Monday, October 5, 2026

“ရခိုင်နဲ့ ချင်းတောင်ဖက်မှာ စစ်ရှိန်မြင့်လာမယ့် သဘောတွေ့နေရပါတယ်”

 https://youtu.be/fObXnaXx6pk?si=e5HVy7kWCce_gEPj

“ရခိုင်နဲ့ ချင်းတောင်ဖက်မှာ စစ်ရှိန်မြင့်လာမယ့် သဘောတွေ့နေရပါတယ်” - CDM ဗိုလ်ကြီးဇင်ယော် (စစ်ရေးသတင်း ဝေဖန်သုံးသပ်သူ)

(၅ အောက်တိုဘာ ၂၀၂၆) “ရခိုင်နဲ့ ချင်းတောင်ဖက်မှာ စစ်တပ်ရဲ့ထိုးစစ် စစ်ဦးကျိုးပြီး ပြန် ပြန်လန်ကျနေတဲ့အတွက် ပွင့်လင်းရာသီမှာ အဲဒီဖက်ကို အဓိကထား ထိုးနိုင်တယ်၊ အဲဒီဖက်မှာ စစ်ရှိန်မြင့်လာမယ့် သဘောတွေ့နေရပါတယ်” လို့ စစ်ရေးသတင်း ဝေဖန်သုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။ ရခိုင်၊ ချင်းတောင်နဲ့ မကွေးအစပ်မှာ စစ်တိုင်းအသစ်တခုထပ်ဖွင့်မယ်၊ ရှမ်းမြောက်က ရလခ ကို လွိုင်ကော်မြို့ဆီပြောင်းမယ်... စသဖြင့် ထွက်ပေါ်နေတဲ့ စစ်ရေးအရထူးခြားသတင်းတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ... - ရခိုင်၊ ချင်းတောင်နဲ့ မကွေးအစပ်မှာ စစ်တိုင်းအသစ်တခုဖွင့်ဖို့ ဘယ်လောက်ဖြစ်နိုင်ခြေရှိသလဲ... - ရှမ်းမြောက် ခိုလမ်က ရလခ ကို ဘာကြောင့် လွိုင်ကော်မြို့ဆီပြောင်းဖို့ ဖြစ်လာတာလဲ... - ရခိုင်နဲ့ ချင်းတောင်တိုက်ပွဲတွေမှာ စစ်တပ်ဖက်က စစ်ဦးကျိုးပြီး နောက်ပြန်လန်ကျနေတာ ဘာကြောင့်လဲ... - ပွင့်လင်းရာသီရောက်ရင်... ကရင်၊ ကရင်နီ၊ ကချင်၊ အညာဒေသ စစ်မျက်နှာတွေထက် ရခိုင်နဲ့ ချင်းတောင်ကို စစ်တပ်ဖက်က အလေးထား ထိုးစစ်ဆင်လာမယ်လို့ ဘာကြောင့်ပြောနေကြတာလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More