Tuesday, October 10, 2023

“အရပ်သားတွေနေတဲ့ စစ်ရှောင်စခန်းကို စစ်ကောင်စီက တမင်ဗုံးကြဲတိုက်ခိုက်တာပါ”


“အရပ်သားတွေနေတဲ့ စစ်ရှောင်စခန်းကို စစ်ကောင်စီက တမင်ဗုံးကြဲတိုက်ခိုက်တာပါ”

- ဗိုလ်မှူးကြီးနော်ဘူ (ပြောခွင့်ရပုဂ္ဂိုလ် - KIO/ KIA)

“စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ မုန်လိုင်ခက် စစ်ရှောင်စခန်းကို စစ်ကောင်စီက ဗုံးကြဲတဲ့အတွက် ကလေးငယ်နှင့် အမျိုးသမီးအပါဝင် ၂၉ ဦးသေဆုံးခဲ့ရပြီး ၆၀ နီးပါးဒဏ်ရာရခဲ့တယ်” လို့ KIO/ KIA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူက BNN ကိုပြောပါတယ်။ 

စစ်ကောင်စီပြောခွင့်ရကတော့ ဒီဗုံးကြဲမှုကို သူတို့စစ်တပ်က လုပ်တာမဟုတ်ဘူးလို့ ငြင်းဆိုထားတယ်လို့သိရပါတယ်။ 

မနေ့ညက ဖြစ်ပွားခဲ့တဲ့ လိုင်ဇာဌာနချုပ်အနီးရှိ မုန်လိုင်ခက် စစ်ရှောင်စခန်း ဗုံးကြဲခံရမှုဖြစ်စဉ်အကြောင်း KIO/ KIA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောကြားချက်ကို ထုတ်လွှင့်ပေးလိုက်ပါတယ်။

စစ်ကောင်စီတပ်ဟာ အလားတူ ဗုံးကြဲတိုက်ခိုက်မှုမျိုးကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၃ ရက်နေ့ကလည်း ဖားကန့်မြို့နယ်မြောက်ဘက်ရှိ အနန့်ပါရွာကို ပြုလုပ်ခဲ့ဖူးပြီး  KIA က တပ်မဟာမှူး ၁ ဦး အပါအဝင် အရာရှိ၊ စစ်သည်တွေ၊၊ အနုပညာရှင်တွေ၊ လုပ်ငန်းရှင်တွေနဲ့ အရပ်သား စုစုပေါင်း ၈၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More