုးမျိုး မှည့်ခေါ်ထားသည်ကို တွေ့ရသည်။ PDF တပ်ဖွဲ့များ အားကောင်းသည့် နေရာများတွင် ပကဖ များလည်း အားကောင်းသည်ကို တွေ့ရ၏။

တိုင်းနှင့်ပြည်နယ် ၁၁ ခု၊ ခရိုင် ၅၂ ခုရှိ မြို့နယ် ၂၅၀ ကျော်တွင် ပကဖ အဖွဲ့များ ဖွဲ့စည်းထားပြီး ခရိုင်တခုချင်းအလိုက် တွေ့ရသည့် ပကဖ အဖွဲ့အစည်း အရေအတွက်နှင့် အင်အားမှာ မတူညီကြပေ။

အားကောင်းသည့် ပကဖအဖြစ် ဥပမာ မြိုင် ပကဖ၊ ထီးချိုင့် ပကဖ ကဲ့သို့ အင်အားထောင်ချီရှိသည့် ပကဖများ ရှိသကဲ့သို့ အင်အား ရာဂဏန်း၊ ဆယ်ဂဏန်းသာရှိသည့် ပကဖ အဖွဲ့များလည်း ရှိ၏။ ပကဖ အဖွဲ့ အချို့မှာ လက်နက်တပ်ဆင်မှု အားကောင်းသော်လည်း ပကဖ အဖွဲ့ အများစုမှာ လက်လုပ်သေနတ် အများစုကိုသာ ကိုင်ဆောင်နိုင်ကြပါသည်။

အချို့တိုင်း၊ ပြည်နယ်များရှိ ပကဖ အဖွဲ့များသည် မြေအောက်ပြောက်ကျားများ အဖြစ်သာ လှုပ်ရှားကြသည်။ အချို့မှာ တိုက်ခိုက်ရေးတာဝန်ထက် ထောက်လှမ်းရေး၊ သတင်းရယူရေး၊ စည်းရုံးရေး၊ ဆက်သွယ်ရေး၊ ထောက်ပို့ အစရှိသည့် တာဝန်များရယူကြ၏။ တပြည်လုံးရှိ တိုင်း၊ ပြည်နယ်များနှင့် ခရိုင်အလိုက်ရှိသည့် ပကဖအဖွဲ့ အရေအတွက်နှင့် အင်အားများကို အတိအကျဖော်ပြရန် မလွယ်ကူပါ။ တပြည်လုံးရှိ ပကဖ အင်အားများမှာ အနီးစပ်ဆုံး အောက်ပါအတိုင်း ဖြစ်သည်ဟု သိရ၏။

(၁) ကရင်ပြည်နယ်

– ကော့ကရိတ်ခရိုင် – ၃၀၀ ခန့်
– ဖာပွန်ခရိုင်- ၈၀ ခန့်
– ဘားအံခရိုင် – ၄၅၀ ခန့်

(၂) စစ်ကိုင်းတိုင်း

– ကန့်ဘလူခရိုင် – ၄,၅၀၀
– ကလေးခရိုင် – ၄,၀၀၀
– ကသာခရိုင် – ၃,၅၀၀
– ကောလင်းခရိုင် – ၆,၅၀၀ ခန့်
– ခန္တီးခရိုင် – ၄၀၀ ခန့်
– စစ်ကိုင်းခရိုင် – ၂,၀၀၀ ခန့်
– တမူးခရိုင် – ၆၀၀ ခန့်
– နာဂဒေသ – ၂၀၀ ခန့်
– မုံရွာခရိုင် – ၄,၅၀၀ ခန့်
– မော်လိုက်ခရိုင် – ၄,၀၀၀ ခန့်
– ယင်းမာပင်ခရိုင် – ၅၀၀၀ ခန့်
– ရွှေဘိုခရိုင် – ၉၅၀၀ ခန့်

(၃) တနင်္သာရီတိုင်း

– ကော့သောင်းခရိုင် – ၃၅၀ ခန့်
– ထားဝယ်ခရိုင် – ၁,၄၀၀ ခန့်
– မြိတ်ခရိုင် – ၉၅၀ ခန့်

