Wednesday, February 16, 2022

Interview with Aung Thu Nyein on ASEAN meeting.



အာဆီယံ အစည်းဝေး ဘာတွေ ထူးခြားမလဲ... ဦးအောင်သူငြိမ်းနှင့် မေးမြန်းချက်
-------------------------------------------------------
(၁၆/၂/၂၀၂၂)

ကမ္ဘောဒီးယားနိုင်ငံမှာ မနက်ဖန်ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းဝေးမှာ စစ်ကောင်စီကိုယ်စားလှယ်မပါတဲ့အပြင် ပုံမှန်အစည်းဝေးသာဖြစ်တဲ့အတွက် သိပ်ထူးခြားတဲ့ ရလာဒ် ထွက်လာဖွယ်မရှိဘူးလို့ နိုင်ငံရေးဆန်းစစ်ဝေဖန်သူ ဦအောင်သူငြိမ်းကပြောပါတယ်။

လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဌ ကမ္ဘောဒီးယား ဝန်ကြီးချုပ်က စစ်ကောင်စီ ကိုယ်စားလှယ်ကိုဖိတ်ခေါ်နိုင်ဖို့ နေပြည်တော်အထိ သွားရောက်ဆွေးနွေးပြီးမှ ကျင်းပတဲ့ ပထမဆုံးအကြိမ် အာဆီယံအစည်းဝေးနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာတော့....
- အာဆီယံ အစည်းဝေးကို စစ်ကောင်စီကိုယ်စားလှယ် ဘာကြောင့် တက်ခွင့်မရသေးတာလဲ...
- အာဆီယံ သဘောတူချက် ၅ ခုကို စစ်ကောင်စီက လိုက်နာဖွယ်ရှိသေးသလား...
- အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ကုလ အထူးကိုယ်စားလှယ်တွေ နေပြည်တော် သွားခွင့်ရလာနိုင်သလား...
- အာဆီယံနဲ့နိုင်ငံတကာရဲ့ ကြားဝင်ဆွေးနွေးမှုကြန့်ကြာလေ- စစ်ရေးအရ တိုက်ပွဲတွေက ပိုပြင်းထန်လေ ဖြစ်လာမလား... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။.  ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More