Tuesday, February 1, 2022

Interview with Naing Htoo Aung of MOD-NUG. Part-1



“လက်နက်အကန့်အသတ်ရှိနေပေမယ့် စစ်ပညာသင်တန်းဆင်းပြီးသား PDF ကတော့ သိန်းဂဏန်းအထိရှိလာနေပါပြီ”

(ဦးနိုင်ထူးအောင်- အတွင်းဝန်- NUG ကာကွယ်ရေးဝန်ကြီးဌာန)
-----------------------------------
(၁-၂-၂၀၂၂)

လက်နက်တပ်ဆင်ရေး အကန့်အသတ်ရှိနေဆဲဖြစ်ပေမယ့် အခြေခံစစ်သင်တန်းဆင်းပြီးသား၊ တိုက်ပွဲဝင်ဖို့အဆင်သင့်ဖြစ်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF အင်အားကတော့ သိန်းဂဏန်းအထိရှိလာနေပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကပြောပါတယ်။

စစ်အာဏာသိမ်းမှုတနှစ်ပြည့် သို့မဟုတ် နွေဦးတော်လှန်ရေးတနှစ်ပြည့်ကာလအတွင်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့...
- နွေဦးတော်လှန်ရေး တနှစ်တာကာလအတွင်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထူးခြားတဲ့ ဆောင်ရွက်ချက်တွေ...
- PDF, LDF, ပကဖ တွေအပေါ် ကာကွယ်ရေးဝန်ကြီးဌာနက အမိန့်စီးဆင်းနေပြီလား...
- NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ EAO တပ်တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေက ဘယ်လောက်အထိ တိုးတက်လာနေပြီလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ခုခံစစ်ကနေ ထိုးစစ်ဆင်နိုင်တဲ့အထိ လုပ်နိုင်အောင် ပြင်ဆင်နေတဲ့အကြောင်းပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More