(၄) နေပြည်တော်

– ဒက္ခိဏခရိုင် – ၆၅၀ ခန့်
– ဥတ္တရခရိုင် – ၇၀၀ ခန့်

(၅) ပဲခူးတိုင်း

– တောင်ငူခရိုင် – ၁,၂၀၀ ခန့်
– ပြည်ခရိုင် – ၉၀၀ ခန့်
– ပဲခူးခရိုင် – ၁,၄၀၀ ခန့်
– သာယာဝတီခရိုင် – ၈၀၀ ခန့်

(၆) မကွေးတိုင်း

– ဂန့်ဂေါခရိုင် – ၅,၀၀၀ ခန့်
– ပခုက္ကူခရိုင် – ၅,၅၀၀ ခန့်
– မကွေးခရိုင် – ၈၀၀ ခန့်
– မင်းဘူးခရိုင် – ၆၀၀ ခန့်
– သရက်ခရိုင် – ၁,၂၀၀ ခန့်

(၇) မန္တလေးတိုင်း

– ကျောက်ဆည်ခရိုင် – ၆၀၀ ခန့်
– ညောင်ဦးခရိုင် – ၄၀၀ ခန့်
– ပြင်ဦးလွင်ခရိုင် – ၂,၅၀၀ ခန့်
– မန္တလေးခရိုင် – ၆၀၀ ခန့်
– မြင်းခြံခရိုင် – ၁,၂၀၀ ခန့်
– မိတ္ထီလာခရိုင် – ၃၀၀ ခန့်
– ရမည်းသင်းခရိုင် – ၁၀၀ ခန့်

(၈) မွန်ပြည်နယ်

– မော်လမြိုင်ခရိုင် – ၃၀၀ ခန့်
– သထုံခရိုင် – ၃၅၀ ခန့်

(၉) ရှမ်းပြည်နယ်

– ကျောက်မဲခရိုင် – ၂၅၀ ခန့်
– တောင်ကြီးခရိုင် – ၄၀၀ ခန့်
– ဓနုဒေသ – ၃၅၀ ခန့်
– လားရှိုးခရိုင် – ၂၀ ခန့်

ရန်ကုန်တိုင်းအတွင်းရှိ တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ အရှေ့ပိုင်းခရိုင်နှင့် ဧရာဝတီတိုင်း အတွင်းရှိ ပုသိမ်ခရိုင်၊ ဖျာပုံခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ လပွတ္တာခရိုင်၊ ဟင်္သာတခရိုင်တို့တွင် ပကဖ အင်အားများ ရှိသော်လည်း လုံခြုံရေးအရ ဖော်ပြနိုင်ခြင်း မရှိပါ။

ပကဖ အဖွဲ့ ဖွဲ့စည်းခြင်း မရှိသည်မှာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်များတွင် ဖြစ်၏။ အဆိုပါ ပြည်နယ်များတွင် အမျိုးသားလက္ခဏာဆောင်သော အခြားပုံစံများဖြင့် ဖွဲ့စည်းထားကြသည်ကို တွေ့ရ၏။

ပကဖ အဖွဲ့ ဖွဲ့စည်းခြင်း မရှိသည်မှာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်များတွင် ဖြစ်၏။ အဆိုပါ ပြည်နယ်များတွင် အမျိုးသားလက္ခဏာဆောင်သော အခြားပုံစံများဖြင့် ဖွဲ့စည်းထားကြသည်ကို တွေ့ရ၏။

တပြည်လုံး ပကဖ အင်အားမှာ အကြမ်းဖျဉ်းအားဖြင့် ၇၅,၀၀၀ ကျော်ခန့်ရှိသည်ဟု ဆိုနိုင်ပါသည်။

