Tuesday, December 31, 2024

“ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်ရေး အကုန်ကျဆင်းနေပြီး တက်တာဆိုလို့ စစ်တပ်အသုံး...


“ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်ရေး အကုန်ကျဆင်းနေပြီး တက်တာဆိုလို့ စစ်တပ်အသုံးစရိတ်ပဲရှိတယ်”

- ဦးစိန်ဌေး (စီးပွားရေး ဆန်းစစ်ဝေဖန်သူ)

(၃၁- ၁၂- ၂၀၂၄)

“၂၀၂၄ ခုနှစ် မြန်မာ့စီးပွားရေးညွှန်းကိန်းအရ GDP 1% ကျဆင်းပြီး ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်ရေး၊ ဝန်ဆောင်မှု စတဲ့ကဏ္ဍပေါင်းစုံမှာ ဆုတ်ရုတ်နေပြီး တိုးတက်တာဆိုလို့ စစ်တပ်အသုံးစရိတ်ပဲရှိတယ်” လို့ စီးပွားရေး ဆန်းစစ်ဝေဖန်သူ ဦးစိန်ဌေးက ပြောပါတယ်။

ကုန်ဆုံးတော့မယ့် ၂၀၂၄ အတွင်း မြန်မာ့စီးပါွးအခြေအနေ ဘယ်လောက်အထိ ဆိုးခဲ့သလဲ၊ ၂၀၂၅ မှာကော ဦးမော့လာမလား- ထပ်ဆိုးနိုင်းသလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော်မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- ပုံမှန်လေး တိုးတက်နေတဲ့ GDP ညွှန်းကိန်းက ဘာကြောင့် ရုတ်တရက် ထိုးကျသွားတာလဲ...

- နယ်စပ်ဂိတ်တွေ ပိတ်လိုက်ခြင်းက EROs တွေကို မထိပဲ စစ်ကောင်စီကို ထိခိုက်စေသလား...

- တိုင်းပြည်စီးပွားကျနေချိန်မှာ စစ်သုံးစရိတ်က ၁၄% ကနေ ၂၈% အထိ ဘာကြောင့် တိုးယူလိုက်တာလဲ...

- စစ်ဗိုလ်ချုပ်တွေ ကြီးစိုးနေသရွှေ့ စီးပွားရေးပြန်ကောင်းဖို့ မဖြစ်နိုင်တော့ဘူးလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(EROs တွေက နယ်စပ်တလျောက်ကို ထိန်းချုပ်လိုက်တဲ့အတွက် ၂၀၂၅ မှာ နယ်စပ်ကုန်သွယ်ရေး ဒီဇိုင်းအသစ်နဲ့ စီးပွားရေးပုံစံ မိုဒယ်အသစ် ဖြစ်ထွန်းမှုတွေကို မြင်ရလာရတော့မလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩
မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, December 30, 2024

မယ်လယု ခံစစ်စခန်းကနေ စစ်ကောင်စီတပ် ထွက်ပြေး... စစ်ကိုင်းတိုင်း တပ်မဟာအသစ...


မယ်လယု ခံစစ်စခန်းကနေ စစ်ကောင်စီတပ် ထွက်ပြေး... စစ်ကိုင်းတိုင်း တပ်မဟာအသစ်အတွက် PDF-MDY ရဲဘော်သစ်များဖိတ်ခေါ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

(၃၁- ၁၂- ၂၀၂၄)

ကရင်နီ-ထိုင်း နယ်စပ်၊ ရှားတောမြို့နယ်ရှိ မယ်လယု မဆုတ်တမ်း ခံစစ် တပ်စခန်းကနေ စစ်ကောင်စီတပ်တွေ ဆုတ်ခွာထွက်ပြေးသွားပြီး ကရင်နီပူးပေါင်းတပ်က ဝင်ရောက်သိမ်းပိုက်ရာမှာ ခဲယမ်းများစွာနဲ့ မော်တော်ယာဉ်တွေပါ ရရှိတယ်လို့ ဒေသတွင်း မီဒီယာ ကန္တာရဝတီတိုင်း(မ်) က ဖော်ပြပါတယ်။

