Thursday, February 24, 2022

Interview with Banya Khung Aung of KHRG.



မိုးဗြဲဒေသက တိုက်ပွဲနောက်ဆုံးအခြေအနေအကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့နှင့် မေးမြန်းချက်
---------------------------------------------------------------------
(၂၄၂/၂၀၂၂)

ရှမ်း-ကယားနယ်စပ် မိုးဗြဲနဲ့ ဒီမော်ဆိုအကြားရှိ နမ်းမယ်ခုံဒေသမှာ အခုချိန်အထိ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသခံတွေ သောင်းနဲ့ချီ ထွက်ပြေးနေရတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ဗညားခွန်အောင်ကပြောပါတယ်။

ကရင်နီဒေသမှာ သီတင်းတပတ်နီးပါးကြာဖြစ်နေတဲ့ တိုက်ပွဲအခြေအနေ၊ စစ်ပြေးတွေနဲ့ ကူညီကယ်ဆယ်ရေးအခြေအနေကို BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာတော့...
- တိုက်ပွဲ နောက်ဆုံးအခြေအနေ...
- နှစ်ဖက် ထိခိုက်ကျဆုံးမှုအနေအထား...
- ရွာမီးရှို့ခံရလို့ အရပ်သားတွေ ထွက်ပြေးရမှာအခြေအနေ...
- ကူညီကယ်ဆယ်ရေး ဘယ်လိုလုပ်နေကြသလဲ...
- ကရင်နီဒေသအပြင် အခြားဒေသတွေပါ တပြိုင်တည်း တိုက်ပွဲဖေါ်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျုးလုပ်နေစဉ် အင်တာနက်လိုင်း ပြတ်ကျသွားတဲ့အတွက် တယ်လီဖုန်းနဲ့မေးပြီး ပြန်ပေါင်းထားရတာကြောင့် ကြည့်ရှု-နားဆင်တဲ့အခါ အဆင်မပြေဖြစ်ပါက နားလည်ပေးပါရန် တင်ပြအပ်ပါတယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More