လက်နက်ခဲယမ်း တပ်ဆင်မှုတွင် PDF များ၊ ပကဖ များတွင် လိုအပ်ချက်ရှိနေသေး၏။ အခြေခံ ခေတ်မီ မောင်းပြန်ရိုင်ဖယ် တပ်ဆင်နိုင်မှုမှာ PDF, ပကဖ အင်အား၏ ၂၅ ရာခိုင်နှုန်းထက် မပိုနိုင်ဟု ခန့်မှန်းရသည်။ ဤသို့ တပ်ဆင်ရာတွင် NUG ၏ MOD တပ်ဆင်မှုသာမက မိမိဘာသာ ဝယ်ယူတပ်ဆင်မှုလည်း ပါသည်။

၂၅ ရာခိုင်နှုန်း ဆိုသည်မှာ တပ်ဖွဲ့အားလုံးအတွက် ပျမ်းမျှပြောခြင်း ဖြစ်သည်။ တပ်ဖွဲ့တဖွဲ့ချင်းအရ တပ်ဆင်မှု အားကောင်းသည့်တပ်ဖွဲ့ ရှိသကဲ့သို့ အားနည်းသည့် တပ်ဖွဲ့များလည်း ရှိ၏။ ထို့ပြင် တပ်ဆင်ထားပြီးသော လက်နက်များအတွက် ကျည်ဆန် အလျင်မီရန် ရုန်းကန်နေရဆဲ ဖြစ်၏။ ဤအချက်ကို လက်လုပ်သေနတ်နှင့် ဖြည့်တင်းထားသော်လည်း သူတင်ကိုယ်တင် တိုက်ရသော တိုက်ပွဲများတွင် အကန့်အသတ်ရှိ၏။

တမူးလုံခြုံရေးအဖွဲ့ဝင်များ / TSG Facebook

ဒုတိယအနေဖြင့် အကူပစ် လက်နက်ကြီး တပ်ဆင်ရာတွင် အားနည်းနေသေး၏။ ၆၀ မမ၊ ၈၁ မမ၊ ၁၀၇ မမ များ အသုံးပြုနိုင်ပြီ ဖြစ်သော်လည်း နေရာအနှံ့အပြားတွင် အသုံးပြုရန်နှင့် အလုံအလောက် အသုံးပြုနိုင်ရန် လိုအပ်သေး၏။ ထိုသို့ လက်နက်ကြီးများ လိုအပ်ချက်ရှိပါက မြန်မာစစ်တပ်၏ အခိုင်အမာ တပ်စခန်းကြီးများကို တိုက်ခိုက်ရန်၊ မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် ခက်ခဲနေဦးမည်ဖြစ်၏။

တတိယအနေနှင့် လေကြောင်းရန် ကာကွယ်ရေး အချို့နေရာများတွင်သာ ပွိုင့် ၅ စက်ကြီးများ တပ်ဆင်နိုင်သည်ကို တွေ့ရ၏။ လေယာဉ်ပစ်ဒုံး ရရှိရန် ခက်ခဲနေသေးသည့် အချိန်တွင် ပွိုင့် ၅ စက်ကြီး တပ်ဆင်နိုင်ရေး ကြိုးစားရန် လိုအပ်၏။

လက်နက်ခဲယမ်းနှင့် ပတ်သက်၍ PDF ၏ အားသာချက်မှာ လက်လုပ်သေနတ်၊ လက်လုပ်မိုင်းနှင့် ဒရုန်းစစ်ဆင်ရေး ဖြစ်၏။ ယခင် EAO များပင် တွင်တွင်ကျယ်ကျယ် အသုံးမပြုဖူးသည့် တပ်ဆင်မှုနှင့် စစ်ဆင်ရေးများဖြစ်ပြီး စစ်ကောင်စီတပ်အား ထိရောက်အောင် တိုက်ခိုက်နိုင်သကဲ့သို့ ကောင်းစွာ ခြိမ်းခြောက်နိုင်သည့် စစ်ဆင်ရေးများဖြစ်၏။ ထို့ပြင် PDF များသည် ကိုယ်ပိုင် လက်နက်အလုပ်ရုံများ ထူထောင်ထားနိုင်သည်။

