Sunday, February 6, 2022

Interview with Bo Nagar of MRDA. Part-2



“အကြောက်တရားက အဆုံးစွန်အထိရောက်သွားတဲ့အခါမှာ နာကျည်းမှုနဲ့အတူ သတ္တိပြန်ဖြစ်လာပါတယ်”

(ဗိုလ်နဂါး- မြန်မာ့တော်ဝင်နဂါးတပ်တော်-MRDA)
-----------------------------------------------------------------------------
(၆ /၂ /၂၀၂၂)

စစ်ကောင်စီတပ်တွေရဲ့ ရွာမီးရှို့၊ ပစ္စည်းသိမ်း၊ လူနှိပ်စက် စီမံကိန်းကို အစပိုင်းမှာ လူထုက ကြောက်သွားပေမယ့် နောက်ပိုင်းမှာတော့ စိတ်နာတဲ့ဖက်ကိုပြောင်းသွားပြီး တော်လှန်ရေးထဲ လူထုပါဝင်မှုကို ပိုများလာစေတယ်လို့ စစ်ကိုင်းတိုင်းအခြေစိုက် PDF တပ်မှူးတဦးဖြစ်သူ ဗိုလ်နဂါးကပြောပါတယ်။

အာဏာသိမ်းနှစ်ပတ်လည်မှာ စစ်ကောင်စီတပ်တွေက စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွင်းက ကျေးရွာတွေကို ဆက်တိုက် မီးရှို့၊ ဖျက်ဆီး၊ လုရက်လုပ်နေတာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့...
- စကစ တပ်တွေရဲ့ ရွာမီးရှို့ ဖျက်ဆီးမှုက ဘယ်လောက်အထိ ဆိုးနေသလဲ...
- လူထုကကြောက်သွားသလား... ပြန်တော်လှန်နေသလား...
- NUG နဲ့ EAO တွေရဲ့ ထောက်ခံအားပေးမှုက ဘယ်လောက်အထိ အားကောင်းနေပြီလဲ...
- လက်နက်အင်အားကောင်းလှတဲ့ စစ်ကောင်စီတပ်တွေကို ဗိုလ်နဂါးတို့လို လူငယ်အဖွဲ့ငယ်တွေက ဘယ်လိုတိုက်ခိုက်အနိုင်ယူနိုင်မှာလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(လာမယ့် အင်္ဂါ- ဗုဒ္ဓဟူးနေ့တွေမှာတော့ နိုင်ငံရေးဝေဖန်ဆန်းစစ်သူ ဦးသန်းစိုးနိုင်ရဲ့ နွေဦးတော်လှန်ရေးတနှစ်တာ သုံးသပ်ချက်ကို ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More