Thursday, February 10, 2022

Intro for KNU Interview.



“ဒီအချိန်ဒီအခါမှာ NCA ဆိုတဲ့စကားကို ကျနော်တို့ ကြားကို မကြားချင်တော့ဘူး”

(ပဒိုစောတောနီး- KNU ပြောခွင့်ရပုဂ္ဂိုလ်)
---------------------------------------------------------------
(၁၀/၂/၂၀၂၂)

စစ်ကောင်စီဖက်က ကမ်းလှမ်းလာတဲ့ အတုအယောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ငြင်းပယ်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့အတူ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ကရင့်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးကပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး တနှစ်ကြာအခြေအနေ၊ နွေဦးတော်လှန်ရေး တနှစ်တာကာလ အတွင်း KNU အပါဝင် EAO တွေနဲ့ NUG, PDF တွေကြား ပူးပေါင်းဆောင်ရွက်မှု အခြေနေအပေါ် BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

ဒီမေးမြန်းချက် အပြည့်အစုံကိုတော့ သောကြာနဲ့ စနေညတွေမှာ ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More