တိုက်စိတ်ခိုက်စိတ် မြင့်မားသည်။ တီထွင်ကြံဆ တိုက်ပွဲဝင်နိုင်စွမ်း ရှိ၏။ နှစ်နှစ်အတွင်း တိုက်ပွဲအတွေ့အကြုံလည်း ကောင်းစွာရခဲ့ပြီ ဖြစ်၏။ သို့သော် ဖွဲ့စည်းလေ့ကျင့်ရေးနှင့် ပတ်သက်၍ လိုအပ်ချက်ရှိသေးသကဲ့သို့ အမိန့်ပေးစနစ် တည်ဆောက်ရေးနှင့် လက်နက်ခဲယမ်း တပ်ဆင်မှုတွင် လိုအပ်ချက် ရှိနေသေး၏။

သို့ဖြစ်ရာ PDF နှင့် ပကဖ များသည် အင်အားအရ အတောင့်တင်းဆုံးဖြစ်ပြီး တိုက်စိတ်ခိုက်စိတ် မြင့်မားသည်။ တီထွင်ကြံဆ တိုက်ပွဲဝင်နိုင်စွမ်း ရှိ၏။ နှစ်နှစ်အတွင်း တိုက်ပွဲအတွေ့အကြုံလည်း ကောင်းစွာရခဲ့ပြီ ဖြစ်၏။ သို့သော် ဖွဲ့စည်းလေ့ကျင့်ရေးနှင့် ပတ်သက်၍ လိုအပ်ချက်ရှိသေးသကဲ့သို့ အမိန့်ပေးစနစ် တည်ဆောက်ရေးနှင့် လက်နက်ခဲယမ်း တပ်ဆင်မှုတွင် လိုအပ်ချက် ရှိနေသေး၏။

နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသော ပြည်မမှ အခြားတပ်ဖွဲ့များ

(၁) ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People’s Liberation Army)

ယခင် ဗကပ အဆက်အနွယ်များ စည်းရုံးထားသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) ရွှေဘိုခရိုင် ကျောင်းသားများသမဂ္ဂကို အခြေခံ၍ ဖွဲ့စည်းတည်ဆောက်ထားသည့် တပ်ဖြစ်၏။ ၂၀၁၈ ခုနှစ်ခန့်က စပြီး KIA တွင် စတင်သင်တန်းတက်ခဲ့ပြီး KIA က လေ့ကျင့် လက်နက် ထုတ်ပေးခဲ့သော်လည်း ၂၀၂၁ ခုနှစ်မှစ၍ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) မှ လက်နက်တပ်ဆင်ပေးခြင်း၊ လေ့ကျင့်ပေးခြင်းများ ပြုလုပ်ခဲ့၏။

PLA ၏ ထုတ်ပြန်ချက်များအရ စစ်ကိုင်း၊ မိုးကုတ်၊ နာဂ၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် တနင်္သာရီတိုင်းများတွင် လှုပ်ရှားသည်ဟု ဆိုသော်လည်း မြစ်ဝကျွန်းဝတွင် ထိုးဖေါက်ရန် ကြိုးစားသည်မှာ အောင်မြင်မှုမရှိဘဲဆုံးရှုံးခဲ့ပြီး နာဂနှင့် တနင်္သာရီတွင်လည်း အားမကောင်းပါ။ လက်ရှိတွင် စစ်ကိုင်းတိုင်းတွင် အဓိကနှင့် မိုးကုတ်ဒေသတွင် အနည်းငယ်ခြေကုပ်ယူထားနိုင်၏။

ကိုးကန့် MNDAA တပ်မဟာ ၆၁၁ တွင် လေ့ကျင့်ပြီး လက်နက်တပ်ဆင်ပြီး အင်အား ၄၀၀ ကျော်ခန့်ရှိ တပ်ရင်း နှစ်ရင်းရှိ၏။ PLA စုစုပေါင်း အင်အား ၁,၀၀၀ ခန့် ရှိနိုင်ပါသည်။

(၂) ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (Bamar People’s Liberation Army)

