Tuesday, February 8, 2022

Interview with Than Soe Naing. Part-1



“ဒီအရှိန်တိုင်း ဆက်သွားနိုင်ရင် စစ်ရေးဆိုင်ရာ ချိန်ခွင်ညှာ အလှည့်အပြောင်းတခု မကြာခင်မှာ ရောက်လာနိုင်ပါတယ်”

(ဦးသန်းစိုးနိုင်- နိုင်ငံရေးဝေဖန်သုံးသပ်သူ)
-----------------------------------------------------------------------
(၈/၂/၂၀၂၂)

PDF တပ်တွေနဲ့ နွေဦးတော်လှန်ရေးကိုဦးဆောင်နေသူတွေက လက်ရှိ တိုက်ပွဲအရှိန်ကို တဖြေးဖြေးတင်သွားနိုင်မယ်ဆိုရင် မကြာခင် လပိုင်းအတွင်း စစ်ရေးဆိုင်ရာ ချိန်ခွင်ညှာအလှည့်ပြောင်းတခုဆီ ရောက်သွားနိုင်တယ်လို့ နိုင်ငံရေးဆန်းစစ်ဝေဖန်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

စစ်အာဏာသိမ်းမှုတနှစ်ပြည့်အခြေအနေ တနည်းအားဖြင့် နွေဦးတော်လှန်ရေး တနှစ်ပြည့်အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့....
- နွေဦးတော်လှန်ရေး တနှစ်တာအတွင်း ဘယ်လောက်အထိ တိုးတက်လာသလဲ...
- လက်မပြည့်စုံပဲနဲ့ မြို့သိမ်းတိုက်ပွဲဆင်နွဲရေးဆိုတာ တကယ်ဖြစ်လာနိုင်ရဲ့လား...
- မြို့နယ်တိုင်းမှာရှိနေတဲ့ PDF တပ်တွေအားလုံးဆီကို NUG ကာကွယ်ရေးဝန်ကြီးဌာနက အမိန့်စီးဆင်းနေပြီလား... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကောင်စီတပ်တွေရဲ့ ရက်စက်ဖိနှိပ်မှုတွေက ပြည်သူတွေကို ကြောက်သွားစေသလား- တော်လှန်စိတ်ပိုပြင်းထန်လာစေသလားဆိုတဲ့ အကြောင်း ဆွေးနွေးထားတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More