အင်အား ၈၀ ခန့်နဲ့ စခန်းထိုင်ထားတဲ့ မယ်လယု စခန်းကို သိမ်းဖို့ ဒီဇင်ဘာ ၂၈၊ မနက် ၅ နာရီခန့်မှာ ကရင်နီ တပ်ပေါင်းစု ချီတက်စဉ် တိုက်ပွဲဖြစ်တာနဲ့ စစ်ကောင်စီဘက်က အခုလို စခန်းစွန့် ထွက်ပြေးသွားတာလို့ KA (ကရင်နီတပ်မတော်) အရာရှိတဦးက ပြောပါတယ်။

ဆိုရှယ်မီဒီယာမှာ ပြန့်နေတဲ့ ဗီဒီယိုထဲမှာတော့ လက်နက်ကြီး လက်နက်ငယ် ကျည်ဆန်တွေ သောင်းနဲ့ချီ တွေ့ရပြီး မော်တော်ကားတွေ၊ ဆိုင်ကယ်တွေလည်း တွေ့ရပါတယ်။

ဒါ့အပြင်...

- မြဝတီမြို့ ခရိုင် ရဲစခန်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်တဲ့အတွက် ရဲတပ်သားအချို့ ဒဏ်ရာရ...

- ချင်းပြည်နယ် တောင်ပိုင်း၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းနဲ့ တီးတိန် မြို့သိမ်းတိုက်ပွဲတွေမှာ ချင်းညီနောင်အဖွဲ့က ရဲဘော် ၁၀၀ ခန့် ကျဆုံး...

- ၂၀၂၅ ခုနှစ်မှာ တပ်မဟာအသစ် တခု တိုးချဲ့ဖွဲ့စည်းပြီး စစ်ကိုင်းတိုင်းမှာပါ စစ်ဆင်ရေးလုပ်သွားမယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“AA က ရခိုင်ပြည်နယ်ထဲမှာပဲ နေမှာလား၊ သူ့ကို ဒုက္ခပေးလာနိုင်တဲ့ နေရာတွေအထ...


“AA က ရခိုင်ပြည်နယ်ထဲမှာပဲ နေမှာလား၊ သူ့ကို ဒုက္ခပေးလာနိုင်တဲ့ နေရာတွေအထိ ဆက်တိုး မှာလား”

- လင်းထက်အောင် (CDM - တပ်မတော်အရာရှိ) 

(၃၀- ၁၂ -၂၀၂၄)

“AA လို ERO အဖွဲ့ကြီးက ရခိုင်ပြည်နယ်ထဲမှာပဲ နေမှာလား ဒါမှဟုတ် သူ့ကို အချိန်မရွေး တန်ပြန် ဒုက္ခပေးလာနိုင်တဲ့ နေရာတွေအထိ စစ်ကို ဆက်တိုးမှာလားဆိုတာ စောင့်ကြည့်ရမှာဖြစ်တယ်” လို့ CDM- ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။

၂၀၂၅ အတွင်း တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ် ပိုအရှိန်ကောင်းလာနိုင်သလား၊ စစ်ကောင်စီ ဘယ်လောက်အထိ မြန်မြန် ပြိုကျနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြစ်အောင် ဘယ်လို ဆောင်ရွက်ကြမလဲ...

- အညာဒေသက တော်လှန်ရေးတပ်တွေ ပြောက်ကျားစစ်ကနေ ချေမှုန်းရေးစစ်ပွဲဆီတက်ဖို့ ဘာတွေလိုအပ်နေသလဲ...

- AA လိုအင်အားကြီးတဲ့ ERO တပ်က ရခိုင်ရိုးမဘေးမှာရှိတဲ့ ပကစ စက်ရုံတွေကို အချိန်မီ သိမ်းပိုက်ရေးက ဘယ်လောက်အရေးတကြီးလိုအပ်နေသလဲ...

- ၂၀၂၅ မှာ စစ်ကောင်စီတပ် အရှိန်အဟုန်နဲ့ ဆက်ပြိုကျဖို့ ဘာတွေ ဆောင်ရွက်သင့်သလဲ...

- စစ်တပ်လော်ဘီတွေကိုယ်တိုင် နေပြည်တော်ကနေ ထွက်ပြေးဖို့ပြင်နေကြပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩
မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, December 29, 2024

ဂွမြို့ကို AA သိမ်းပိုက်... ကန့်ဘလူက ပျုစခန်း PDF သိမ်းပိုက်...


