Friday, February 18, 2022

Interview with Salai Thet Ni of CNF. Part-1



“ချင်းပြည်နယ်ရဲ့  ၇၅% ကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားပါတယ်”

(ဆလိုင်းထက်နီ- CNF ပြောခွင့်ရပုဂ္ဂိုလ်)
--------------------------------------------------------------------------
(၁၈-၂-၂၀၂၂)

နွေဦးတော်လှန်ရေး တနှစ်တာ တိုက်ပွဲကာလအတွင်း ချင်းပြည်နယ်ရဲ့ ၇၅% ရာခိုင်နှုန်းခန့်ကို ချင်းတော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်တွေက မြို့တွင်းနဲ့ ကားလမ်းမကြီးတလျောက်မှာသာ ကျန်တော့တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီကပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး တနှစ်ကြာကာလအတွင်း ချင်းပြည်နယ်က နွေဦးတော်လှန်ရေးအခြေအနေအပေါ် BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့...
- NCA အပစ်ရပ်စာချုပ်အပေါ် CNF က ဘယ်လိုသဘောထားသလဲ...
- NUCC မှာ CNF က ဘယ်လိုပူးပေါင်းဆောင်ရွက်နေသလဲ...
- ချင်းပြည်နယ်ရှိ CDF ဒေသခံချင်းကာကွယ်ရေးတပ်တွေနဲ့ CNF ကြားမှာ ဘယ်လို ပူးပေါင်း တိုက်ပွဲဝင်နေသလဲ..
- ချင်း၊ မကွေး၊ စစ်ကိုင်းတိုင်းတွေမှာ တော်လှန်ရေးတပ်တွေ ဘယ်လို ပူးပေါင်း ဆောင်ရွက်နေသလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်အာဏာရှင်ဖြုတ်ချရေးအတွက် ဘုရင့်နောင်ဖောက်ဖျက်စိတ်ဓတ်နဲ့ တိုက်ပွဲဝင်ဖို့လိုကြောင်း ဆွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။ 

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More