https://youtu.be/HoLqH5gqxGY?si=58sGDhGRTRFJfeFf
“လေတပ်၊ ရေတပ်မှာ အားသာနေဆဲဆိုပေမယ့် ငပြိကျွန်းမှာ ဘယ်လိုဖြစ်ခဲ့သလဲ” - ဆလိုင်းယောအောင် (စစ်ရေးသတင်း လေ့လာသုံးသပ်သူ)
(၂၀ အောက်တိုဘာ ၂၀၂၆) “စစ်တပ်ဖက်က လေကြောင်းနဲ့ ရေကြောင်းမှာ အားသာနေဆဲဆိုပေမယ့် ငပြိကျွန်းမှာ ဘယ်လိုဖြစ်ခဲ့သလဲ၊ AA က ကြံ့ကြံ့ခံပြီး တဖြေးဖြေးရှေ့တိုးလာနေတာ တွေ့ရမှာဖြစ်တယ်” လို့ စစ်ရေးသတင်း လေ့လာသုံးသပ်သူ ဆလိုင်းယောအောင်က ပြောပါတယ်။ စစ်တွေ ဒကစ အနီးအထိ AA ထိုးစစ် ရောက်လာတဲ့အခြေအနေ၊ AA ထိုးစစ်နဲ့အတူ SCEF ကလည်း ဟန်ချက်ညီ ထိုးစစ်လုပ်ဖို့ လိုလေမလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - AA ရဲ့ စစ်တွေမြို့သိမ်း စစ်ဆင်ရေး နောက်ဆုံး တိုးတက်ဖြစ်ထွန်းမှု အခြေအနေ... - ငပြိကျွန်း စစ်ဆင်ရေးက ခေတ်သစ်စစ်ပွဲအတွက် လေ့လာစရာတခုလား... - စစ်တွေမှာ တိုက်ပွဲပြင်းထန်နေချိန် ရခိုင်-ဧရာဝတီ၊ ရခိုင်-ပဲခူး၊ ရခိုင်-မကွေး၊ ရခိုင်-ချင်း ဆက်စပ်ဒေသ စစ်ရေးအခြေနေ ဘာတွေထူးလာနိုင်သလဲ... - AA နဲ့ KIA ကို စစ်တပ်က ထိုးစစ်ဆင်နေချန်မှာ SCEF တပ်ပေါင်းစုက စစ်ရေးအရ ဟန်ချက်ညီအောင် ဘာတွေ ဆောင်ရွက်သင့်သလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။







0 comments:
Post a Comment