Sunday, February 20, 2022

Interview with Col Naw Bu of KIA. Part-1



“စစ်အာဏာရှင်ပြုတ်ကျရေးလိုလားတဲ့ အဖွဲ့အားလုံးနဲ့ လက်တွဲပြီး တိုက်ပွဲဝင်နေပါတယ်”

(ဗိုလ်မှုးကြီးနော်ဘူ- KIO/KIA ပြန်ကြားရေးအရာရှိ)
-------------------------------------------------------------------
(၂၀/၂/၂၀၂၂)

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကိုဖြုတ်ချပြီး ဖက်ဒရယ်-ဒီမိုကရေစီ ပြည်ထောင်စုထူထောင်ဖို့ လိုလားတဲ့အဖွဲ့အစည်းအားလုံးနဲ့ လက်တွဲတိုက်ပွဲဝင်နေတယ်လို့ KIO/KIA ပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီး တနှစ်တာကာလအတွင်း KIA ကချင်လွတ်လပ်ရေး တပ်မတော်နဲ့ PDF ပြည့်သူ့ကာကွယ်ရေးတပ်တွေကြား၊ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက်နေမှု အနေအထားနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့....
- စစ်ကောင်စီက ဦးစီးကျင်းပတဲ့ နေပြည်တော်က ပြည်ထောင်စုနေ့အခမ်းအနားကို KIO က ဘာကြောင့်မတက်တာလဲ...
- NUG က ဦးစီးကျင်းတဲ့ ပင်လုံစာချုပ် ၇၅ နှစ်ပြည့်နေ့ အခမ်းအနားကို KIO က တက်ရောက်ခြင်းက ဘယ်လို သတင်းစကား ပါးချင်လို့လဲ...
- NUG နဲ့ KIO ကြား ပူးပေါင်းဆောင်ရွက်မှုက ဘယ်လိုအနေအထားရှိသလဲ...
- ကချင်ပြည်နယ်မှာ KIA နဲ့ PDF တွေကြား ပူူးပေါင်းတိုက်ပွဲဝင်မှုက ဘယ်အနေအထားရောက်နေပြီလဲ...
- တနှစ်တာ တိုက်ပွဲကာလအတွင်း စကစ ဖက်က ထိခိုက်-ကျဆုံး-ထွက်ပြေး အတော်များနေပြီလား... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(လူထုထောင်ခံမှုအားကောင်းတဲ့ တော်လှန်ရေးဟာ အောင်ကိုအောင်ရမယ်ဆိုတဲ့ သုံးသပ်ချက်ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက်ထုတ် လွှင့်ပေးမှာဖြစ်ပါတယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More