Saturday, February 19, 2022

Interview with Salai Thet Ni of CNF. Part-2



“ဘုရင့်နောင်ဖောင်ဖျက်စိတ်ဓတ်နဲ့ ပြတ်ပြတ်သားသား  တိုက်ပွဲဝင်သွားဖို့လိုပါတယ်”

(ဆလိုင်းထက်နီ- CNF ပြောခွင့်ရပုဂ္ဂိုလ်)
----------------------------------------------------------------------
(၁၉ /၂/၂၀၂၂)

ပြည်သူတွေကိုယ်တိုင် ပါဝင်ဆင်နွဲနေတဲ့ နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင် ဖြုတ်ချရေးအတွက် နောက်ဆုံးအခွင့်အရေးဖြစ်တာကြောင့် လုံးဝနောက်မဆုတ်ပဲ ဘုရင့်နောင်ဖောင်ဖျက် စိတ်ဓတ်နဲ့ ပြတ်ပြတ်သားသား တိုက်ပွဲဝင်သွားဖို့လိုတယ်လို့ ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီကပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး တနှစ်ကြာကာလအတွင်း ချင်းပြည်နယ်က တော်လှန်ရေးအခြေအနေအပါဝင် နွေဦးတော်လှန်ရေးအပေါ်အမြင်ကို BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့...
- ချင်းပြည်နယ်က စစ်ပြေးဒုက္ခသည်အခြေအနေ...
- အိန္ဒိယ အစိုးရရဲ့ လူသားချင်းစာနာမှုအကူအညီ...
- EAO နဲ့ PDF တွေကြား ပူးပေါင်းတိုက်ပွဲဝင်နိုင်မှု အနေအထား...
- ၈ လေးလုံးကာလနဲ့ ဒီနေ့ တော်လှန်ရေးကာလ အခြေအနေ တူညီချက်- မတူညီချက်...
- တနှစ်ကြာပြီးတဲ့အချိန်မှာ တော်လှန်ရေးအရှိန်အဟုန် ဘယ်လောက်ကောင်းနေပြီလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျုးလုပ်နေစဉ် အင်တာနက်လိုင်း မကောင်းတဲ့အတွက် အသံနဲ့အရုပ် မကြည်မလင်ဖြစ်နေတာကို တောင်းပန်အပ်ပါတယ်။ မနက်ဖန်ညမှာတော့ KIO/KIA ပြောခွင့်ရပုဂ္ဂိုလ်နဲ့ မေးမြန်းချက်ကို ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More