Saturday, February 5, 2022

Interview with Bo Nagar of MRDA. part-1



“ရွာမီးရှို့တာ၊ ပြည်သူအပေါ် ရက်စက်ရုတ်မာတာကလွဲရင် စကစ မှာ ဘာဗျုဟာမှ မရှိဘူး”

(ဗိုလ်နဂါး- မြန်မာ့တော်ဝင်နဂါးတပ်တော်-MRDA)
-----------------------------------------------------------------------------
(၅ /၂ /၂၀၂၂)

စစ်ကောင်စီတပ်တွေဟာ PDF တပ်တွေကို ထိပ်တိုက်ရင်မဆိုင်ပဲ ရွာမီးရှို့တာ၊ ပြည်သူအပေါ် ရက်စက်ရုတ်မာမှု လုပ်နေတာတွေဟာ ပြည်သူတွေကို ပိုစိတ်နာလာစေတယ်လို့ စစ်ကိုင်းတိုင်းအခြေစိုက် PDF တပ်မှူးတဦးဖြစ်သူ ဗိုလ်နဂါးကပြောပါတယ်။

အာဏာသိမ်းနှစ်ပတ်လည် သို့မဟုတ် နွေဦးတော်လှန်ရေးတနှစ်ပြည့်ကာလအတွင်း နိုင်ငံရေး၊ စစ်ရေးတိုးတက်လာမှုအခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့...
- တနှစ်တာကာလအတွင်း နိုင်ငံရေးအရ တိုးတက်မှု ဘာတွေရှိလာသလဲ...
- PDF တွေဖက်မှာ လူအင်အား၊ လက်နက်အင်အား ဘယ်လောက်အထိ တိုးတက်လာသလဲ...
- စစ်ကောင်စီက ဘယ်လိုဗျုဟာတွေနဲ့ PDF တွေကို တိုက်ခိုက်နေသလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နိုင်မလား-ရှုံးမလားဆိုပြီး အဝေးကနေ တွေဝေမနေနဲ့၊ တော်လှန်ရေးထဲ ကိုယ်တိုင်ဝင်ပါကြပါလို့ တိုက်တွန်းချက်ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More