Thursday, February 3, 2022

Interview with Capt Nyi Thuta of PSPT. part-1



“ပြည်သူမပါတဲ့ လက်နက်ကိုင်တပ်ဟာ ဘယ်လိုမှ ရေရှည်မရပ်တည်နိုင်ပါဘူး”

(ဗိုလ်ကြီး ညီသုတ- People Soldiers' Production Team- PSPT).
-------------------------------------------------------------
(၃/၂/၂၀၂၂)

အာဏာသိမ်း စစ်ကောင်စီတပ်ကို ပြည်သူတရပ်လုံးက လုံး၀ လက်မခံတော့တဲ့အတွက် ဒီတပ်ဟာ ရေရှည်ရပ်တည်နိုင်မှာ မဟုတ်တော့ဘူးလို့ စစ်ကောင်စီတပ်ဖက်ကနေ ပြည်သူ့တော်လှန်ရေးဖက် ကူးပြောင်းလာတဲ့ CDM ဗိုလ်ကြီး ညီသုတကပြောပါတယ်။

အာဏာသိမ်းနှစ်ပတ်လည် သို့မဟုတ် နွေဦးတော်လှန်ရေးတနှစ်တာအတွင်း တိုးတက်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့...
- အာဏာသိမ်းတဲ့နေ့က တပ်မတော်အတွင်း ထူးခြားချက်များ...
- တနှစ်ကြာပြီးတဲ့အခါ တပ်မတော်အပေါ် လူထုရဲ့ မုန်းတီးမှုက ပိုတိုးလာသလား...
- လက်နက်အင်အားကောင်းလှတဲ့ စစ်ကောင်စီတပ်ကို လူထုအားသက်သက်နဲ့ အနိုင်ယူဖြိုချနိုင်ပါ့မလား... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မြို့သိမ်းတိုက်ပွဲအရင်လုပ်သင့်သလား... မြို့မသိမ်းပဲနဲ့ တော်လှန်ရေးဖက်ကနေ အုပ်ချုပ်ရေးချသွားလို့ရသား...ဆိုတဲ့ ဆွေးနွေးချက်ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More