Saturday, October 14, 2023

“စစ်ကောင်စီရဲ့ ထိခိုက်ကျဆုံးမှုနှုန်းက အတော်များနေတယ်၊ လူသစ်စုဖို့ကလည်း ...


“စစ်ကောင်စီရဲ့ ထိခိုက်ကျဆုံးမှုနှုန်းက အတော်များနေတယ်၊ လူသစ်စုဖို့ကလည်း မလွယ်ဘူး”

- ပဒိုစောတောနီး (ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် - KNU)

(၁၅- ၁၀- ၂၀၂၃)

“အခုနှစ် ပထမ (၉) လတာအတွင်း KNLA, KNDO နဲ့ဖြစ်တဲ့တိုက်ပွဲတခုတည်းမှာတင် စစ်ကောင်စီတပ်သား (၄၀၀၀)နီးပါး ထိခိုက်ကျဆုံးခဲ့တဲ့အတွက် တနိုင်ငံလုံးမှာဆို စစ်ကောင်စီရဲ့ ကျဆုံးမှုဟာ အတော့်ကိုများနေတယ်။ ဒါပေမယ့် လူသစ်စုဆောင်းလို့လည်းမရတော့တဲ့အတွက် စစ်ကောင်စီတပ် အခြေပျက်စပြုနေပြီ” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် ပဒိုစောတောနီးက ပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်ခွဲကာလအတွင်း စစ်ကောင်စီတပ် ဘယ်လောက်အထိပြိုကျပျက်စီးနေပြီလဲ၊ တော်လှန်ရေးတပ်တွေက နေပြည်တော်နဲ့ ဘယ်လောက်နီးကပ်လာနေပြီလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- ထိခိုက်ကျဆုံးမှုများပြီး လူသစ်စုမရဖြစ်နေတဲ့ စစ်ကောင်စီတပ် ဟန်ပဲရှိပြီး အဆံမရှိတော့တဲ့သဘောလား...

- ERO နဲ့ PDF တွေကြား ပူးပေါင်းဆောင်ရွက်မှုအပေါ် အားမလိုအားမရဖြစ်နေသူတွေအပေါ် KNU ရဲ့သတင်းစကားက ဘာလဲ...

- စစ်ရေးတိုက်ပွဲအပြင် နိုင်ငံရေး၊ သံတမန်ရေး၊ စီးပွားရေးနဲ့ လူထုတိုက်ပွဲတွေပါ ဖော်ဆောင်နိုင်ဖို့အတွက် ဘာတွေပြင်ထားဖု့ိလိုသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More