Wednesday, February 2, 2022

Interview with Naing Htoo Aung of MOD-NUG. part-2



“မြို့သိမ်းတိုက်ပွဲ ဆင်နိင်ဖို့ ကျနော်တို့ စနစ်တကျ ပြင်ဆင်နေပါတယ်”

(ဦးနိုင်ထူးအောင်- အတွင်းဝန်- NUG ကာကွယ်ရေးဝန်ကြီးဌာန)
-----------------------------------
(၂/၂/၂၀၂၂)

အခုနှစ်အတွင်း မြို့သိမ်း၊ နယ်မြေသိမ်းတိုက်ပွဲ ဆင်နွဲနိုင်ဖို့အတွက် စနစ်တကျ ပြင်ဆင်နေပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကပြောပါတယ်။

ခုခံတော်လှန်စစ် တနှစ်ကြာလာပြီးတဲ့အခါမှာ ခုခံစစ်ကနေ ထိုးစစ်ကိုသွားတော့မယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့...
- PDF အင်အား တသိန်းခန့်ကို မောင်းပြန်သေနတ် ဘယ်လောက်တပ်ဆင်ပေးနိုင်ခဲ့ပြီလဲ...
- လက်နက်မပြည့်စုံတဲ့ကြားက မြို့သိမ်းတိုက်ပွဲ ဘယ်လိုဆင်နွဲမှာလဲ...
- ပြည်တွင်း-ပြည်ပက လူထုထောက်ခံမှု အရှိန်ကျမသွားအောင် NUG က ဘယ်လို ဆောင်ရွက်နေသလဲ...  စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဒီနှစ်အတွင်း မြို့သိမ်းတိုက်ပွဲဖြစ်နိုင်ခြေရှိ-မရှိ သုံးသပ်ချက်ပါဝင်မယ့် CDM ဗိုလ်ကြီးညီသုတနဲ့ မေးမြန်းချက်ကိုတော့ မနက်ဖန်ညမှာ ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။ 

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More