ဂွမြို့ကို AA သိမ်းပိုက်... ကန့်ဘလူက ပျုစခန်း PDF သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၃၀- ၁၂- ၂၀၂၄)

မြန်မာနိုင်ငံရဲ့ လက်ရှိ ပြည်တွင်းရေး အခင်းအကျင်း အဖြစ်အပျက်တွေကို စစ်ရေးဖြင့်ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲတန်းအသင့်ရှိတယ်လို့ AA- အာရက္ခတပ်တော်၊ ULA- ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံရဲ့ တက်ကြွသော ဦးဆောင်မှုအောက်မှာ နယ်စပ်ဒေသတည်ငြိမ်ရေး၊ အကြမ်းဖက်မှုပပျောက်ရေး၊ အွန်လိုင်းလောင်းကစားတိုက်ဖျက်ရေး စတဲ့ကိစ္စတွေအတွက်  ကိုးကန့်၊ တအာင်းအဖွဲ့အစည်းတွေနဲ့အတူ “ဟိုင်ဂင် သဘောတူညီချက်” ရတဲ့ အထိ တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်ခဲ့ဖူးတယ်လို့ AA က ဆိုထားပါတယ်။

ဒါ့အပြင် ဒေသအကျိုးဖြစ်ထွန်းစေပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုသည့် မည်သည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမဆို အသိအမှတ်ပြုကြိုဆိုပြီး ရင်းနှီးမြှုပ်နှံသူများရဲ့ လုံခြုံရေးနဲ့ အသက်အန္တရာယ်အား အထူးဂရု စိုက်ကာကွယ်သွားမည်၊ လာရောက် ရင်းနှီးမြှုပ်နှံထားသော စီမံကိန်းများဆက်လက် လည်ပတ်နိုင်ရေးအတွက် ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အပြင် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန်လည်း လို လားတယ်လို့ AA က ပြောပါတယ်။

တရုတ်ရဲ့ ဖိအားပေးမှုကြောင့် ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ MNDAA- ကိုးကန့်တပ်နဲ့TNLA- တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့က အပစ်ရပ်ဆွေးနွေးရေး ကြေညာချက်တွေ ထုတ်ပြီးတဲ့နောက်မှာ အခု နောက်ဆုံး AA ဖက်က အလားတူ ထုတ်ပြန်လာတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအစပ်မှာရှိတဲ့ ဂွမြို့ကို သိမ်းပိုက်တဲ့နေ့၊ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် ၃ မြို့မှအပ အခြားမြို့ကြီး ၁၅ မြို့ကို သိမ်းပိုက်ပြီးချိန်မှာ AA ရဲ့ အခုလို ဆွေးနွေးရေး ကြေညာချက် ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

ဒါ့အပြင်...

- ဂွ မြို့အခြေစိုက် ခမရ (၅၆၂) နဲ့ ခမရ (၅၆၃) တပ်ရင်းတို့ကို ဒီဇင်ဘာ ၂၉၊ မွန်းတည့် ၁၂ နာရီခန့်မှာ အလုံးစုံ သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ AA- သတင်းထုတ်ပြန်...

- ကန့်ဘလူမြို့နယ်၊ မြကန်သာရွာမှာ အင်အား ၆၀ ကျော်အခြေစိုက်ထားတဲ့ စစ်တပ်- ပျူစောထီး ပူးတွဲစခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ လက်နက် ၅ လက်နဲ့ သုံ့ပန်းတဦး ဖမ်းမိ...

- မုံရွာမြို့ နမခ - ဌာနချုပ်ကနေ ထွက်ပြေးလာတဲ့ စစ်သား ၂ ဦးကို လက်နက်တွေနဲ့အတူ ဖမ်းမိထားတယ်လို့ ချောင်းဦး -  PDF က သတင်းထုတ်ပြန်...

- ဘောလခဲမြို့မရဲစခန်းက ရဲတပ်သား ၂ ဦး လက်နက်နဲ့အတူ CDM လုပ်ပြီး တော်လှန်ရေးတပ်တွေထံ လာရောက်ပူးပေါင်း...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩
မှာလည်း ကြည့်ရှုနိုင်ပါသည်။

“စစ်တိုင်းဌာနချုပ် ၂ ခုနဲ့ တပ်ရင်း ၂၀၀ လောက်ပြုတ်ထွက်သွားတဲ့အချက်က စစ်တပ...