ကဗျာဆရာ မောင်ဆောင်းခ ဦးစီးဖွဲ့သည့် ဗမာလူမျိုးကိုယ်စားပြုတပ်ဖွဲ့အဖြစ် တည်ဆောက်သည်။ KNU နှင့် မြောက်ပိုင်းသုံးဖွဲ့၏ အားပေးကူညီမှု ရရှိ၏။ NUG နှင့်လည်း ဆက်စပ်မှုရှိ၏။ KNU တပ်မဟာ (၅) နယ်မြေနှင့် ကိုးကန့် MNDAA တပ်မဟာ (၆) နယ်မြေ နှစ်ခုတွင် စုဖွဲ့လေ့ကျင့်ပြီး ပြည်မသို့ ထိုးဖောက်ရန် ရည်ရွယ်သည်ဟု သိရ၏။ အများဆုံး တပ်ရင်းတပ်ဖွဲ့ နှစ်ခုခန့်ရှိနိုင်သည်။ စုစုပေါင်းအင်အား ၅၀၀ ခန့် ရှိမည်ဟု ခန့်မှန်းရ၏။

(၃) လူထုတော်လှန်ရေး မဟာမိတ် အင်အားစု (မကွေး) People’s Revolution Alliance (Magwe)

လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (မကွေး – PRA) ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး မကွေးတိုင်း၊ ဧရာဝတီမြစ် အနောက်ဘက်ခြမ်းရှိ ငဖဲမြို့နယ်နှင့် စေတ္တုတရာမြို့နယ်များတွင် အခြေပြု လှုပ်ရှား၏။ ဧရာဝတီမြစ် နောက်ဘက်ခြမ်းရှိ စလင်း၊ ဆင်ဖြူကျွန်း၊ ပွင့်ဖြူ၊ မင်းဘူး၊ အောင်လံ၊ သရက်၊ မင်းလှ၊ မင်းတုန်း စသည့်ဒေသများ တိုးချဲ့ရန် ရည်ရွယ်ပုံရ၏။ PRA မကွေး ဥက္ကဋ္ဌအဖြစ် ဦးနေမွန်ဆိုသူက တာဝန်ယူထားပြီး စစ်သင်တန်းအပတ်စဉ် ၅ အထိ ဖွင့်လှစ်ခဲ့ပြီး အင်အား ၁,၀၀၀ နီးပါးခန့် ရှိနိုင်၏။

NUG နှင့် ဆက်စပ်ဆွေးနွေးမှုရှိပြီး ရခိုင် AA ၏ နိုဗာစစ်ဒေသ၊ မင်းတပ် CDF တို့အပြင် ပြည်သူ့လွတ်လပ်ရေး တပ်တော် (PIA)၊ ကျောင်းသားလက် ရုံးတပ်တော် (SAF)၊ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF)၊ မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့၊ ပြည်သူ့တော်လှန်ရေး အင်အားစု (အနောက်ပိုင်းဒေသ)၊ CDF – Asho တို့နှင့် မဟာမိတ်ဖွဲ့ထား၏။

(၄) ပြည်သူ့လွတ်လပ်ရေးအဖွဲ့ / ပြည်သူ့လွတ်လပ်ရေးတပ်တော် (People Independence Organization/People Independence Army)

ပြည်သူ့လွတ်လပ်ရေးအဖွဲ့ / ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) သည် AA ထိန်းချုပ်ရာ ဒေသတခုတွင် လေ့ကျင့်ဖွဲ့စည်းခဲ့ပြီး စစ်သင်တန်း အပတ်စဉ် ၃ ခု ဖွင့်လှစ်ခဲ့ကာ အပတ်စဉ် ၄ ဆက်လက် ဖွင့်လှစ်လျက်ရှိ၏။ သင်တန်းဆင်း ရဲဘော်များ လှုပ်ရှားရာနေရာကို လျှို့ဝှက်ထား၏။ မကွေးနှင့် ရခိုင်အစပ်တွင် အခြေပြုပုံရ၏။ အင်အား ရာအချို့ရှိနိုင်၏။ သင်တန်း ဆင်းတပ်ဖွဲ့အချို့သည် ကရင်နီတွင် PDF နှင့်တွဲ၍ လှုပ်ရှားသည်ကို တွေ့ရ၏။

