Friday, February 4, 2022

Interview with Capt Nyi Thuta of PSPT. part-2



“ထွက်ပြေးလာသူနဲ့ ကျဆုံးသူဦးရေက တဖြေးဖြေးတိုးလာနေတဲ့အတွက် ဒီဖက်က စစ်ရှိန်သာမြှင့်လိုက်ရင် စကစ ဖက်က တောင့်ခံနိုင်မှာမဟုတ်ဘူး”

(ဗိုလ်ကြီး ညီသုတ- People Soldiers' Production Team- PSPT).
-------------------------------------------------------------
(၄/၂/၂၀၂၂)

အာဏာသိမ်း စစ်ကောင်စီကို မကျေနပ်လို့ တပ်ထဲကနေ ထွက်ပြေးသူ ၃၀၀၀ ကျော်နဲ့ တိုက်ပွဲမှာ ကျဆုံးသူ ၃၀၀၀ ဝန်းကျင်အထိရှိလာနေတဲ့အတွက် တော်လှန်ရေးတပ်တွေဖက်က စစ်ရှိန်ကိုသာမြှင့်လိုက်မယ်ဆိုရင် စကစ ဖက်က ရေရှည်တောင့်ခံခြေ မရှိဘူးလို့ CDM ဗိုလ်ကြီး ညီသုတကပြောပါတယ်။

အာဏာသိမ်းနှစ်ပတ်လည် သို့မဟုတ် နွေဦးတော်လှန်ရေးတနှစ်တာအတွင်း စကစ တပ်တွင်း ဖွဲ့စည်းပုံပျက်နေတာနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့...
- NUG ကပြောနေတဲ့ မြို့သိမ်းတိုက်ပွဲဆိုတာ ဒီနှစ်ထဲမှာ တကယ်ဖြစ်လာနိုင်သလား...
- စကစ တပ်အတွင်း ထွက်ပြေး-ကျဆုံး အင်အား ဘယ်လောက်အထိများနေပြီလဲ...
- စကစ ဖက်က အစုအပြုံလိုက် ထွက်ပြေးလာရင် ကြိုဆိုဖို့ တော်လှန်ရေးတပ်တွေဖက်က အဆင်သင့်ပြင်ထားပြီးပြီလား...
- လက်နက်အင်အားကောင်းပြီး နှစ် ၇၀ တိုက်ပွဲအတွေ့အကြုံရှိတဲ့ စကစ တပ်ကို PDF, EAO တပ်တွေက အနိုင်တိုက်မယ်ဆိုတာ ဘယ်လောက်ဖြစ်နိုင်ခြေရှိသလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More