“လူမိုက် အားပေးတာမျိုး၊ အဆိပ်ပင် ရေလောင်းတာမျိုး မလုပ်သင့်ဘူးလို့ ပြောချင်တယ်”
- ပဒိုစောတောနီး (ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် - KNU)
(၁၄- ၁၀- ၂၀၂၃)
“လူမိုက် အားပေးတာမျိုး၊ အဆိပ်ပင် ရေလောင်းတာမျိုးကို တော်လှန်ရေးသမားတွေ မလုပ်သင့်ဘူး၊ ERO အဖွဲ့အားလုံးဟာ နွေဦ်းတော်လှန်ရေးမှာ တနည်းမဟုတ်တနည်းနဲ့ ပါဝင်နေတာဖြစ်တယ်ဆိုတာကို အားလုံးကသိပါတယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် ပဒိုစောတောနီးက ပြောပါတယ်။
နေပြည်တော်မှာ စစ်ကောင်စီက ကျင်းပဖို့ပြင်နေတဲ့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးပွဲ (NCA) ၈ နှစ်ပြည့်အခမ်းအနားကို တက်ရောက်ဖို့ပြင်နေတဲ့ ERO အဖွဲ့အချို့လုပ်ရပ်အပေါ် သဘောထားအမြင်ပေးဖို့ ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...
- NCA နှစ်ပတ်လည်မတိုင်ခင်လေးမှာ လိုင်ဇာအနီးက စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက ဘာကြောင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာလဲ...
- စစ်ကောင်စီကကျင်းပမယ့် NCA နှစ်ပတ်လည်ဟာ အတုအယောင်သာဖြစ်တယ်လို့ KNU, CNF, ABSDF တို့ပူးတွဲ ကြေညာချက်ထုတ်ခြင်းက ဘယ်လိုအရေးကြီးသလဲ...
- ERO အချိုု့ နွေဦးတော်လှန်ရေးထဲပါ၊ အချို့က ထောက်ခံအားပေး၊ အချို့က နေပြည်တော်ကိုသွားလိုက်-လာလိုက်လုပ်နေတာကို ပြည်သူတွေ ဘယ်လိုနားလည်သင့်သလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(အခုနှစ် ၉ လတာအတွင်း KNU နယ်မြေတခုတည်းမှာတင် စစ်ကောင်စီဘက်က ၄၀၀၀ နီးပါးကျဆုံးသေဆုံးမှုအကြောင်းဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင်ပါမယ်)
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။
0 comments:
Post a Comment