(၅) ကျောင်းသားလက်ရုံး တပ်တော်

၂၀၂၁ ခုနှစ်၊ ဧပြီလ၂၇ ရက်နေ့တွင် ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) များ ရန်ကုန်က ကျောင်းသားလက်ရုံးတပ်တော် (SAF) ကို စတင်ဖွဲ့စည်းခဲ့၏။ AA ထိန်းချုပ်ရာဒေသတခုတွင် လေ့ကျင့်ခဲ့၏။ လက်ရှိတွင် အင်အားရာအချို့ ရှိနိုင်ပြီး လက်ရှိတွင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်နှင့် မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်များတွင် PDF များနှင့် တွဲ၍ လှုပ်ရှားသည်ကို တွေ့ရ၏။

၂၀၂၁ ခုနှစ်၊ ဧပြီလ၂၇ ရက်နေ့တွင် ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) များ ရန်ကုန်က ကျောင်းသားလက်ရုံးတပ်တော် (SAF) ကို စတင်ဖွဲ့စည်းခဲ့၏။ AA ထိန်းချုပ်ရာဒေသတခုတွင် လေ့ကျင့်ခဲ့၏။

(၆) ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (Pepole’s Liberated Front)

ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (PLF) ၂၀၂၁ ခုနှစ်၊ မေလ ၇ ရက်နေ့တွင် ဧရာဝတီတိုင်းမှ ကျောင်းသားများ၊ တက်ကြွလှုပ်ရှားသူများနှင့် AA အခြေခံဒေသတွင် ဖွဲ့စည်းခဲ့သည်။ အင်အား ရာဂဏန်းခန့်ရှိ၏။ ဧရာဝတီတိုင်းအား ပြန်လည် ထိုးဖောက်မည်ဟု ယူဆရ၏။

(၇) 96 Soldiers-PDF

96 Soldiers-PDF ကို ၂၀၂၁ ခုနှစ်တွင်း စတင်ဖွဲ့စည်းခဲ့ပြီး KNU နယ်မြေ တောင်ပိုင်းတွင် ကျားဖြူတပ်ခွဲ၊ စစ်ကိုင်းတိုင်းတွင် အညာဒေသတပ်ခွဲဟု တပ်ခွဲ နှစ်ခွဲ ဖွဲ့စည်းထား၏။ အင်အားမသိရပါ။

(၈) ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA)

ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ထူထောင်သည်။ ယခင် ဗိုလ်နဂါးတပ်မှ အမည်ပြောင်းလဲ ဖွဲ့စည်းခြင်းဖြစ်၏။ ဒေသအသီးသီး၌ လက်အောက်ခံ တပ်ရင်း ၁၈ ရင်းရှိသည်ဟု ဆိုသော်လည်း အင်အားအတိအကျ မသိရပါ။ ၃,၀၀၀ ခန့် ရှိနိုင်သည်ဟု ခန့်မှန်းရ၏။ ပုလဲမြို့နယ်တွင် အခြေပြုသည်။

အချို့ PDF တပ်ရင်းများသည် ဗိုလ်နဂါး၏ BNRA နှင့် ပူးပေါင်းသွားသည်ဟု သတင်းများထွက်ပေါ်သကဲ့သို့ ယခင် ဗိုလ်နဂါးလက်အောက်မှ PDF ရင်း လေးရင်းမှလည်း MOD ကွပ်ကဲမှုအောက်တွင်သာ ရှိသည်ဟု ထုတ်ပြန်သည်ကို တွေ့ရ၏။ သတင်းများ အတည်ပြုနိုင်ရန် စိစစ်ဆဲဖြစ်ပါသည်။

ပြည်မတိုင်းများ၌ အခြားအမည်များဖြင့် အဖွဲ့များ ရှိနိုင်ပါသေးသည်။ ထပ်မံဖြည့်စွက်ရန် လိုအပ်ပါမည်။

(ဆက်လက်ဖော်ပြပါမည်)

(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၃)


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More