Monday, February 21, 2022

Interview with Col Naw Bu of KIA. part-2



“စစ်ကောင်စီရဲ့ ဖိနှိပ်မှုဒဏ်ကိုကြောက်ရွံ့မသွားပဲ တော်လှန်ရေးကို အရှိန်မြှင့်ဖို့ လိုပါတယ်”

(ဗိုလ်မှုးကြီးနော်ဘူ- KIO/KIA ပြန်ကြားရေးအရာရှိ)
-------------------------------------------------------------------
(၂၁/၂/၂၀၂၂)

အာဏာသိမ်းစစ်အုပ်စုတပ်တွေဟာ ရှေ့တန်းက တော်လှန်ရေးသမားတွေကို ရင်ဆိုင်မတိုက်ပဲ ရွာမီးရှို့တာ၊ လက်နက်ကြီးနဲ့ ရွာထဲပစ်တာကို အဓိကထားလုပ်လာနေပြီး လူထုကို ကြောက်သွားအောင် လုပ်နေတယ်၊ ဒါပေမယ့် လူထုက မကြောက်သွားပဲ ခုခံတော်လှန်လိုစိတ် ပိုပြင်းလာနေတာကိုသာတွေ့ရတယ်လို့ KIO/KIA ပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီး တနှစ်တာကာလအတွင်း KIA ကချင်လွတ်လပ်ရေး တပ်မတော်နဲ့ PDF ပြည့်သူ့ကာကွယ်ရေးတပ်တွေကြားပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ တနှစ်တာအတွင်း လက်နက်ကိုင်တော်လှန်ရေးရဲ့ တိုးတက်မှု အနေအထားနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့....
- ကချင်ပြည်နယ်ရဲ့ နေရာအများစုကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်ပြီလား...
- အရင် ၈၈ ကာလနဲ့ အခု ၂၀၂၂ ကာလ လက်နက်ကိုင်တိုက်ပွဲ အခြေအနေ ဘယ်လိုတိုး တက်ပြောင်းလဲမှုရှိသလဲ...
- တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်က ဘယ်လိုရှိသလဲ...
- စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေ ကြမ်းလာလို့ လူထုတွေ ကြောက်ရွံ့သွားနိုင်သလား... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More