“စစ်တိုင်းဌာနချုပ် ၂ ခုနဲ့ တပ်ရင်း ၂၀၀ လောက်ပြုတ်ထွက်သွားတဲ့အချက်က စစ်တပ်ရဲ့ လက်ရှိအခြေအနေပါ”

- လင်းထက်အောင် (CDM - တပ်မတော်အရာရှိ)

(၂၉ -၁၂- ၂၀၂၄)

“ရမခ နဲ့ နပခ စစ်တိုင်းဌာနချုပ် ၂ ခုအပါဝင် တပ်ရင်း ၂၀၀ လောက်ပြုတ်ထွက်သွားတယ်၊ သေဆုံး၊ လက်နက်ချ သောင်းနဲ့ချီရှိတယ်ဆိုတဲ့အချက်က ဒီနေ့ စစ်တပ်ရဲ့ အခြေအနေမှန်ကို ပြသနေတာဖြစ်တယ်၊ တော်လှန်ရေးတပ်တွေက တဖြေးဖြေး အနိုင်ရလာပြီး စစ်တပ်က တဖြေးဖြေး ရှုံးနေတယ်” လို့ CDM- ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။

၂၀၂၄ အတွင်း စစ်တပ်အခြေအနေ ဘယ်လောက်အထိ ဆိုးခဲ့သလဲ၊ ၂၀၂၅ မှာကော ဘယ်လိုဖြစ်လာနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- စစ်ကောင်စီရဲ့ တပ်ရင်း ၂၀၀ လောက် တနှစ်အတွင်း ပြုတ်ထွက်သွားတာ ဘာကြောင့်လဲ...

- သေဆုံး၊ လက်နက်ချဦးရေက ဘယ်လောက်များနေပြီလဲ... ဘာကြောင့်လဲ...

- AA ရဲ့ ဗျုဟာနဲ့ တိုက်ခိုက်ရေးစွမ်းရည်က အားလုံးကို အံ့သြသွားစေသလား...

- စစ်ဌာနချုပ် ၂ ခုနဲ့ တပ်ရင်း ၂၀၀ ခန့် ပြုတ်သွားတာ တော်လှန်ရေးတပ်တွေ တော်လို့လား... စစ်တပ်က ညံ့လို့လား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(လာမယ့် ၂၀၂၅ မှာကော စစ်တပ်က အခုနှုန်းအတိုင်း ဆက်ပြိုဆင်းမှာလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩
မှာလည်း ကြည့်ရှုနိုင်ပါသည်။

Saturday, December 28, 2024

“၂၀၂၅ ဟာ မင်းအောင်လှိုင် ထွက်ပြေးရမယ့်နှစ် ဖြစ်လာနိုင်တယ်”


“၂၀၂၅ ဟာ မင်းအောင်လှိုင် ထွက်ပြေးရမယ့်နှစ် ဖြစ်လာနိုင်တယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၈- ၁၂- ၂၀၂၄)

“၂၀၂၄ မှာရခဲ့တဲ့ စစ်အရှိန်အတိုင်းသာ နွေဦးတော်လှန်ရေးကို အရှိန်မြှင့်သွားနိုင်ရင် လာမယ့် ၂၀၂၅ ဟာ စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင် ထွက်ပြေးရမယ်နှစ်ဖြစ်တယ်။ ဆီးရီးယားမှာ အာဆတ် ထွက်ပြေးရသလိုမျိုး မြန်မာမှာ မင်းအောင်လှိုင် ထွက်ပြေးရမှာဖြစ်တယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

မကြာခင် ကုန်ဆုံးတော့မယ့် ၂၀၂၄ အတွင်း စစ်ရေးအရ ထူးခြားချက်တွေ၊ လာမယ့် ၂၀၂၅ အတွက် မျှော်လင့်ချက်တွေအကြောင်း ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- AA က စစ်တွေကို သိမ်းဖို့ ပြင်နေပြီလား...

- AA က မကွေးနဲ့ ဧရာဝတီ၊ KIA က စစ်ကိုင်းတိုင်းဆီ ဝင်ရောက်ကူညီနိုင်ရေး မျှော်လင့်ချက်တွေ ၂၀၂၅ မှာ တကယ်ဖြစ်လာနိုင်သလား...

- ၂၀၂၄ မှာ စစ်ကောင်စီတပ်ရင်း ဘယ်လောက်များများ ပြုတ်ထွက်သွားသလဲ...

- ၂၀၂၅ မှာ မင်းအောင်လှိုင် ထွက်ပြေးရနိုင်တယ်လို့ ဘာကြောင့် ပြောနိုင်တာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More