Friday, February 11, 2022

Interview with Padoh Saw Taw Nee of KNU. part-1



“စစ်တပ်က အကြမ်းဖက် အာဏာသိမ်းပြီးကတည်းက NCA ဟာ အသက်မဝင်တော့ပါဘူး”

(ပဒိုစောတောနီး- KNU ပြောခွင့်ရပုဂ္ဂိုလ်)
---------------------------------------------------------------
(၁၁/၂/၂၀၂၂)

ပြသာနာတွေကို အကြမ်းနည်းနဲ့မဖြေရှင်းပဲ နိုင်ငံရေးနည်းအရဆွေးနွေးအဖြေရှာရမယ်ဆိုတဲ့ NCA မူကို စစ်တပ်ဖက်က ချိုးဖောက်ပြီး အကြမ်းဖက် အာဏာသိမ်းပြီးကတည်းက ဒီစာချုပ်ပါ သဘောတူညီချက်တွေဟာ ပျက်ပျယ်သွားပြီဖြစ်တယ်လို့ ကရင့်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးကပြောပါတယ်။

မနက်ဖန်ကျင်းပမယ့် ပြည်ထောင်စုနေ့အခမ်းနားဆီတက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ စစ်ကောင်စီရဲ့ ဖိတ်ကြားချက်အပေါ် သဘောထားအပါဝင် လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေတွေနဲ့ပတ်သက်ပြီး KNU သဘောထားကို BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့...
- စစ်ကောင်စီဖက်က ဖိတ်ခေါ်ချက်ကို KNU က ဘာကြောင့် လက်မခံတာလဲ...
- NCA သဘောတူညီချက် ပျက်သွားပြီလား...
- KNLA တပ်မဟာ ၇ ခုစလုံးမှာ တိုက်ပွဲတွေဖြစ်နေပြီလား...
- KNU နဲ့ NUG ကြား ပူးပေါင်းဆောင်ရွက်နိုင်မှုက ဘယ်အနေအထားထိ ရောက်နေပြီလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(EAO တပ်တွေနဲ့ PDF တပ်တွေပူးပေါင်းပြီး ခုခံစစ်ကနေ ထိုးစစ်ကိုချီတက်မယ့် နွေဦးတော်လှန်ရေး အရှိန်အဟုန်အကြောင်း ဆွေးနွေးချက်ပါဝင်တဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် စနေညမှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More